သက်တော်စောင့် တစ်ယောက် ဖြစ်လာဖို့ဆိုရင်

သက်တော်စောင့် အလုပ်ဆိုတာ

သက်တော်စောင့်တစ်ယောက်ဆိုတာက တစ်စုံတစ်ယောက်ရဲ့ အသက်ဘေးအန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးရသူ လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။

သက်တော်စောင့်လို့ပြောလိုက်ရင် နိုင်ငံတော် အကြီးအကဲများ၊ စီးပွားရေး လုပ်ငန်းရှင် များနဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေ စသဖြင့် အများပြည်သူအမြဲမပြတ် စောင့်ကြည့်ခံရသူတွေရဲ့ ဘေးနားမှာ အန္တရာယ်တွေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေတဲ့သူတွေဆိုတာ ကောင်းကောင်းသိနေမယ်လို့ထင်ပါတယ်။ လူရည်သန့်သန့်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ သက်တော်စောင့်တွေကို ကြည့်လိုက်ရင် ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ေဖြာင့်နဲ့ ငေးကြည့်အားကျစရာဖြစ်ပါတယ်။ ပြန်ပေးဆွဲခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ခိုးယူလုယက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေရန် အော်ဟစ်ပြောဆိုခြင်း၊ ခြိမ်းခြောက်ခြင်း စသဖြင့် မိမိကို တာဝန်ပေးအပ်ထားသူအပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်စောက်ရှောက်ပေးရတဲ့အလုပ်တစ်ခုအနေနဲ့တော့ ရုပ်ရည်သန့်ရုံလောက်နဲ့တော့ မဖြစ်နိုင်သေးပါဘူး။ အလုပ်ရှင်များရဲ့ အသက်အန္တရာယ်လုံခြုံစေဖို့သာမက ဖြစ်လာနိုင်မယ့်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် အလုပ်ရှင် သွားရောက်မယ့်နေရာဒေသ၊ တွေ့ဆုံမယ့်လူတွေရဲ့ နောက်ကွယ်က အကြောင်းတွေကို ကြိုတင်လေ့လာထားရသလို၊ ခရီးစဉ်တွေအတွက် ကြိုတင်အစီအစဉ်ဆွဲထားရပါတယ်

ဒါ့အပြင် မိမိတို့ကာကွယ်စောင့်ရှောက်ရတဲ့ နိုင်ငံတော်အကြီးအကဲမျာ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ထင်ပေါ်ကျော်ကြားတဲ့သူများရဲ့ လူစုအမျာကြီးတက်ရောက်တဲ့ပွဲအခမ်းအနားတွေ၊ ခရီးစဉ်တွေမှာ လိုက်ပါရပြီး သူတို့ရဲ့ သွားလာလှုပ်ရှားရတဲ့နေရာတိုင်းမှာ လိုက်ပါစောင့်ကြည့်ရုံသာမက အရေးပေါ်အခြေအနေတွေမှာလည်း လျှင်မြန်စွာကာကွယ်ပေးရပါတယ်။ ဒါ့ကြောင့် သက်စောင့်တော်စောင့်တွေက လက်ရုံးရည်ရော နှလုံးရည်ပါပြည့်ဝပြီး မိမိရဲ့ အလုပ်ရှင်တွေအတွက်တော့ ထူးချွန်ထက်မြက်ပြီး ရဲစွမ်းသတ္တိရှိတဲ့ လက်ရုံးတော်လို့ ပြောရင် မမှားနိုင်ပါဘူး။ သက်တော်စောင့်များအနေနဲ့ တစ်စုံ တစ်ယောက် ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် တစ်ယောက်ထဲလုပ်ရတဲ့ အခြေအနေမျိုးရှိသလို တစ်ခြားသော သက်တော်စောင့်အဖွဲ့ဝင်များနဲ့ ပူးပေါင်းလုပ်ကိုင်ရတာမျိုးလည်း ရှိပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

