တေးရေးဆရာ (Composer)

ခံစားမှု အပြည့်အဝနဲ့ သီချင်းများကို ရေးစပ်ပြီး လူတွေရဲ့နှလုံးသားကို ပုံသွင်းပေးသူ

တေးသီချင်းရေးဖွဲ့ခြင်းက သီချင်းတစ်ပုဒ်ဖန်တီးခြင်းဆိုတာထက် ပိုပါတယ်။ လူတွေရဲ့စိတ်ရိုင်းကို နူးညံ့စေအောင် သီချင်းလေးနဲ့ ပြုပြင်ပေးလို့ရသလို စိတ်ရိုင်းဝင်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ လူတွေရဲ့ ဝမ်းနည်းမှုကနေ အင်အားသစ်တွေပြန်လည်ရရှိလာအောင် သီချင်းလေးအားဖြင့် အားပေးတတ်သလို ဝမ်းနည်းအောင်လည်းလုပ်တတ်ပါတယ်။ လူတွေကို ချစ်တတ်လာအောင်၊ ခွင့်လွှတ်တတ်အောင် လည်း တေးသီချင်းကနေ သင်ကြားပေးလို့ ရသလို မုန်းတတ်အောင်၊ ရန်ငြိုးထားတတ်အောင်လည်း သင်ပေးလိုက ရပါတယ်။ဒါ့ကြောင့် တေးသီချင်းရေးဖွဲ့ တဲ့ လူတွေရဲ့အလုပ်က လူတွေရဲ့ စိတ်ကို ပုံသွင်းနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်သူတွေပါ။ဆာင်နိုင်ပါတယ်။

သီချင်းဖန်တီးသူတွေရဲ့ လူတွေကို ပေးတဲ့ message တွေက အရမ်းအရေးကြီးပါတယ်။သီချင်းတစ်ပုဒ် နဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သလို သီချင်းတစ်ပုဒ်အားဖြင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးနိုင်ပါတယ်။သီချင်းသံစဉ်လှလှလေးတွေနဲ့ လိုက်ဖက်တဲ့စာသားတွေကို လူတွေစီးမြောခံစားနိုင်အောင် ရေးဖွဲ့နိုင်ခြင်းက တေးသီချင်းရေးဖွဲ့သူတစ်ယောက်ရဲ့ အစွမ်းတစ်ခုပါပဲ။ သီချင်းအမျိုးအစား များစွာရှိသလို Rock သီချင်းရေးဖွဲ့သူ၊ Pop သီချင်းရေးဖွဲ့သူ၊ Rap သီချင်းရေးဖွဲ့သူ၊ စသည်အားဖြင့် သက်ဆိုင်ရာ ဂီတနယ်ပယ်အသီးသီး မှာ ရေးဖွဲ့သူများအသီးသီးရှိကြပါတယ်။။ သီချင်းရေးဆရာတွေက သူတို့ ကျွမ်းကျင်တဲ့ ဂီတနယ်ပယ်အသီးသီးမှာ သီချင်းတွေဖန်တီးရင်း လူတွေရဲ့ စိတ်ကို ပုံသွင်းပေးနေကြသူတွေပါ။

