စားဖိုမှူးအလုပ်ဆိုတာ

စားဖိုမှူး အလုပ်ဆိုတာ

စားဖိုမှူးတစ်ယောက်ဆိုတာ စားစရာတွေ ပြင်ဆင်ချက်ပြုတ်တဲ့အပြင် မီးဖိုချောင်ကိုပါ ဦးစီးကြီးကြပ်ရသူတွေ ဖြစ်ပါတယ်။ စားဖိုမှူးတစ်ယောက်က တစ်ချို့သောသူတွေ ထင်နေကြသလို စားစရာလေး ချက်နေရုံနဲ့ ပိုက်ဆံတွေ အခန့်သား ရနေတာမျိုး မဟုတ်ပါဘူး။ စားစရာအကြောင်းတွေ အပြင် အချက်အပြုတ် ပညာရပ်ကိုလည်း အမြဲ လေ့လာရသလို အရသာ အသစ်၊ ဖန်တီးမှုအသစ်တွေ အတွက်လည်း အမြဲ တွေးတောကြံဆနေရတာ ဖြစ်ပါတယ်။ ဟင်းလျာတစ်ခုကို အရသာ၊ အနှစ်သာရအဓိပ္ပါယ် ပြည့်စုံကောင်းမွန်အောင် ခံစားချက်ပြုတ်ရတာ သူတို့ရဲ့ သူမတူတဲ့ ပညာတစ်ခုပါပဲ။ ချက်ပြုတ်ခြင်း ပညာရပ် အပြင် စီမံခန့်ခွဲရေးဆိုင်ရာတွေကိုပါ စားဖိုမှူးတစ်ယောက် အနေနဲ့ တာဝန်ယူရပါသေးတယ်။ မီးဖိုချောင်ရဲ့ သန့်ရှင်း သပ်ရပ်မှု ကအစ Menu ပြင်ဆင်မှုအထိ ကိစ္စအဝဝကို စီစဉ်ညွှန်းကြားရတာပါ။ စားဖိုမှူးလို့ ဆိုတဲ့ နေရာမှာ Executive chef, Head chef, Sous chef, Commis chef, Line chef တွေအပြင် စားစရာ အလိုက်၊ ပြင်ဆင် ချက်ပြုတ်ပုံ အလိုက် စားဖိုမှူးအမျိုးအစား အများကြီး ရှိပါသေးတယ်။

ချက်ပြုတ်ခြင်း အနုပညာ

စားစရာတွေဆိုတာ ကမ္ဘာကြီးရဲ့ အနှစ်သာရတစ်ခု ဖြစ်သလို ချက်ပြုတ်ခြင်း အနုပညာ ဆိုတာဟာလည်း ပန်းပျိုးတဲ့ ဥယျာဉ်မှူးလိုပါပဲ။ ကြက်ဥကြော်တာလောက်ကိုတော့ ဘာမှ ထွေထွေထူးထူး တွေးမနေဘဲ လူတိုင်းကြော်ရင် ကြော်တတ်မှာပါ။ ဒါပေမယ့် စားစရာကို နှလုံးသားတစ်ခုလုံးနဲ့ ချစ်မြတ်နိုးတဲ့ သူတွေ အတွက်ကတော့ သူတို့ရဲ့ အချစ်တွေ၊ မေတ္တာတွေ၊ စေတနာတွေ၊ ပျော်ရွှင်မှုတွေ အားလုံး ပေါင်းစပ်ပြီး လှပတဲ့ အနုပညာတစ်ခုကို ဖန်တီးနေတာ ဖြစ်ပါတယ်။ ဒီတိုင်း ပါဝင်ပစ္စည်းလေးတွေ ထည့်လိုက်ရုံနဲ့ ဟင်းတစ်ခွက်က အရသာ တစ်ခု ထွက်လာနိုင်တယ် ဆိုပေမယ့် စေတနာတစ်ခုလုံးနဲ့ ချက်ပြုတ်ထားတဲ့ စားဖိုမှူးတစ်ယောက်ရဲ့ ဟင်းတစ်ခွက်နဲ့တော့ နည်းနည်းလေးမှ မယှဉ်နိုင်တာ အမှန်ပါ။ စားစရာတစ်ခုကို ဒီတိုင်း စားပစ်လိုက်ဖို့ ဘယ်သူမှ သင်ပေးစရာ မလိုအောင် လွယ်ကူလွန်းလှပေမယ့် စားဖိုမှူးတစ်ယောက် ဖြစ်လာဖို့အတွက်ကတော့ စားစရာအပေါ် ရူးသွပ်မှု၊ အတွေ့အကြုံတွေ၊ အချက်အပြုတ်နဲ့ ပက်သက်တဲ့ ဗဟုသုတတွေ၊ အစားအစာဘာသာဗေဒ၊ လေ့ကျင့်မှုတွေ၊ ပေါင်းစပ်မှုတွေ လိုအပ်ပါတယ်။ ခုခေတ်နောက်ပိုင်းမှာ အချက်အပြုတ် ကဏ္ဍက ပိုပြီး ရေပန်းစားလာသလို အချက်အပြုတ် ပြိုင်ပွဲတွေကလည်း နိုင်ငံတကာ အထိတောင် ထိုးဖောက်နေပြီ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

