ဒီတစ်ပတ်ရဲ့ ခယောင်းလမ်းမှ စတင်၍ အစီအစဉ်မှာတော့ ကျွန်တော်တို့ Live the Dream Media အဖွဲ့သားတွေက ကာတွန်းကားလေးတွေကနေ တစ်ဆင့် ဖြစ်တည်လာတဲ့ အိပ်မက်တစ်ခုကို လက်တွေ့ အကောင်အထည် ဖော်ရင်း အောင်မြင်မှုဆီ ရှေ့ဆက်လှမ်းနေတဲ့ Pencell Studio ပူးတွဲတည်ထောင်သူ Animator ကိုဉာဏ်ကျယ်စေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူ့အနာဂတ်ရည်မှန်းချက်ကို ရှာဖွေတွေ့ရှိခဲ့ပုံတွေ၊ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ကိုယ်တိုင်ဘယ်လိုဖန်တီးခဲ့တယ် ဆိုတာတွေ၊ အိပ်မက်ဆီ လျှောက်ရာ လမ်းတစ်လျှောက်ရဲ့ ခက်ခဲကြမ်းတမ်းခဲ့ပုံတွေနဲ့အတူ Animation ကို မရင်းနှီးသေးတဲ့ မြန်မာနိုင်ငံမှာ Animator တစ်ယောက်အနေနဲ့ ရပ်တည်ရုန်းကန်ခဲ့ရပုံတွေကို အချိန်တိုလေးအတွင်းမှာ မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးကနေ ပုံဆွဲခြင်း အတတ်ကို ဝါသနာထုံပြီး Animation ကို စိတ်ဝင်စားတဲ့ လူငယ်လေးတွေအနေနဲ့ Animator တစ်ယောက်ရဲ့ လှုပ်ရှားရုန်းကန်မှုတွေအပြင် Animation ပညာရပ် အကြောင်းကိုပါ သိရှိရမှာ ဖြစ်လို့ ပေးလိုက်ရတဲ့ မိနစ်ပိုင်းလေးက တန်ဖိုးရှိစေမှာကိုတော့ အာမခံပါတယ်ခင်ဗျာ။
[xyz-ips snippet=”share”]