ကျောင်းရှာရန်

လမ်းကြောင်း

တေးရေးဆရာ တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

သီချင်းရေးဖွဲ့ချင်သူ တစ်ယောက်အနေနဲ့ ပါရမီအရင်းခံနဲ့ ကြိုးစားမှုရှိမှ ဖြစ်မြောက်လာမှာဖြစ်ပါတယ်။ အဆိုတော်ဖြစ်ချင်တဲ့သူက အဆိုပါရမီပါမှ အောင်မြင်တဲ့အဆိုတော်ဖြစ်လာနိုင်သလို ပါရမီပါမှ အနုပညာဆိုတာဖန်တီးနိုင်မှာပါ။ ပါရမီ ပါပေမဲ့ ကြိုးစားပြီး လေ့လာလိုက်စားတာမျိုးမလုပ်ရင်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ အရင်ဆုံးတော့ ဂီတနဲ့ပတ်သက်တဲ့ တူရိယာတစ်ခုခုတီးတတ်ထားရမှာဖြစ်ပါတယ်။ တူရိယာတစ်ခုခုကို တီးခတ်တတ်ပြီးဆိုရင် ဂီတ အမျိုးအစားတစ်ခုရဲ့ တည်ဆောက်ပုံတွေ၊ သီအိုရီတွေကိုလေ့လာရပါမယ်။ ဂီတတစ်ခုရဲ့တည်ဆောက်ပုံတွေကို သိပါမှ သီချင်းရေးတဲ့အခါ music notes တွေကို အစီစဉ်တကျထားရှိနိုင်မှာဖြစ်ပါတယ်။ music notes အစီအစဉ်ကျမှ သီချင်းတစ်ပုဒ်ဖြစ်လာတာမျိုးမဟုတ်ပေမဲ့ music note တတ်မထားတဲ့ သီချင်းရေးဆရာရဲ့ ဖန်တီးမှုနဲ့ music notes တတ်ထားတဲ့ တေးရေးတစ်ယောက်ရဲ့လက်ရာက ကွာပါတယ်။ တိုးတက်နေတဲ့ ခေတ်နဲ့အညီ music style တွေ အသစ်အသစ် ထွက်လာတဲ့အတွက် ဂီတ အသစ်အသစ်တွေကိုဖန်တီးနိုင်ဖို့ ဂီတနဲ့ဆိုင်တဲ့ နည်းပညာအသစ်အသစ်တွေကိုလေ့လာရမှာဖြစ်ပါတယ်။ EDM လိုမျိုး ဂီတအမျိုးအစားတွေ၊ underground ဂီတအမျိုအစားတွေ စတဲ့လူငယ်တွေကြား ခေတ်စားနေတဲ့ ဂီတအမျိုးအစားအစားတွေက Electronic Music အမျိုးအစားတွေဖြစ်တဲ့အတွက် နည်းပညာပိုင်းသိရှိထားမှ ဖန်တီးလို့ရနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့ ဂီတလောကမှာ ကျော်ကြားမှုရရှိနေတဲ့ နိုင်ငံများရဲ့ သီချင်းတွေ သံစဉ်တွေကိုလည်း အတုယူပြီး သူတို့ လိုကောင်းအောင် လုပ်ရမှာဖြစ်ပါတယ်။ သင်တန်းတက်ပြီးသင်ကြားဖို့ ထက် ကိုယ့်ရဲ့ လေ့လာမှု အပေါ်မှာလည်းမူတည်ပါတယ်။ သီချင်းအများကြီးနားထောင်မယ် တေးရေးဆရာတွေဘယ်လို သံစဉ်တွေသုံးသွားလဲ ဘယ်လိုရေးဖွဲ့ တာလဲ ဆိုတာကို လေ့လာလိုက်စားပြီး ကိုယ်ပိုင်သံစဉ်လေးတွေ ဖန်တီးကြည့်ရင်းနဲ့ သီချင်းရေးတတ်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့ ဂီတပညာရှင်တွေဆီမှာ သွားရောက်သင်ကြားမယ် တီးခတ်တတ်တဲ့ သူငယ်ချင်းတွေဆီက သင်ကြားရင်းနဲ့ ဝါသနာပါလို့ သီချင်းရေးကြည့်ပြီးလည်း တေးရေးဆရာတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ သံစဉ်လှလှပပ ဖန်တီးမှုက အရေးကြီးသလို ခံစားရေးဖွဲ့ နိုင်မှုကလည်း အရေးကြီးပါတယ်။ လူတွေရဲ့ သဘောသဘာဝတွေ ခံစားမှုတွေကိုသိနိုင်ဖို့ စာပေတွေကနေ လေ့လာရမှာဖြစ်သလို လက်တွေ့ ဘဝမှာ တွေ့ကြုံရတဲ့ အရာတွေအားလုံးကိုလည်း ခံစားတတ်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာရှိတဲ့ တေးရေးဆရာ အများစုက သီချင်းရေးသင်ပေးတဲ့ ကျောင်းတက်ပြီးဖြစ်လာကြတာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ပဲ လေ့လာလိုက်စားရင်းနဲ့ အောင်မြင်တဲ့ တေးရေးဆရာတွေဖြစ်သွားကြတာပါ။ အနုပညာကျောင်းထွက်ကပဲ တေးရေးဆရာလုပ်ရမယ်လို့ သတ်မှတ်ချက်မရှိသလို အနုပညာကျောင်းထွက်မဟုတ်တဲ့ တေးရေးဆရာတွေအများကြီးရှိပါတယ်။ အဓိကက ကိုယ့် ရဲ့ ဖန်တီးမှုနဲ့ ပြောင်မြောက်တဲ့ အရေးအသားအတွက်ပဲဖြစ်တာကြောင့် မြန်မာစာလို major မျိုးနဲကလည်း တေးရေးဆရာတစ်ယောက်ဖြစ်နိုင်ပါသေးတယ်။ ကျောင်းတတ်မှ တေးရေးတတ်မယ်လို့ ဘယ်ကျောင်းမှ အာမမခံပေမဲ့ တစ်နေရာရာမှာတော့ လေ့လာရပါမယ်။ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အနုပညာကျောင်းတွေမှာ music နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို လေ့လာနိုင်မှာဖြစ်ပြီး B.A (Music) ဘွဲ့ အတွက် ငါးနှစ်တက်ရမှာဖြစ်ပါတယ်။ တခြားသော Music Academy ကျောင်းများကိုလည်းတက်ရောက်လို့ ရနိုင်ပြီး သူတို့ရဲ့ သတ်မှတ်ထားတဲ့ Diploma အလိုက် တစ်နှစ်ကနေ သုံးနှစ်အထိ တက်ရောက်ရမှာဖြစ်ပါတယ်။