စားဖိုမှူး တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

စားဖိုမှူး အလုပ်အကိုင်မှာ အမျိုးအစား အများကြီး ရှိတာမို့ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ ဘယ်အခြေအနေ အထိ သွားချင်လဲ ဆိုတာ ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သွားချင်တဲ့ အခြေအနေအလိုက် ရွေးချယ် ရမယ့် ကျောင်းတွေက ကွာခြားနိုင်လို့ပါပဲ။ ဥပမာ Bachelor ထိသွားချင်တာကို Certificate လောက်ထိပဲ ပေးတဲ့ သင်တန်းမျိုးမှာ သွားတက်လို့ အဆင်ပြေမှာပါ။ ပုံမှန်ကတော့ ကျောင်းရွေးချယ်မယ်ဆိုရင် အခြေခံ သဘောတရား အနေနဲ့ ကျောင်းရဲ့ သက်တမ်း၊ ဂုဏ်သတင်း၊ သင်ကြားပေးတဲ့ course အကြောင်း အသေးစိတ်၊ သင်ကြားမှု ပုံစံ၊ ဆရာတွေရဲ့ ကျွမ်းကျင်မှု၊ ဈေးနှုန်း၊ ကျောင်းရဲ့ Facilities။ ကျောင်းသားတွေရဲ့ အောင်မြင်မှု၊ ပေးအပ်တဲ့ လက်မှတ်၊ အလုပ်ရရှိနိုင်ခြေ အပြင် ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ Company, Hotel စတာတွေကို စုံစမ်းထားသင့်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ဒီနေရာမှာ အတန်းပညာ တတ်မြောက်တာ၊ ပညာမြင့်တာ မမြင့်တာနဲ့ သက်ဆိုင်မှု မရှိပေမယ့် စားဖိုမှူးကောင်း တစ်ယောက် ဖြစ်လာဖို့ လိုအပ်ချက်တွေ၊ ပြင်ဆင်ရမယ့် အချက်တွေ အများကြီး ရှိပါတယ်။ ဒီတိုင်း ဟင်းလေးတစ်ခွက် ချက်လိုက်လို့ စားဖိုမှူးကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ အဓိကအနေနဲ့ စားစရာတွေကို ချစ်မြတ်နိုးဖို့ လိုပါတယ်။ စားစရာ ချက်ပြုတ်တဲ့ အချိန်မှာ ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ပြင်ဆင်ချက်ပြုတ်မှ ကိုယ်ချက်တဲ့ ဟင်းကလည်း ပြီးပြည့်စုံနိုင်တာပါ ချက်တဲ့သူရဲ့ စိတ်ခံစားချက်နဲ့ ဟင်းလျာရဲ့ အရသာက ဆက်စပ်နေပါသတဲ့။ ဒီတစ်ခုတင် မဟုတ်သေးပါဘူး သန့်ရှင်းသပ်ရပ်မှု၊ အသေးစိတ်ကျမှု၊ အနံ့ အရသာ အာရုံခံနိုင်စွမ်း ကောင်းမွန်မှု၊ အရသာ ခံစားနိုင်စွမ်း၊ အစားသောက်နဲ့ ပက်သက်တဲ့ ဗဟုသုတ၊ အချက်အပြုတ်အပေါ် ရူးသွပ်မှု၊ Pressure ခံနိုင်စွမ်း၊ စူးစမ်း တီထွင်နိုင်စွမ်း၊ အလှအပ ခံစားနိုင်စွမ်း စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ လိုအပ်ပါတယ်။ ဒါပေမယ့် စားဖိုမှူး အလုပ်ဆိုတာ စားစရာ ချက်ပြုတ်ရုံ တစ်ခုတည်း မဟုတ်တာမို့ ဦးဆောင်နိုင်စွမ်း၊ စီမံခန့်ခွဲမှု၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း စတာတွေပါ အပိုထပ်ဆင့် လိုအပ်ပါသေးတယ်။

