စာရေးဆရာ (Author)

သုတ၊ ရသ စသည့် လူထုအကျိုးပြု စာပေများ ရေးသားသူ

စာရေးဆရာတွေ အနေနဲ့ သုတ၊ ရသစာပေများ၊ ဆောင်းပါးများ၊ ဝတ္ထုများ စသည့် စာပေအမျိုးမျိုးတို့ကို ရေးသားပြုစုကြရပါတယ်။ စာရေးဆရာဆိုတဲ့ ကဏ္ဍမှာလည်း ပင်တိုင်ဆောင်းပါးရှင်၊ ဝတ္ထုစာရေးဆရာ၊ စီးပွားရေးဆိုင်ရာ စာရေးဆရာ၊ သုတ ရသစာရေးဆရာ၊ ပညာရေးဆိုင်ရာ စာရေးဆရာ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စာရေးဆရာ ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ စာရေးဆရာတွေ အနေနဲ့ လူထုအတွက် အကျိုးပြုစေမယ့် စာပေတွေကို မိမိတို့ရဲ့ ဗဟုသုတ၊ စေတနာ၊ အတွေ့အကြုံ၊ အတွေးအမြင်တွေ အရင်းခံပြီး ရေးသားကြတာ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

စာရေးဆရာတစ်ယောက်ဖြစ်လာနိုင်မယ့်လမ်းကြောင်း

စာရေးတာကိုတော့ ကိုယ့်ဝါသနာအလိုက် ဘယ်လိုအခြေအနေ၊ ဘယ်လိုအသက်အရွယ်မျိုးမှာမဆို ရေးသားနိုင်တာမို့ လမ်းကြောင်းကတော့ သတ်သတ်မှတ်မှတ်ရယ်လို့ မရှိပါဘူး။ ဒါပေမယ့် စာရေးဆရာတစ်ချို့ကတော့ မဂ္ဂဇင်းနဲ့ သတင်းစာတွေမှာ ဆောင်းပါးတိုလေးတွေ၊ ပုံပြင်တိုလေးတွေ၊ ဝတ္ထုတိုလေးတွေ ရေးရင်းနဲ့ စာပေလောကထဲကို ဝင်ရောက်လာတတ်ကြပါတယ်။ ဒါမှမဟုတ် online ပေါ်မှာ ကိုယ်တိုင်ရေး ဆောင်းပါးလေးတွေ၊ အတွေ့အကြုံ ဝေမျှတဲ့စာတွေ၊ ဝတ္ထုတွေလည်း ရေးသားနိုင်ပါသေးတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

စာရေးဆရာနဲ့ သက်ဆိုင်တဲ့ ကျောင်းမျိုးတော့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အဓိက အရေးကြီးဆုံး အချက်ကတော့ စာပေကို ချစ်မြတ်နိုးတဲ့သူ ဖြစ်ဖို့လိုပါတယ်။ စာရေးရတာအပြင် စာဖတ်ရတာကိုပါ နှစ်သက်သဘောကျဖို့ လိုအပ်ပြီး စိတ်ကူးစိတ်သန်းကောင်းတဲ့သူမျိုးဆို ပိုအဆင်ပြေပါတယ်။ ဒါ့အပြင် မြန်မာစာအရေးအသား ကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

စာရေးဆရာဖြစ်ဖို့ ဘာကျောင်းတက်ရမယ်လို့မရှိပါဘူး စာရေးဆရာတွေဟာ နယ်ပယ်စုံမှာရှိပါတယ် ဆရာဝန်စာရေးဆရာ ကျောင်းဆရာ စာရေးဆရာ ဇာတ်မင်းသား စာရေးဆရာ အမျိုးမျိုးပါပဲ ဒါပေမယ့် ကိုယ်က စာရေးဆရာလည်းဖြစ်ချင်တယ် အခြေအနေလည်းပေးတယ်ဆိုရင်တော့ ကိုယ်တက်ရောက်တဲ့တက္ကသိုလ်မှာ မြန်မာစာ အဓိကယူလို့ရပါတယ် မြန်မာစာပေကို မြန်မာတစ်ယောက်လေ့လာဖို့ဆိုတာ အရမ်းကြီးမခက်ခဲပါဘူး ကိုယ်သာတယ်စိတ်ဝင်စားရင် မြန်မာစာပေနဲ့ပတ်သတ်တဲ့ စာအုပ်တွေ ကိုယ်တိုင်လေ့လာလို့ရပါတယ် အဓိကကတောက မြန်မာစာပေ ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ တစိုက်မတ်မတ်လုပ်နေဖို့ပါပဲ အမြဲတမ်းကလောင်သွေးနေဖို့လိုပါတယ် ကုန်ကျစရိတ်ကတော့ စာရေးကိရိယာဖိုးရယ် စာအုပ်တွေ ဝယ်ယူစုဆောင်းနေဖို့လိုပါတယ် မအောင်မြင်ခင်စပ်ကြား ဘဝရပ်တည်ဖို့လည်း လိုပါတယ် စာရေးဆရာလုပ်မယ်ဆိုပြီး တခြားအလုပ်တွေအကုန်ထားခဲ့လို့မရပါဘူး အောင်မြင်ပြီးမှသာ စာကိုတစိုက်မတ်မတ် အချိန်ပေးပြီးရေးကျတာ များပါတယ်