အဲ့လိုကျောင်းမျိုးမတက်ပဲ ကိုယ်နဲ့ ရင်းနှီးတဲ့ ဂီတ သမားတွေဆီကလေ့လာလို့ရင်းနဲ့လည်းတေးရေးဆရာတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် နံမည်ရတဲ့ Music သင်တန်းလေးတွေမှာလေ့လာလို့လည်းရပါတယ်။ လိုအပ်ရင် online ပေါ်ကပါလေ့လာရမှာဖြစ်သလို ပိုက်ဆံသာတတ်နိုင်ရင် နိုင်ငံခြားမှာ သွားရောက်လေ့လာလို့လည်းရနိုင်ပါတယ်။တစ်ချို့သော ခရစ်ယာန် Chruch ကျောင်းတွေမှာတော့ တေးရေးနည်း သင်တန်းပေးတာမျိုးတွေရှိပြီး ဂီတသင်တန်းကျောင်းတစ်ချို့ မှာလည်း တေးရေးနည်း program များကို သင်ပေးတာမျိုးတွေရှိပါတယ်။Electronic Music လို သီချင်းပုံစံကို ဖန်တီးနိုင်ဖို့အတွက်ကတော့ သက်ဆိုင်တဲ့ တီးခတ်မှု၊ တီးလုံးများကို စီစဉ်မှု များကို သင်ကြားပေးတဲ့ AES Myanmar လိုသင်တန်းမျိုးတွေ မြန်မာနိုင်ငံမှာရှိပါတယ်။ လေ့လာရုံနဲ့တော့ တေးရေးဆရာတစ်ယောက်ဖြစ်မလာပါဘူး လက်တွေ့ ရေးသားဖို့လည်းလိုအပ်ပါတယ်။ တေးရေးဆရာဖြစ်ဖို့ အတွက် ကျောင်းအတိအကျမရှိပေမဲ့ နီးစပ်ရာ ဂီတပညာရှင်၊ နီးစပ်ရာသင်တန်းတွေမှာ လေ့လာသင်ယူရင်းနဲ့ ကိုယ်တိုင်လည်း အားစိုက်ပြီး ဝါသနာပါတဲ့ တေးရေးဆရာဘဝကို လျှောက်လှမ်းရမှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