ပညာအရည်အချင်း

စားဖိုမှူး အလုပ်အကိုင်မှာ အမျိုးအစား အများကြီး ရှိတာမို့ ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ ဘယ်အခြေအနေ အထိ သွားချင်လဲ ဆိုတာ ကွဲကွဲပြားပြား သိထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်သွားချင်တဲ့ အခြေအနေအလိုက် ရွေးချယ် ရမယ့် ကျောင်းတွေက ကွာခြားနိုင်လို့ပါပဲ။ ဥပမာ Bachelor ထိသွားချင်တာကို Certificate လောက်ထိပဲ ပေးတဲ့ သင်တန်းမျိုးမှာ သွားတက်လို့ အဆင်မပြေပါဘူး။ ပုံမှန်ကတော့ ကျောင်းရွေးချယ်မယ်ဆိုရင် အခြေခံ သဘောတရား အနေနဲ့ ကျောင်းရဲ့ သက်တမ်း၊ ဂုဏ်သတင်း၊ သင်ကြားပေးတဲ့ course အကြောင်း အသေးစိတ်၊ သင်ကြားမှု ပုံစံ၊ ဆရာတွေရဲ့ ကျွမ်းကျင်မှု၊ ဈေးနှုန်း၊ ကျောင်းရဲ့ Facilities။ ကျောင်းသားတွေရဲ့ အောင်မြင်မှု၊ ပေးအပ်တဲ့ လက်မှတ်၊ အလုပ်ရရှိနိုင်ခြေ အပြင် ကျောင်းနဲ့ ချိတ်ဆက်ထားတဲ့ Company, Hotel စတာတွေကို စုံစမ်းထားသင့်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

