လေယာဉ်မှူး (Pilot)

ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နေ့တိုင်း ထောင်ပေါင်းများစွာသော ခရီးသည်တွေကို မြန်မြန်ဆန်ဆန်နဲ့ဘေးကင်းလုံခြုံစွာပို့ဆောင်ပေးနေရတာ Pilot တွေပါပဲ

Pilot အကြောင်းစပြောရမယ်ဆိုရင် လေယာဉ်ပျံစတင်တီထွင်ခဲ့တဲ့ Wright brothers ကို မေ့လို့မရပါဘူး
သူတို့ကြောင့်ပဲ ၂၁ ရာစုမှာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာလို သွားရလာရလွယ်ကူစေပါတယ်
ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နေ့တိုင်း ထောင်ပေါင်းများစွာသော ခရီးသည်တွေကို မြန်မြန်ဆန်ဆန်နဲ့ဘေးကင်းလုံခြုံစွာပို့ဆောင်ပေးနေရတာ Pilot တွေပါပဲ

ကျောင်းရှာရန်

လမ်းကြောင်း

လေယာဉ်မှူး ဖြစ်ဖို့လမ်းကြောင်း

Create own opportunities ဆိုတဲ့အတိုင်း လမ်းကြောင်းဆိုတာကတော့ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ် တချို့တွေက မိဘကလည်း တတ်နိုင်တော့ နာမည်ကြီး Pilot ကျောင်းတွေ ဘာတွေတက်ပြီး ငယ်ငယ်လေးနဲ့ပဲ Pilot ဖြစ်ကျပါတယ် ပုံမှန်လူတွေအတွက်တော့pilot မဖြစ်ခင် လေယာဉ်မောင်၊ လေယာဉ်မယ် စတဲ့ လေကြောင်းနဲ့ဆိုင်တဲ့ အလုပ်တစ်ခုခုကို ကြားခံအနေနဲ့ လုပ် ပိုက်ဆံစု အတွေ့အကြုံယူ ပြီးမှ Pilot သင်တန်းကျောင်းတွေကို တက်ကျပါတယ် အသက်တော့ နည်းနည်းကြီးသွားပေမယ့် ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့ လမ်းကြောင်းတော့ရှိပါတယ်

Bachelor’s degree ဘွဲ့တစ်ခုကတော့ လိုပါတယ် ဘယ်ဘွဲ့ပဲဖြစ်ဖြစ် ရပါတယ် လေကြောင်းနဲ့ဆိုင်တဲ့ ဘွဲ့ဆိုရင်တော့ပိုကောင်းပါတယ်
Aircraft operations, aviation, aeronautical engineering စသည်ဖြင့် လေကြောင်းနဲ့ဆိုင်တဲ့ ဘွဲ့တွေက အများကြီးပါပဲ
Commercial pilot’s license; instrument rating certification or airline transport pilot certification စတဲ့ သင်တန်းကျောင်းတွေကနေ ပေးတဲ့ certificate တွေ license တွေ ရရင်တော့ အကောင်းဆုံးပါ၊ လိုလည်းလိုပါတယ်

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Pilot ဖြစ်ဖို့ဆိုတာ လွယ်တာတော့မဟုတ်ပါဘူး
မြန်မာနိုင်ငံမှာလည်းအခုဆို pilot ကျောင်းရှိပါပြီ
Myanmar Aviation Academy မှာတက်လို့ရပါပြီ ဆယ်တန်းပြီးတာနှင့်တက်လို့ရပါပြီ
Private Pilot License (PPL) course, Commercial Pilot License (CPL) course..
စသည်ဖြင့် သင်ယူလို့ရပါတယ်
တခြားနိုင်ငံတွေမှာလည်း တက်လို့ရပါတယ် အကုန်အကျတော့များပါလိမ့်မည်
ကိုယ်က ဘာဘွဲ့ပဲ ရထားထား ကျောင်းပြီးမှ pilot လမ်းကြောင်းကို ပြောင်းလို့ရပါတယ်
သင်တန်းတွေ trainingတွေ တခြားနိုင်ငံတွေမှာ အများကြီးရှိပါတယ်
Myanmar Aerospace Engineering University (မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်)
တော့ရှိပါတယ် ဒါပေမယ့် အဲ့ဒါကတော့ Pilot နဲ့သက်ဆိုင်တဲ့ course တောမ့ပေးပါဘူး engineering ဘက်ကပါ