သက်တော်စောင့်   တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

သက်တော်စောင့် ဆိုတာ သူများကို ကာကွယ်စောင့်ရှောက် ပေးရမှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ကလည်း ခန္ဓာကိုယ်ကြံ့ ခိုင် သန်မာပြီး ကိုယ်ခံပညာရပ်တွေ အတိုက်အခိုက်ပညာရပ်တွေကို တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ Gym ရုံများ၊ အားကစားရုံများကို အများအပြားဖွင့်လှစ်ထားတဲ့အတွက် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်ဖို့ နီးစပ်ရာ Gym ရုံတွေမှာ နည်းပြကောင်းကောင်းနဲ့လေ့ကျင့်သင်ကြားခြင်းက စတင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်ရေးပညာအတွက်ဆိုရင်လည်း တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူရှူး၊ကာရာတေး၊ အာခီဒို၊ဘန်တို၊ ဘန်ရှည်၊ မြန်မာ့သိုင်း၊ မြန်မာ့လက်ဝှေ့ စတဲ့ပညာတွေကို သင်ကြားပေးတဲ့သင်တန်းကျောင်းတွေက အများအပြားရှိနေပါပြီ။ မြန်မာနိုင်ငံရဲ့ အားကစားဌာနများမှာလည်း ထူးချွန်တဲ့ တိုက်ရေးခိုက်ရေးသမားတွေကို မွေးထုတ်ပေးတာမျိုးလည်းတွေ့ရပါတယ်။ နာမည်ကျော်အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များရဲ့ သက်တော်စောင့်အနေနဲ့လုပ်ကိုင်ချင်ရင်တော့ အထက်က ဖော်ပြထားတဲ့ ဒီလိုအပြင်သင်တန်းတွေမှာ ကိုယ်ပိုင်လေ့ကျင့်သင်ကြားရမှာဖြစ်ပါတယ်။ အစိုးရဌာနအကြီးအကဲများရဲ့သက်တော်စောင့်အနေနဲ့လုပ်ကိုင်မယ်ဆိုရင်တော့ ရဲဌာန (သို့မဟုတ်) စစ်တပ်တွေမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲများရဲ့ သက်တော်စောင့်များအနေနဲ့တော့ များသောအားဖြင့် စစ်တပ်၊ ရဲဌာနတွေကနေလေ့ကျင့်သင်ကြားပေးတာဖြစ်ပြီး ထိုအကြီးအကဲများရဲ့ သက်တော်စောင့်တွေကိုကြည့်လိုက်ရင် ရဲဝတ်စုံ (သို့) စစ်သားဝတ်စုံတွေနဲ့သူတွေကို သာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျောင်းရွေးချယ်မှုအနေနဲ့ မိမိလုပ်ကိုင်မယ့် နေရာနဲ့လည်းသက်ဆိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

သက်တော်စောင့်တွေက တကယ့် ရုပ်ရည်သန့်ပြန့်ပြီး ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ဆွဲဆောင်မှုအပြည့်အဝရှိတဲ့သူတွေဆိုတာ အပြင်ပန်းကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီအရာတွေထက်ပိုတဲ့ အစွမ်းအစတွေ အရည်အချင်းတွေတော့ရှိဖို့လိုအပ်ပါတယ်။ သက်တော်စောင့်တစ်ယောက်က ကြုံလာတဲ့ဘေးအန္တရာယ်တွေအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ရဲတဲ့သတ္တိ ရှိဖို့လိုအပ်သလို အန္တရာယ်တွေကိုလျှပ်တစ်ပြက်ြပန်လည်တုံ့ပြန်ဖို့ တိကျသေချာစွာ ဆုံးဖြတ်ချက်ချနိုင်တဲ့ ကြံရည်ဖန်ရည်ရှိတဲ့သူနဲ့တော့ ကိုက်ညီပါတယ်။ ဒါ့အပြင် လူအုပ်တွေကြားထဲကနေ အန္တရာယ်တွေ၊ တိုက်ခိုက်လာမှုတွေမဖြစ်ခင် ကြိုမြင်နိုင်တဲ့ပါးနပ်တဲ့အကြည့်နဲ့ အန္တရာယ်တွေဆို အလိုလိုသိမြင်တဲ့ ပါးနပ်တဲ့စွမ်းရည်ရှိတဲ့သူမျိုးနဲ့ဆိုရင်တော့ သက်တော်စောင့် အလုပ်နဲ့သင့်တော်ပါတယ်။

