ဗိသုကာပညာရှင် တစ်ယောက်ဆိုတာ

ဗိသုကာပညာရှင် အလုပ်ဆိုတာ

ဗိသုကာပညာရပ်ဆိုတာ လူတွေအတွက်ဘေးကင်းလုံခြုံစွာနေထိုင်နိုင်အောင် လူနေအိမ်များ၊ အဆောက်အဦးများ၊ လမ်းတံတားများ ဆောက်လုပ်ရေးမှာ ဒီဇိုင်းဆွဲခြင်း အပြင် ဆောက်လုပ်တဲ့အခါမှာလည်း ဒီဇိုင်းကိုက်ညီမှုရှိမရှိကိုလည်းကောင်း စစ်ဆေးလုပ်ဆောင်ရတဲ့ ပညာတစ်ခုဖြစ်ပါတယ်။

စားရေး၊ ဝတ်ရေး၊ နေရေး စတဲ့ လူတွေရဲ့လိုအပ်ချက်များထဲက နေရေး ဆိုတာကလည်း အရေးကြီးလှတဲ့အရာတစ်ခုဖြစ်ပါတယ်။ အသက်၊ စည်းစိမ် လုံခြုံဘေးကင်းစွာနေထိုင်နုိင်ဖို့ဆိုတာကလည်း လူနေအိမ်များ၊ အဆောက်အဦးများကို ခိုင်ခိုင်ခံ့ခံ့၊ သက်တောင့်သက်သာဖြစ်အောင် ဒီဇိုင်းဆွဲ ဦးဆောင်တည်ဆောက်ပေးတဲ့ ဗိသုကာပညာရှင် (Architect) များရဲ့ ကျေးဇူးကြောင့်ဆိုတာလည်း မမှားပါဘူး။ ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေဖို့ဆိုတာကလည်း Architect လိုပညာရှင် နဲ့ အခြားသော ဆောက်လုပ်ရေးပညာရှင်များက မရှိမဖြစ်လိုအပ်တဲ့သူတွေပါပဲ။ နိုင်ငံတစ်နိုင်ငံရဲ့ ပြယုဒ်ဖြစ်တဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ စေတီပုထိုးများအတွက်လည်း ဗိသုကာပညာရှင်များရဲ့ အခန်းကဏ္ဍကလည်းအဓိကဖြစ်ပါတယ်။

ဗိသုကာပညာရှင်တိုင်းက ဗိသုကာအလုပ်ကို လုပ်နေတယ်လို့ မပြောကြပဲ Practice Architecture ဗိသုကာပညာလေ့ကျင့်တယ်လို့သာပြောကြပါတယ်။ ဗိသုကာပညာအလုပ်လုပ်တယ်ဆိုတဲ့ စကားက ဗိသုကာပညာကို မလေးစာရာရောက်သလိုဖြစ်လို့ ဗိသုကာ ပညာရှင်တွေက အလုပ်ကို ဘယ်လောက်မြတ်နိုးလဲဆိုတာကို သိနိုင်ပါတယ်။ ဗိသုကာ ပညာရှင်တစ်ယောက်အနေနဲ့ မိမိကိုယ်ကိုယ်ကြော်ငြာခြင်းလည်းမပြုလုပ်ရသလို၊ လုပ်ငန်း project ရဖို့အတွက် ကိုယ်ဘယ်လောက်ကျွမ်းကျင်လည်းဆိုတာကြော်ငြာပြီး မြူဆွယ်တာမျိုးမလုပ်ရဘူးဆိုတာကိုလည်း ဥပဒေမှပြဌာန်းထားပါတယ်။ ဒါ့ကြောင့် လူအများလုံခြုံစေရန်၊ အဆောက်အဦးများခိုင်ခံစေရန်၊ အဆောက်အဦးဒီဇိုင်းလှပစေရန် စတဲ့ တာဝန်တွေနဲ့အညီ ဗိသုကာပညာရှင်များက ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်သလို မိမိတို့တတ်ထားတဲ့ပညာကို ချစ်မြတ်နိုးပြီး နိုင်ငံကို ဂုဏ်ရှိစေတဲ့ လူတွေဆိုလည်းမမှားပါဘူး။