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အဓိကကတော့ physics နဲ့ maths သဘောတရားတွေ ကျွမ်းကျင်ပိုင်နိုင်ရပါမည်
လေယာဉ်ပျံတစ်စင်း ဘယ်လိုဖြစ်လာလည်း လေယာဉ်နဲ့ပတ်သတ်ပြီး သိထားရပါမည်
Spatial Intelligence(နေရာတွေနှင့်ပတ်သတ်ပြီး မှတ်နိုင်စွမ်းရှိတဲ့ညဏ်) ကောင်းဖို့လိုပါတယ်(online မှာ spatial intelligence စစ်ကြည့်လို့ရပါတယ်)
ပေါင်သင်းဆက်ဆံရေး ကောင်းမွန်ရပါမယ်
အဖွဲ့အစည်းနဲ့လုပ်ဆောင်နိုင်စွမ်း ကောင်းကောင်းရှိရပါမယ်
ဆုံးဖြတ်ချ မြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန် ချမှတ်နိုင်တဲ့ ဆုံးဖြတ်နိုင်မှူစွမ်းရည်မြင့်ရပါမည်
မိမိကိုယ်ကို ယုံကြည်မှု ၊ စည်းကမ်းကျနမှု ၊ ခေါင်းဆောင်မှု ၊ တာဝန်ယူမှု တာဝန်ခံမှု စတာတွေလည်း လိုအပ်ပါတယ်

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ဘယ်လောက်ကုန်သလည်းဆိုတာကတော့ တက်တဲ့ကျောင်းတွေပေါ်မူတည်ပါတယ် ပျမ်းမျှဆိုရင်တော့ သိန်း ၇၁၀ ကျော် ကနေ သိန်း ၂၁၀၀ ကျော် လောက်အထိ ကုန်နိုင်ပါတယ် လွယ်တော့မလွယ်ပါဘူး ကိုယ်တကယ်လိုချင်ရင်တော့ ကြိုးစားသင့်ပါတယ် pilot ဆိုတဲ့ ဂုဏ်ကလည်းနည်းမှမနည်းတာ

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ပျမ်းမျှဆိုရင်တော့ pilot တစ်ယောက်ဟာ တစ်နှစ်ကို ဒေါ်လာ ၆၅၀၀၀ ဝန်းကျင် ရကြပါတယ်
အတွေ့အကြုံများတဲ့ဝါရင့် pilot တွေဆိုရင်တော့ ဒေါ်လာ ၁၂၉၀၀၀ လောက်ထိရနိုင်ပါတယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ပထမဆုံးကတော့ မြန်မာနိုင်ငံ လေကြောင်းလိုင်းတွေမှာ အလုပ်ဝင်လို့ရပါတယ် အလုပ်ဝင်ရင်းနဲ့ နောက်ထပ်ပိုကောင်းတဲ့ သင်တန်းကျောင်းတွေ နိုင်ငံတွေမှာ ထပ်ပြီး သင်ယူလေ့လာရင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေ ကမ္ဘာ့ အကြီးဆုံး လေကြောင်းလိုင်းတွေမှာ အောင်မြင်သော pilot တစ်ယောက်ဖြစ်နိုင်ပါတယ် ဥပမာ American Airlines Group, Lufthansa , ANA ( All Nippon Airways) စတာတွေမှာ လုပ်လို့ရနိုင်ပါတယ်

အလုပ်ရဲ့အနာဂတ်

Pilot တစ်ယောက်ဖြစ်ဖို့ဆိုတာ ဈေးကြီးလွန်းတာရယ် အရည်အချင်းလိုအပ်ချက်များလွန်းတာရယ်ကြောင့် အခုနောက်ပိုင်းမှာ လေယာဉ်တွေသာ ပေါလာပြီး pilot တွေက ရှားလာပါတယ် ကမ္ဘတစ်ဝှမ်းမှာ pilot တွေ ပိုပြီးလိုအပ်လာပါပြီ နိုင်ငံတကာ လေကြောင်းလိုင်းတွေအနေနဲ့လည်း pilot ရှားပါးမှူအတွက် scholar ပေးတာမျိုး စာချုပ်နဲ့လေ့ကျင့်ပေးတာမျိုးတွေလုပ်လာပါလိမ့်မယ်

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ကိုယ့်ရဲ့ satisfaction ဆိုတာ ကတော့ ကိုယ်နဲ့ပဲဆိုင်ပါတယ် ဘယ်အလုပ်မဆို ကိုယ်သာ တကယ်ရူးသွပ်မှူရှိနေရင် ပျော်စရာကြီးပါ ကိုယ်လိုချင်တဲ့ အရာတွေ ကိုယ့်ရဲ့ life value တွေနဲ့ ချိန်ကိုက်ပြီးလုပ်ခဲ့ရင် ကိုယ်လုပ်သမျှအလုပ်တိုင်းက စိတ်ကျေနပ်စရာ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