ကြက်တောင်ရိုက်အားကစားသမား တစ်ယောက်ဆိုတာ

ကြက်တောင်ရိုက်အားကစားသမား  ဆိုတာ

ယခုခေတ်မှာတော့ မြန်မာနိုင်ငံရဲ့ အားကစားကဏ္ဍတွေမှာ တိုးတက်မှုတွေတွေ့ရသလို နိုင်ငံဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာတာကို ဝမ်းသာအားရမြင်တွေ့နေရပြီဖြစ်ပါတယ်။ ဒီလိုအားကစားထဲက ကြက်တောင်ရိုက်အားကစားလည်းအပါအဝင်ဖြစ်ပါတယ်။

အားကစားဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူနေမှုအဆင့်အတန်းကို ပြသနိုင်တဲ့ ပြယုဒ်တစ်ခုဖြစ်သည်နှင့်အညီ ကြက်တောင်ရိုက်အားကစားသမားတွေအနေနဲ့လည်း နိုင်ငံ့ဂုဏ်ဆောင်နေတဲ့သူတွေအထဲပါဝင်ပါတယ်။ ဒါပေမယ့်နိုင်ငံဂုဏ်ဆောင် Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူလှတာတော့မဟုတ်ပါဘူး။ ကြက်တောင်အားကစားနည်းကိုအခြေခံကစ လေ့ကျင့်ရင်း ကျွမ်းကျင်တတ်မြောက်တဲ့အထိ ဇွဲလုံ့လအပြည့်နဲ့ကြိုးစားရပါတယ်။လှုပ်လှုပ်ရှားရှားသွက်သွက်လက်လက် ယှဉ်ပြိုင်ကစားရတဲ့ ကစားနည်းဖြစ်တာကြောင့် ကြက်တောင်အားကစားသမားတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ကြံခိုင်ဖို့၊ သွက်လက်ဖို့၊ အမောဒဏ်တွေ၊ ပင်ပန်းဒဏ်တွေကို သည်းခံနိုင်ဖို့အတွက် ကြက်တောင်နည်းပြများ ဆရာများရဲ့ စနစ်တကျညွှန်ကြားသင်ကြားမှုနဲ့ နေ့စဉ်လေ့ကျင့်ရေးအစီအစဉ်တွေကို လိုက်နာလုပ်ဆောင်ရပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစားအသောက်ပိုင်းဆိုင်ရာမှာလည်း စနစ်တကျအစားအသောက်အစီအစဉ်များနဲ့ စားသုံးရပါတယ် (စားချင်တာစားလို့မရဘူးနော်)။ ပြိုင်ပွဲကို အနိုင်ရဖို့ ယှဉ်ပြိုင်ရမယ့် နည်းဗျူဟာများကို လည်း အမြဲလေ့လာရပြီး ရိုက်ချက်တိုင်းအမှတ်ရစေဖို့ ပြင်ဆင်လေ့ကျင့်မှုများစွာကို လုပ်ဆောင်ရပါတယ်။ ကြက်တောင်ရိုက်အားကစားသမားတစ်ယောက်ဖြစ်ဖို့ ပေးဆပ်မှုတွေက ကြီးမားသလို ဝမ်းနည်းစရာတစ်ခုကတော့ မြန်မာနိုင်ငံမှာ ကြက်တောင်အားကစားအတွက် အရင်းအမြစ်နဲ့ထောက်ပံ့မှုတွေအားနည်းနေသေးတာကြောင့် နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ အတွက်ဆိုတာကလည်း ကြက်တောင်အားကစားသမားတွေအတွက် စိန်ခေါ်မှုကြီးမားလှပါတယ်။ ဒါ့ကြောင့်ချုံငုံပြောရမယ်ဆိုရင်တော့ ကြက်တောင်အားကစားသမားဆိုတာက မိမိ ဝါသနာပါတဲ့ ကြက်တောင်အားကစားကို လေးစားပြီး မိမိအကျိုးမကြည့်ပဲ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့ ရှိတဲ့အရင်းအမြစ်နဲ့ကြိုးစားနေရသူတွေဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