တေးရေးဆရာတစ်ယောက် အတွက် ကိုယ်စိတ်ပါဝင်စားတဲ့ music အမျိုးအစားတစ်ခုရဲ့ တီးခတ်နည်းကိုတော့ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ သီချင်းများစွာကို ဖန်တီးနိုင်ဖို့ သီချင်းများစွာကို နားထောင်ပြီးသင်ယူဖို့လိုအပ်ပါတယ်။ ပြည်တွင်းသီချင်းများသာမက နိုင်ငံတကာ မှာ အောင်မြင်မှု ရတဲ့ သီချင်းတွေကိုပါလေ့လာဖို့ လိုအပ်ပါတယ်။ ခေတ်ရေစီးကြောင်းအလိုက် သီချင်းများကို ပိုမို ကောင်းမွန်လာစေဖို့ အမြဲတမ်းလေ့လာဖို့လည်းလိုအပ်ပါတယ်။

ကိုယ်တိုင်ရေးကြည့် ပြီး ကိုယ့်ရဲ့ သံစဉ်တွေကို အမြဲတမ်း ပြန်လည်သုံးသပ်ပါမှ ကိုယ့်ရဲ့ ဖန်တီးမှုတွေ ပိုမိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။ သံစဉ်တစ်ခုထည်းနဲ့ သီချင်းတစ်ပုဒ်တော့ ဖြစ်မလာပါဘူး စာသား အရေးအသားကလည်း အင်မတန်ကို အရေးကြီးပါတယ်။ လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ လွမ်းခြင်း၊ ဆွေခြင်း စတဲ့ခံစားချက်များကို သီကုံးရေးသားရတာဖြစ်တဲ့ အတွက် ခံစားမှုမျိုးစုံကို ခံစားနိုင်တဲ့ Feelings သမားတွေအတွက်ကတော့ တေးရေးခြင်းနဲ့ အပ်စပ်ပါလိမ့်မယ်။ ကြော်ငြာသီချင်းများအတွက်ရေးစပ်ဖို့ အတွက်ကို သူတို့ရဲ့ ကုန်ပစ္စည်းကို ညွှန်းရမှာဖြစ်တဲ့အတွက် အညွှန်းကောင်းဖို့လည်းလိုပါတယ်။လူတွေရဲ့ ဖြစ်ပျက်တတ်တဲ့ သဘာဝကို သိရှိနားလည်ပြီး တောတောင်ရေမြေ သဘာဝအလှတရားကို မြင်တွေခံစားတတ်တဲ့ နှလုံးသားတစ်စုံရှိရင်တော့ တေးရေးဆရာအလုပ်နဲ့ ကိုက်ညီပါတယ်။ တေးရေးဆရာအလုပ်က အဆိုတော်တွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ media သမားတွေ၊ စီးပွားရေးသမားတွေနဲ့ လက်တွဲအလုပ်လုပ်ရတဲ့အတွက် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ဖို့လိုအပ်ပါတယ်။

ပညာအရည်အချင်း

ဘွဲ့တစ်ခုရမှ ပညာအရည်အချင်းအတိုင်းအတာ တစ်ခုထိရှိမှ တေးရေးဆရာဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိသလို၊ ဆရာဝန်ဘွဲ့ယူထားရင် တေးရေးဆရာမလုပ်ရဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး။ တေးရေးဆရာဖြစ်ခြင်းက ပါရမီနဲ့ ကြိုးစားလေ့လာမှု အပေါ်မှာပဲမူတည်တာကြောင့် ဘယ်နှစ်တန်းပဲတက်နေတက်နေ၊ ဘယ်လောက်အဆင့်မြင့်တဲ့ ဘွဲ့တွေရနေရနေ ဖြစ်ခွင့်ရှိပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ တေးရေးဆရာလေးတွေဖြစ်လာကြတဲ့သူများ၊ လူငယ်လူလတ်ပိုင်းတေးရေးဆရာများ ရှိသလို အသက်ကြီးမှ တေးရေးဆရာဖြစ်လာတဲ့သူတွေလည်းရှိကြပါတယ်။ ကိုယ့်မှာ ပါရမီပါတယ်၊ ဂီတဘက်ကိုလည်း စိတ်ပါဝင်စားတယ်။ လေ့လာမှုစွမ်းရည်လည်းကောင်းမွန်တယ်ဆိုရင်တော့ တေးသီချင်းရေးဖွဲ့သူဖြစ်ဖို့ အလားအလားရှိပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