ပညာအရည်အချင်း

သက်တော်စောင့်အတွက် ပညာအရည်အချင်းက ဘွဲ့လက်မှတ်ကိုင်ဆောင်ခြင်းများထက် သက်တော်စောင့် မှာမရှိမဖြစ် လိုအပ်တဲ့ ကိုယ်ခံပညာရပ် စွမ်းရည်တွေကသာ အဓိကဖြစ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အစိုးရဌာန အကြီးအကဲများရဲ့ သက်တော်စောင့်များအတွက် စစ်တပ် (သို့) ရဲဌာန ကနေ လေ့ကျင့်သင်ကြားပေးတာဖြစ်လို့ ကျောင်းစရိတ်ကုန်ကျမှု လုံးဝမရှိနိုင်သလို အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်သည့်အတွက် လစာပါရရှိနိုင်မှာဖြစ်ပါတယ်။ တခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ရသူများအနေနဲ့ မိမိတို့ရဲ့ အရည်အချင်းပြည့်မှီနိုင်အောင် ကိုယ်တိုင်ပဲ သင်တန်းတွေ အများကြီးတက်ရမှာဖြစ်လို့ ကုန်ကျစရိတ်ကတော့များပြားနုိင်ပါတယ်။ ခန္ဓာကိုယ်တောင့်တင်းခိုင်မာဖို့ လေ့ကျင့်သင်ကြားပေးတဲ့ကျောင်း၊ ကာကွယ်တိုက်ခိုက်ရေးပညာနဲ့ ပတ်သက်တဲ့ ဂျူဒို၊ ကရာတေး၊ ဝူရှူး အစရှိတဲ့တိုက်ခိုက်မှု သင်တန်းကျောင်းများ၊ သေနတ်၊ တုတ်၊ ဓါး စတဲ့လက်နက်ကိုင်ဆောင်မှု အတတ်ပညာအတွက် သင်ကြားပေးမယ့်ကျောင်း၊ ယဉ်မောင်းနှင်မှု သင်တန်းစသဖြင့် သင်တန်းအများအပြားအတွက် ကုန်ကျစရိတ်များပြားတဲ့အတွက် ကုန်ကျစရိတ်အနေနဲ့ အတိအကျ သိရဖို့ ခက်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

သက်တော်စောင့်တစ်ယောက်ရဲ့လစာ ကတော့ မိမိကာကွယ်စောင့်ရှောက်မယ့်သူရဲ႕ ဂုဏ္အရွိန္အဝါႀကီးမႈအေပၚမူတည်ပါတယ်။ တချို့သော အောင်မြင်ချမ်းသာတဲ့သူများရဲ့ သက်တော်စောင့်ထားရှိမှုက တစ်ယောက်မကရှိနိုင်သလို သက်တော်စောင့်များအနေနဲ့ အဖွဲ့ အစည်းနဲ့ လုပ်ကိုင်ရပါတယ်။ လစာအနေနဲ့လည်း (၁၀)သိန်းကနေ (၂၀) သိန်းအထိရရှိနိုင်ပါတယ်။ အစိုးရ ဌာနအကြီးအကဲများရဲ့ သက်တော်စောင့်များအနေနဲ့ကတော့ အစိုးရလစာရရှိမှာဖြစ်ပြီး အနည်းဆုံး (၃)သိန်းမှ (၁၀)သိန်းအထိရရှိနိုင်ပါတယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ ပုဂ္ဂိုလ်များရဲ့ ဌားရမ်းမှုနဲ့အတူ သူတို့ရဲ့ ခရီးစဉ်တိုင်းကို လိုက်ပါစောင့်ရှောက်ပေးရမှာဖြစ်လို့ သက်တော်စောင့်များအနေနဲ့ အသက်အန္တရာယ် ထိပါးစော်ကားမှုခံရနိုင်တဲ့ လူပုဂ္ဂိုလ် (ဥပမာ နံမည်ကြီးအနုပညာရှင်၊ နိုင်ငံတော်ရဲ့ အကြီးအကဲ ပုဂ္ဂိုလ်၊ အောင်မြင်ကျော်ကြားပြီး ချမ်းသာကြွယ်ဝတဲ့ လူကုံထံများရဲ့ လက်ရုံးတော်တွေအဖြစ် အလုပ်လုပ်ကိုင်ရမှာဖြစ်ပါတယ်။)

အလုပ်ရဲ့ အနာဂတ်

သက်တော်စောင့်များရဲ့ အလုပ်သဘောအရ အသက်အန္တရာယ် ကာကွယ်စောင့်ရှောက်ရမှာဖြစ်တဲ့အတွက် နံမည်ကျော်ကြားသူများ၊ ငွေကြေးချမ်းသာသူများ၊ ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးမားသူများ အနေနဲ့လည်း မိမိတို့ရဲ့ အသက်ဘေးအတွက် သက်တော်စောင့် များကို ဆက်လက်ငှာရမ်းသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သက်တော်စောင့်တစ်ယောက်ရဲ့အလုပ်အကိုင်ကတော့ အနာဂတ်မှာတော့ ဆက်လက်တည်ရှိဦးမှာဖြစ်ပါတယ္။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