ကြက်တောင်ရိုက်အားကစားသမား  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ကြက်တောင်ရိုက်အားကစားကို ဝါသနာပါလို့ စိတ်အားထက်သန်လို့ Professional ကစား သမားတစ်ယောက်အထိဖြစ်ချင်ရင်တော့ အရင် ဆုံးကိုယ်နဲ့ Level တူတဲ့သူများနဲ့ စတင်လေ့ကျင့်သွားရမှာဖြစ်ပါတယ်။ ကြက်တောင်ရိုက်အားကစားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ နားလည်ဖို့လိုအပ်တာကြောင့် ဘယ်လိုကစားရမလဲ? ဘယ်လို နည်းဗျူဟာတွေရှိလဲဆိုတာကို စနစ်တကျသင်ကြားဖို့လိုပါတယ်။ ဒီအတွက် ကိုယ့်တက်တဲ့ အထက်တန်းကျောင်းဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းတွေမှာပဲဖြစ်ဖြစ် အားကစားနဲ့ပတ်သက်တဲ့ ဆရာဆရာမများထံမှာ အကူအညီတောင်းခံရမှာဖြစ်သလို မြို့နယ်အလိုက်၊တိုင်းအလိုက် ဖွင့်လှစ်ထားတဲ့ အားကစားရုံတွေ မှာရှိတဲ့ ကြက်တောင်အားကစားနည်းပြများနဲ့ သွားရောက်သင်ကြားရမှာဖြစ်ပါတယ်။ ကြက်တောင်ရိုက်အားကစားသမားတစ်ယောက်အနေနဲ့ အမြဲတစေ လေ့ကျင့်နေရမှာဖြစ်ပြီး ပြိုင်ပွဲအတွေ့အကြုံအတွက် ကျောင်းတွင်းပြိုင်ပွဲများ၊ မြို့နယ်၊ တိုင်းပြိုင်ပွဲများမှာ အသင်းလိုက်သော်လည်းကောင်း၊ တစ်ယောက်ချင်းသော်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ါ့အပြင် ကြက်တောင်အဖွဲ့အစည်းတွေကနေ ဖွင့်လှစ်ထားတဲ့ သင်တန်းများ၊ အားကစား Club များမှာလည်း တစ်ခြားသော ကျွမ်းကျင်နည်းပြများ ကစားဖော်များနဲ့ လေ့ကျင်သင်ကြားနိုင်ပါတယ်( စိတ်ဝင်စားလို့ Join ချင်ရင်တော့ ကြက်တောင် club တွေကို ဒီစာလေးရဲ့အဆုံးမှာ Link ချပေးထားပါတယ်)။ မိမိအနေနဲ့ လေ့ကျင့်မှုများ၊ အတွေ့အကြုံများစွာနဲ့အတူ မိမိရဲ့လုပ်ဆောင်ချက်တွေ၊ achievement တွေ၊ အရည်အချင်းတွေပြည့်စုံပြီဆိုရင်တော့ နိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နိုင်တဲ့အထိ နိုင်ငံရဲ့ အားကစားဌာန၊ တစ်ခြားသော ကြက်တောင်အားကစားအဖွဲ့အစည်းတွေက ထောက်ပံ့ပေးသွားမှာဖြစ်ပြီး Professional ကြက်တောင်ရိုက်အားကစားအဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်။

Hnget Khar Badminton Club -https://www.facebook.com/hngetkhar/,

Global Badminton Academy -https://www.facebook.com/Global-Badminton-Academy-668272143608635/,

ZAW BADMINTON CLUB – https://www.facebook.com/zawbadmintonclub/,

New-Y Badminton Club – https://www.facebook.com/New-Y-Badminton-Club-110050492356389/

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ကြက်တောင်အားကစားသမားတစ်ယောက်နဲ့ ခန္ဓာကိုယ်ကြံခိုင်မှုရှိပြီး သက်လုံကောင်းသူ၊ သွက်လက်မှုနဲ့အတူ ကြက်တောင်ရိုက်အားကစားကို ဝါဿနာထက်သန်သူဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်မှုအားကောင်းသူ၊ လေ့ကျင့်မှု စိတ်အားထက်သန်စွာလုပ်နိုင်မယ့်သူများ၊ စိတ်ဓါတ်ခိုင်မာသူများနဲ့ သင့်တော်ပါတယ်။