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာဆိုပြီးတော့လည်း အတည်တကျရနေတာမျိုးမဟုတ်ပါဘူး ကိုယ့်စာမူကောင်းရင်ကောင်းသလို ကိုယ်နာမည်ကြီးရင်ကြီးသလို ညဏ်ပူဇော်ခတွေမြင့်လာမှာပါ စာပေဟောပြောပွဲတွေမှလည်း ဝင်ငွေရရှိနိုင်ပါတယ် သတင်းစာတိုက်တွေ ဂျာနယ်တွေ မဂ်ဂဇင်းတွေ စသည်ဖြင့် စာပေလုပ်ငန်းတွေမှာလည်း အယ်ဒီတာတွေ အမြဲတမ်းစာရေးဆရာတွေအနေနဲ့လည်း အတည်တကျ လစာတစ်ခုရနိုင်ပါတယ် အဓိကကတော့ ပြည်သူကလက်ခံတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ဖို့ပါပဲ

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

စာရေးခြင်းအတတ်နဲ့ပတ်သတ်တဲ့ အလုပ်တွေကတော့ အများကြီးပါ သုတရသစာပေတွေ ဝတ္ထုတို ဝတ္ထုရှည်တွေ စာစီစာကုံးရေးတာတွေ သတင်းရေးသားတင်ဆက်မှုတွေ ဝေဖန်အကြံပေးရေးသားတာတွေ စသည်ဖြင့် ကိုယ်တိုင်ရေးသားရတာတွေလည်းရှိသလို သူများရေးတာတွေကို တည်းဖြတ်ရတဲ့သူတွေ စာအုပ်ထုတ်ဝေရေးတွေ စသည်ဖြင့်လည်း လုပ်ကိုင်လို့ရပါတယ် နိုင်ငံတဝှမ်း စာပေဟောပြောပွဲတွေမှာလည်း စာပေဗဟုသုတတွေ မျှဝေလို့ရပါတယ် အောင်မြင်ပြီးနောက်မှာ ကိုယ်ပိုင်စာအုပ်တိုက်ထောင်တာမျိုး တက္ကသိုလ်တွေမှာ မြန်မာစာနဲ့ပတ်သတ်တဲ့ အသိပညာတွေ မြန်မာစာဆရာတစ်ယောက်နဲ့ပို့ချလို့လည်းရပါတယ် အရင်ဆုံးကတော့ ပြည်သူချစ် စာရေးဆရာတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ပါပဲ

အလုပ်ရဲ့ အနာဂတ်

ပညာတိုးတက်လာမှုနှင့်အတူ စာရေးသားတဲ့ပုံစံတွေဟာလည်း ပြောင်းလဲလာပါပြီ ပြည်သူလူထုအနေနဲ့လည်း စာအုပ်စာပေ နဲ့ ထိတွေ့ခွင့်ဟာ အရင်ကထက်လွယ်ကူလာပါပြီ သို့ပေမယ့် နည်းပညာတိုးတက်မှုနှင့်အတူ ပြည်သူလူထုရဲ့စာဖတ်နှုန်းတွေကျလာတာကတော့ အဓိကဖြေရှင်းရမည့် ပြဿနာပါပဲ အောင်မြင်လာဖို့လည်း လွယ်သလို ကျရှုံးသွားဖို့လည်း လွယ်ပါတယ် ချုံငုံကြည့်မယ်ဆိုရင်တော့ စာရေးဆရာအလုပ်ဆိုတာ အစားထိုးစရာမရှိသလို ပျော်ကွယ်သွားမယ့်အရာလည်း မဟုတ်ပါဘူး ရေးစရာတွေလည်း ကုန်သွားမှာမဟုတ်သလို ကမ္ဘာတစ်ဝန်းဖြန့်ကျက်ဖို့သာရှိပါတယ်

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

စာရေးဆရာတစ်ယောက်ချင်းဆီမှာတော့ သူတို့ကို တွန်းအားပေးတဲ့အရာတွေက သီးသန့်ရှိကျမှာပါ ဒါကေမယ့် ယေဘုယျအားဖြင့်တော့ မိမိရဲ့ မွေးရာပါ အထုံဝါသနာပါပဲ စာမရေးရရင်ကို မနေနိုင်တာပါ တွေ့နေမြင်နေရတာတွေကို မတူကွဲပြားစွာခံစားနိုင်မှုကလည်း တွန်းအားပေးနေတာပါပဲ စာရေးဆရာတော်တော်များဟာ နှလုံးလှသူတွေပါ ကိုယ်သိတာကို သူများတွေကို မျှဝေလိုတာ ကိုယ်ခံစားနေရတာတွေကို စကားလုံးတွေနဲ့ဖော်ပြလိုတာတွေက စာရေးဆရာအဓိကဖြစ်စေတာပါ မိမိနိုင်ငံသူ နိုင်ငံသားတွေကို ပိုကောင်းစေလိုတဲ့စိတ် ပိုတော်စေလိုတဲ့စိတ် ပိုတိုးတက်စေလိုတဲ့စိတ် ကလည်း စာတွေ ရေးနေဖို့ အမြဲတွန်းအားပေးနေမှာပါပဲ နိုင်ငံကိုချစ်တဲ့စိတ်ရဲ့ တွန်းအားပေးမှုကလည်း အတော်ကြီးမားပါတယ်

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