ဒီနေ့မှာတော့Gakken သင်တန်းကျောင်းခွဲတစ်ခုဖြစ်တဲ့ Wai Za Yan Tar Learning Centre ကို တည်ထောင်ခဲ့ပြီး Center Owner ဖြစ်သူ ဆရာမ ဖြူသင်းခိုင်နဲ့ ကျွန်တော်တို့ Live The Dream အဖွဲ့သားတွေတွေ့ဆုံခဲ့ပါတယ်။ မိဘတွေဖြစ်စေချင်တဲ့အရာနှင့် ကိုယ်တကယ်လုပ်ချင်တဲ့အရာ မတူညီတဲ့အခါ ကျွန်တော်တို့လူငယ်တွေဟာ လွယ်လွယ်ကူကူပဲ လက်လျှော့တက်ကြပါတယ်။ ဒါပေမယ့် ဆရာမကတော့ ကိုယ်လုပ်ချင်တာတစ်ခုကို အခက်အခဲ အတားအဆီးတွေကြားထဲကနေ အောင်မြင်ဖြစ်မြောက်အောင် ဘယ်လိုကြိုးစားရုန်းကန်ပြီး ဘယ်လိုအားအင်တွေနဲ့ရှေ့ဆက်သွားခဲ့လည်းဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ဒီ interview video လေးကနေ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို ပြောင်းလဲမြှင့်တင်ဖို့ စိတ်အားထက်သန်ပြီး Franchising လုပ်ငန်းကို စိတ်ဝင်စားကြတဲ့ လူငယ်တွေအတွက်လည်း အတုယူစရာ့လမ်းကြောင်းတစ်ခု ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
[xyz-ips snippet=”share”]