ပညာအရည်အချင်း

ကြက်တောင်ရိုက် အားကစားသမားတစ်ယောက်အနေနဲ့ ပညာအရည်အချင်းနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့် နိုင်ငံတကာမှာ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အခါ ပညာအရည်အချင်းနည်းလို့ ဘာသာစကားအခက်အခဲမျိုးမဖြစ်ရအောင် အတန်းပညာတစ်ခုခု ဘွဲ့တစ်ခုခုနဲ့အတူ English စာ တတ်မြောက်ဖို့နားလည်ဖို့ကတော့ လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာနဲ့ ဝင်ငွေကတော့ မြန်မာနိုင်ငံအနေနဲ့သတ်မှတ်လို့ရတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ပြိုင်ပွဲဆုကြေးမြင့်ရင်မြင့်သလောက် ကျွမ်းကျင်အားကစားသမားတစ်ယောက်အနေနဲ့ခံစားခွင့်တွေ၊ဝင်ငွေတွေက ကောင်းမွန်လှပါတယ်။ ဒါ့အပြင် အားကစားသမားတစ်ယောက်ရဲ့ကျော်ကြားအောင်မြင်မှုုအလိုက် ကြော်ငြာကြေးတွေက သိန်းဆယ်ချီ၊ ရာချီဝင်တဲ့အနေအထားဖြစ်တဲ့အတွက် မိမိသာ အောင်မြင်ကျော်ကြားတဲ့ Professional ကြက်တောင်အားကစားသမားဖြစ်မယ်ဆိုရင်တော့ လစာနဲ့ဝင်ငွေက အတော်အတန်ကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အဓိကအားဖြင့် ကြက်တောင်အားကစားကလပ်မှာ အားကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံတွင်းပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ရပါတယ်။ မိမိအနေနဲ့ကြက်တောင်အားကစားကို နားလည်တတ်ကျွမ်းပြီး နည်းပြအနေနဲ့လည်း အသက်မွေးနိုင်ပါတယ်။ မိမိရဲ့ကျော်ကြားမှုနဲ့အညီ တစ်ခြားသော စီးပွားရေးလုပ်ငန်းမှ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းတာမျိုးလည်းရှိပါတယ်။

အလုပ်ရဲ့ အနာဂတ်

ခေတ်တွေ၊ စနစ်တွေမကောင်းခဲ့လို အားကစား Industry တစ်ခုလုံးနိမ့်ကျခဲ့ရပေမယ့် ယခုအနေအထားမှာတော့ ပြန်လည်ထူထူထောင်ထောင်ဖြစ်လာသလို မထင်မရှားဖြစ်ခဲ့တဲ့အားကစားများလည်း တစ်စတစ်စ နိုင်ငံတကာကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ခြေလှမ်းစနေကြပြီဖြစ်ပါတယ်။ ဒီအထဲက ကြက်တောင်အားကစားအနေနဲ့လည်း ပိုမိုထိုးဖောက်နိုင်ခဲ့ပြီး အခုဆိုရင် နိုင်ငံဂုဏ်ဆောင်အားကစားများ အသီးသီးပေါ်ထွက်လာပြီဖြစ်ပါတယ်။ နောင်လာမယ့်အချိန်များမှာတော့ ဒီထက်ပိုကောင်းလာနိုင်မယ့်အနေအထားတွေ၊ အစိုးရရဲ့ထောက်ပံ့မှုတွေ၊ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေကို အားရှိစရာ မြင်တွေ့နိုင်ဖို့ အလားအလာများစွာရှိတာကြောင့် ကြက်တောင်အားကစားသာမက အခြားသော အားကစားများလည်း ကမ္ဘာကို လွှမ်းနိုင်မယ်ဆိုတာ တစ်ထစ်ချယုံကြည်ပါတယ်။ ဒီလို အားကစား လုပ်ငန်းများပိုမိုကောင်းမွန်တိုးတက်လာတာနဲ့အညီ အလုပ်အကိုင်အခွင့်အလမ်းနဲ့ဝင်ငွေများလည်းပိုမိုကောင်းမွန်လာနိုင်တာကြောင့် ကြက်တောင်အားကစားသမားတစ်ယောက်ရဲ့အနာဂတ်ကလည်း လှပနေမှာအသေအချာပါပဲ…

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