ကျောင်းရှာရန်

လမ်းကြောင်း

ဗိသုကာပညာရှင်  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ဗိသုကာပညာကို လေ့လာနိုင်မယ့်ကျောင်းများ မြန်မာနိုင်ငံမှာ အများအပြားရှိလို့ အစိုးရကျောင်းတက်မလား ဒါမှမဟုတ် အပြင်ပုဂ္ဂလိက ကျောင်းတက်မှာလား? စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မြန်မာနိုင်ငံ အစိုးရတက္ကသိုလ်တွေမှာတော့ အမှတ်ပေးစနစ်နဲ့ ဝင်ခွင့်ကို စီစစ် ဆုံးဖြတ်ကြတဲ့အလျောက် တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ အမှတ်ရရှိမှု စံနှုန်းက ကဏ္ဍတစ်ရပ် အနေနဲ့ အရေးပါလာပါတယ်။ ပြီးတော့ Architecture မေဂျာကို တစ်ချို့သော နည်းပညာတက္ကသိုလ်တွေမှာပဲ သင်ကြားနိုင်တာက ဝမ်းနည်းစရာတစ်ခုပါ။ သို့ပေမဲ့ Architecture နဲ့လုံးဝသက်ဆိုင်တဲ့ Civil မေဂျာကိုတော့ နည်းပညာတက္ကသိုလ်ကျောင်းတိုင်းမှာ တက်ရောက်သင်ကြားနိုင်ပါတယ်။ အစိုးရတက္ကသိုလ်တွေအတွက်ကတော့ (၅)နှစ်မှ (၆) နှစ်အထိတက်ရောက်ရမှာဖြစ်ပြီး Civil မေဂျာအတွက် Bachelor of Engineering ဘွဲ့နဲ့ Architecture မေဂျာအတွက် Bachelor of Architecture ဘွဲ့ရရှိမှာဖြစ်ပါတယ်။ တက္ကသိုလ်တက်ဖို့ အမှတ်မမှီတာပဲဖြစ်ဖြစ်၊ (၅)နှစ် (၆)နှစ် အချိန်ပေးပြီးမတက်ချင်ရင်ပဲဖြစ်ဖြစ် နိုင်ငံခြားတက္ကသိုလ်များနဲ့ ချိတ်ဆက်သင်ကြားပေးတဲ့ STI Myanmar University လို အပြင်သင်တန်းကျောင်းမျိုးရှိတဲ့အတွက် Architecture ဖြစ်ဖို့ အိမ်မက်မက်လို့ရပါသေးတယ်။ Architecture ပညာအခြေခံမရှိသူများအနေနဲ့ (၃)နှစ်နဲ့ (၈)လခန့် တက်ရောက်သင်ကြားရမှာဖြစ်ပြီး BEng(Hons) ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ Civil မေဂျာနဲ့ကျောင်းပြီးထားသူများအနေနဲ့ ထိုကဲ့သို့ ဘွဲ့မျိုးအတွက် တက်ရောက်သင်ကြားချင်တယ်ဆိုရင်တော့ တက္ကသိုလ်တက်ခဲ့စဉ်က ရရှိခဲ့တဲ့ရမှတ်တွေနဲ့ အကဲဖြတ်မှာဖြစ်ပြီး သင့်တော်တဲ့စာသင်နှစ်မှာ တက်ရောက်သင်ကြားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Architecture နဲ့သက်ဆိုင်တဲ့ Drawing, Design သင်တန်း များကိုတက်ရောက်ပြီး လက်တွေ့လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် Architecture တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ဗိသုကာပညာရှင်တစ်ယောက်ရဲ့အလုပ်က လူတွေအတွက် လုံခြုံဖို့ သက်တောင့်သက်သာရှိဖို့အတွက်သာမက အဆောက်အအုံများကို ခိုင်ခံစေဖို့၊ ကောင်းမွန်စွာအသုံးပြုနိုင်ဖို့၊ လှပဖို့အတွက် လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာ ကိုယ်တိုင် အဆောက်အအုံဆောက်လုပ်ခြင်းများမှာစိတ်ပါဝင်စားပြီး ဒီဇိုင်းဆွဲခြင်းများ၊ အဆောက်အအုံများအတွက် တိကျတဲ့တွက်ချက်မှုများနဲ့အတူ အႏုပညာအျမင်ရှိသူများနဲ့သင့်တော်ပါတယ်။ ဗိသုကာပညာရပ်နယ်ပယ်မှာ တတ်ကိုတတ်မြောက်ထားရမယ့်အရာက ပုံဆွဲခြင်းဖြစ်ပါတယ်။ ဆောက်လုပ်ချင်တဲ့အဆောက်အဦးရဲ့ပုံစံကို Drawing နဲ့ ပုံဖော်ရမှာဖြစ်ပြီး အဆောက်အအုံအတွက် ထည့်ချင်တဲ့ Facilities များကို Drawing နဲ့သာဖော်ပြရမှာဖြစ်လို့ Design Drawing ရေးဆွဲတတ်ဖို့က အရေးကြီးဆုံးအရာတစ်ခုပါပဲ။ Autocad,Revit,Sketch up အစရှိတဲ့ ဆော့ဖ်ဝ်များနဲ့ ကွန်ပြူတာကို အသုံးပြု ပြီးရေးဆွဲရတာဖြစ်လို့နည်းပညာလိုက်စားမှုကလည်းအရေးကြီးလှပါတယ်။ ဒါ့အပြင် ဗိသုကာပညာဆိုတာ အနုပညာဆန်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဗိသုကာလက်ရာက နေရာတစ်နေရာနဲ့ တစ်နေရာ ရဲ့ ယဉ်ကျေးမှုအပေါ်မူတည်ပြီးကွဲြပားတာဖြစ်လို့ ဘယ်လိုနေရာမှာ ဘယ်လို ဒီဇိုင်းမျိုးဖြစ်သင့်လဲဆိုတဲ့ အသိပညာရရှိဖို့ ဒေသအသီးသီးက Architectural History ကို လေ့လာရမှာဖြစ်ပါတယ်။ ခောတ်မှီအဆောက်အဦးများတည်ေဆာက်နိုင်ဖို့အတွက်လည်း အခြားနိုင်ငံမှ ခောတ်သစ်အဆောက်အဦး Funtionality များကိုလည်းလေ့လာရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထားက အဆောက်အဦးတစ်ခုတည်ဆောက်တဲ့အခါ အရေးပါဖြစ်လို့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလိုအပ်ချက်များကို သိရှိထားဖို့လည်းလိုအပ်ပါသေးတယ်။ Architect တစ်ယောက်အနေနဲ့ အဆောက်အအုံ တည်ဆောက်တဲ့ လုပ်ငန်းတွေကို ပိုင်ရှင်များနဲ့အတူ တခြားသောပညာရှင်များနဲ့ လက်တွဲလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ပူးပေါင်းလုပ်ဆောင်ပြီး ညှိနှိုင်းလုပ်ဆောင်တတ်ဖို့လည်းအရေးပါလှပါတယ်။