သင်တန်းကြေးကတော့ ကိုယ်ရွေးချယ်တဲ့ ကျောင်းနဲ့ Course အလိုက် ကွာခြားမှု ရှိပါတယ်။ ဥပမာ Certificate အတန်း ဆိုရင် သင်တန်းကာလ နည်းပါးသလို သင်တန်းကြေးလည်း သိပ်မများပါဘူး။ ဒါပေမယ့် Bachelor အတန်းမျိုး ဆိုရင်တော့ သင်တန်းကာလ နှစ်ချီကြာမြင့်မှာ ဖြစ်ပြီး သင်တန်းစရိတ် ကုန်ကျမှု များပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အတန်းလေးတွေ ကတော့ အနိမ့်ဆုံး ၃၀၀၀၀ ဝန်းကျင်ကနေ စတင်ပါတယ်။ အခြားအနေနဲ့ကတော့ အချက်အပြုတ်ဆိုင်ရာ ပစ္စည်း တွေအပြင် ပါဝင်တဲ့ စားစရာအမယ်တွေအတွက် ကုန်ကျနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ဘယ်လိုရာထူး အလုပ်အကိုင်မျိုးမဆို အရည်အချင်း၊ ကြိုးစားမှုနဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး ဝင်ငွေ ရရှိမှုနှုန်းက ကွာဟမှု ရှိပါတယ်။ စားဖိုမှူး အလုပ်အကိုင်မှာတော့ ပျမ်းမျှလစာ ၂သိန်း ဝန်းကျင်ကနေ ၁၅သိန်းလောက်အထိ ရရှိနိုင်ပါတယ်။ ဒါကတော့ ပျမ်းမျှရရှိတဲ့ ပုံမှန်လစာဖြစ်ပြီး ဝင်ငွေကန့်သတ်မှုကတော့ မရှိပါဘူး အရည်အချင်းနဲ့ အတွေ့အကြုံ မြင့်လေလေ ဝင်ငွေ မြင့်လေလေပါပဲ။ တစ်ခါတစ်လေ အပြင်ပွဲအတွက် ဒါမှမဟုတ် သီးသန့် ချက်ပြုတ်ပေးဖို့ အထူးတလည် အလုပ်အပ်တာမျိုးလည်း ရှိပါတယ်။ အဲလိုမျိုးအတွက် လစာကိုတော့ ခန့်မှန်းလို့ မရပါဘူး စားဖိုမှူးနဲ့ အလုပ်ရှင်ကြား ညှိနှိုင်းမှုအပေါ် မူတည်ပါတယ်။ တကယ်လို့ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်မယ်ဆိုရင်တော့ စီးပွားရေး အခြေအနေအလိုက် ဝင်ငွေကတော့ အကန့်အသတ် မရှိပါပဲ။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အများစုကတော့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ လုပ်ကိုင်ကြတာ များပါတယ်။ တစ်ချို့ ကိုယ်ပိုင် စားသောက်ဆိုင် ဖွင့်တဲ့သူလည်း ရှိသလို နိုင်ငံခြား အပျော်စီးသဘောၤပေါ်တွေမှာ လုပ်ကိုင်သူတွေလည်း ရှိပါတယ်။ ကိုယ့်အရည်အချင်း အလိုက် အပြင်ပွဲတွေနဲ့ သီးသန့်စားပွဲတွေမှာ ဖိတ်ကြားခံရနိုင်သလို နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ ပင်တိုင် စားဖိုမှူး အနေနဲ့လည်း လုပ်ကိုင်နိုင်ပါသေးတယ်။ အတွေ့အကြုံ ရင့်ကျက်ပြီး အရည်အချင်း တကယ်ရှိမယ်ဆိုရင် အစားအသောက် ပြိုင်ပွဲတွေရဲ့ ဒိုင်အဖြစ်ပါ ဖိတ်ကြားခံရနိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

အစားအစာ ချက်ပြုတ်မှုဆိုတာ ရှေးကတည်းက အရေးပါလာခဲ့တာ ဖြစ်ပြီး ယခုထိတိုင် မရှိမဖြစ် ကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေဆဲပါပဲ။ အချိန်ကာလ ကြာမြင့်လာတာနဲ့ အမျှ စားစရာ ပြုလုပ်ဖန်တီးပုံတွေ တိုးတက်ပြောင်းလဲ လာသလို အချက်အပြုတ် ပညာရပ်ဟာလည်း ပိုပြီး နက်နဲ ကျယ်ပြန့်လာပါတယ်။ စားဖိုမှူးတွေ အနေနဲ့ ဟင်းလျာအမယ် အသစ်တွေ ဖန်တီးကြတယ်၊ အရသာ အသစ်တွေ ပေါင်းစပ်ကြတယ်၊ ပိုဆန်းသစ်တဲ့ ချက်ပြုတ်နည်းတွေ ရှာဖွေကြတယ် ဒီလိုနဲ့ပဲ စားစရာ ချက်ပြုတ်ခြင်းဆိုတာ သင်မကုန်နိုင်တဲ့ ပညာတစ်ခုလိုပဲ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုပါပဲ အချက်အပြုတ် ပညာရပ်ကို တတ်မြောက်ကျွမ်းကျင်ထားသူတွေ အနေနဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အမြဲမပြတ် ရှိနေမှာ ဖြစ်သလို အချက်အပြုတ် ဝါသနာရှင်လေးတွေ အတွက်လည်း အပေါ်ကို တက်လှမ်းဖို့အတွက် နေရာတိုင်းက ဖိတ်ခေါ်နေမှာပါ။ အရည်အချင်း၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ အလှအပ၊ အရသာ၊ အနှစ်သာရ၊ အနံ့၊ အဓိပ္ပါယ်၊ ချစ်မြတ်နိုးမှု တွေ ပေါင်းစပ်ပါဝင်နေတဲ့ ဟင်းလျာတစ်ခွက်ကို ဖန်တီးမယ့် စားဖိုမှူးတွေဆိုတာ အမြဲတမ်း အရေးပါဆုံး နေရာတစ်ခုမှာ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