ပညာအရည်အချင်း

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အစိုးရတက္ကသိုလ်ကျောင်းတက်မယ်ဆိုရင်တော့ ပညာသင်စရိတ်အနေနဲ့ ကုန်ကျစရိတ် မများသော်လည်း အဆောင်နေစရိတ် စားစရိတ်ဆိုတာလည်းရှိသေးတာေကြာင့် ကုန်ကျစရိတ်ကို ခန့်မှန်းရခက်ပါတယ်။ Civil မေဂျာနဲ့ကျေင်းပြီးသူများက အပြင် ဒီဇိုင်းသင်တန်း၊ Architecture Drawing သင်တန်းများမှာ ထပ်မံတက်ရောက်သင်ကြားရမှာဖြစ်ပါတယ်။ ဒီအတွက်သင်တန်းကြေးများက (၂)သိန်းမှ (၂)သိန်းခွဲအထိကျသင့်ပြီး (၂)လမှ (၃)လအထိကြာမြင့်နိုင်ပါတယ်။ အပြင်တက္ကသိုလ်များမှာတော့ နိုင်ငံခြားတက္ကသိုလ်နဲ့ချိတ်ဆက်သင်ကြားတာဖြစ်လို့ သင်တန်းကြေးကို ဒေါ်လာငွေပေးပြီးတက်ရတာဖြစ်ပါတယ်။ STI Myanmar University မှာတော့ (၃နှစ် ၈လ စာအတွက်) ဒေါ်လာ(၂၅၀၀၀)ကို ၂လခြားတစ်ခါ ဆယ့်နှစ်ကြိမ်အရစ်ကျနဲ့ ပေးတက်ရမှာဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ဗိသုကာပညာရပ်ဖြင့်အသက်မွေးလိုသူများအနေနဲ့ ကိုယ်ပိုင်ရပ်တည်လို့ရနိုင်သလို ကုမ္ပဏီများမှာလည်း ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ကုမ္ပဏီများမှာ ဝင်ရောက်လုပ်ကိုင်သူများအနေနဲ့ အတွေ့အကြုံရှိရင်ရှိသလို လစာ (၅) သိန်းမှ (၁၀)သိန်းကျော်ပတ်ဝန်းကျင်အထိရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သီးသန့်ရပ်တည်တဲ့ သူများအနေနဲ့ ရတဲ့ Project ကြီးရင်ကြီးသလို သိန်းရာနဲ့ချီ ရရှိနိုင်တဲ့ အလုပ်ဖြစ်လို့ လစာနဲ့ဝင်ငွေပိုင်းမှာတော့ ပြောစရာမလိုလောက်အောင်ကောင်းလှပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ဗိသုကာပညာရှင်တစ်ယောက်အနေနဲ့လုပ်ရတဲ့ နယ်ပယ်ကကျယ်ပြန့်လှပါတယ်။ အဆောက်အဦးဆောက်ခြင်းများ၊ လမ်းတံတားခင်းခြင်းများ၊ စေတီပုထိုးတည်ခြင်းများ အစရှိသဖြင့် လိုက်စားနိုင်တဲ့နယ်ပယ်အလိုက် တွင်တွင်ကျယ်ကျယ်လုပ်နိုင်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများသာမက ယခုအခါ နိုင်ငံခြားဆောက်လုပ်ရေးကုမ္ပဏီများလည်းဝင်ရောက်လာပြီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးကုမ္ပဏီများမှာ Architect တစ်ယောက်အနေဖြစ်သော်လည်းကောင်း၊ Drafter တစ်ယောက်အနေဖြင့်သော်လည်းကောင်း အတွေ့အကြုံရှိရင်ရှိသလို ဝင်ငွေကောင်းကောင်းရနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရဆောက်လုပ်ရေးဌာနများမှာလည်း နိုင်ငံဝန်ထမ်းအဖြစ်ထမ်းဆောင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

စီးပွားရေးမှာ တိုးတက်နေတဲ့ နိုင်ငံများရဲ့ မြင့်မားလှတဲ့ တိုက်တာအဆောက်အဦးများနဲ့၊ သပ်ရပ်လှပတဲ့ မြို့ပြရဲ့ ပုံရိပ်တွေက တကယ့်ကို နေချင်စရာ ဖြစ်ရတာတော့အမှန်ပါပဲ။ မြန်မာနိုင်ငံအနေနဲ့လည်း အရွေ့တစ်ခုကို သွားနေတဲ့အတွက် ဒီလို အဆောက်အအုံလှလှလေးတွေနဲ့ မိုးမျှော်တိုက်တာတွေ၊ သပ်သပ်ဖြစ်နေတဲ့ အိမ်လေးတွေကို မြင်ရမယ်ဆိုတာ ယုံကြည်နေပါတယ်။ ဒါတွေကို ဖန်တီးနိုင်တာကလည်း ဗိသုကာပညာရှင်တွေပဲဖြစ်ပါတယ္။ အရင်ခေတ်ကလို အိမ်ဆိုပြီးရောဆိုတဲ့အတွေးကနေ ခိုင်ခံ့ဖို့ သက်တောင့်သက်သာရှိဖို့၊ လှပဖို့အတွက်ကိုပါ ထည့်စဉ်းစားတတ်လာတဲ့အတွက် ဗိသုကာပညာရှင်များရဲ့အလုပ်အကိုင်အနာဂတ်က အခုအချိန်မှာရှင်သန်ရပ်တည်နိုင်ပါပြီ။ နောင်လမယ့်အချိန်များမှာတော့ ဒီထက်ပိုမိုတိုးတက်မယ့်နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတွေ အလိုက် ဗိသုကာပညာရပ်ရဲ့ အနာဂတ်ကဆက်လက်ကောင်းမွန်မယ်ဆိုတာ သက်သေပြစရာမလိုအောင် မှန်ကန်တဲ့အရာတစ်ခုဖြစ်ပါတယ္။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