သီချင်းရေးဆရာ တစ်ယောက် အတွက် ကုန်ကျစရိတ်ကတော့ တက္ကသိုလ်တက်ရတာမျိုး၊ သင်တန်းကျောင်းကို တစ်နှစ် နှစ်နှစ်တက်ရတာမျိုးမဟုတ်တော့ ခန့်မှန်းရခက်ပါတယ်။ အဲ့လိုပြောလို့ တက္ကသိုလ်တက်ရင်ရောမရဘူးလားဆိုရင်တော့ တက်လို့ရပါတယ်။ အနုပညာကျောင်းမယ့်သူဆိုရင်တော့ ၅နှစ်တာကာလအတွင်း ကျောင်းတက်စရိတ်ထက် အဆောင်နေစရိတ်၊ စားစရိတ်တွေက ပိုပြီးကုန်ကျနိုင်ပါတယ်။တစ်နှစ်တာကုန်ကျစရိတ်ကို အတိအကျခန့်မှန်းလို့မရပေမဲ့ အစိုးရတက္ကသိုလ်ကျောင်းတိုင်းက တစ်လကို အနည်းဆုံးတစ်သိန်းနဲ့ နှစ်သိန်းကြား ကုန်ကျမှာဖြစ်ပြီး အများဆုံးကတော့ ကိုယ်သုံးသလောက်ကုန်ကျမှာပါ။ တစ်နှစ်၊ နှစ်နှစ်နဲ့ Diploma ရတဲ့ သင်တန်းတွေအတွက်ကတော့ Course အလိုက် ဒလောက်ကနေ ဒလောက် ကုန်ကျမှာပါ။ သုံးလေးလပေးတက်ရတဲ့ ဂီတ သင်တန်းတွေကတော့ အနည်းဆုံး သင်တန်းကြေးအနည်းဆုံး ၅ သောင်းအထိ ရှိပါတယ်။ music က သင်တန်းတစ်ခုထဲ ကျောင်းဘွဲ့လက်မှတ်တစ်ခုထဲနဲ့ သင်ကြားမှု ရပ်တန့်သွားတာမျိုးမဟုတ်ပဲ ထပ်ထပ်သင်ကြားချင်ရင် သင်ကြားသလို ကုန်ကျစရိတ်တွေ အနည်းနဲ့ အများရှိနေမှာပါ။ ကိုယ့်ရဲ့ အနီးအနားက ဂီတပညာရှင်တွေဆီမှာ လေ့လာဆီးပူးရမယ်ဆိုရင်လည်း သူတို့ အတွက် ဉာဏ်ပူဇော်ခတွေ တော့ ကုန်ကမှာပါ။ နိုင်ငံခြားပညာသွားသင်မယ်ဆိုရင်တော့ ဟိုမှာ သွားနေရမယ့် စရိတ်နဲ့ ကျောင်းလခတွေအတွက် သိန်းရာချီကုန်မှာဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

တေးရေးဆရာတစ်ယောက်က သူရေးပေးတဲ့ သီချင်း အောင်မြင်ရင်အောင်မြင်သလောက် ဝင်ငွေကောင်းကြပါတယ်။ သီချင်းတစ်ပုဒ်ကို အနည်းဆုံး နှစ်သိန်းကနေ လေးသိန်းအထိ အများဆုံးသိန်းဆယ်ဂဏန်းအထိ ဈေးပေးဝယ်ကြပါတယ်။ ကိုယ်ကသာ အောင်မြင်သွားတယ်ဆိုရင်တော့ ဒီထက် ပိုတဲ့ ပမာဏကို သီချင်းတစ်ပုဒ်အတွက် ဈေးတောင်းလို့ရမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေအတွက် ကြော်ငြာသီချင်းရေးပေးရတာတွေအတွက်ကတော့ သူတို့နဲ့ ညှိနှိုင်းပြောဆိုလိုရတဲ့ ပမာဏတစ်ခုအထိ ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအတွက် သီချင်းရေးရတာတွေ၊ ရုပ်ရှင်ဇာတ်ကားအတွက် သီချင်းရေးပေးရတာတွေကလည်း ညှိနှိုင်းပြောဆိုရတဲ့ အတွက် ခန့်မှန်းဖို့ တော့ ခက်ပါတယ်။ မအောင်မြင်သေးတဲ့ သီချင်းရေးဆရာတွေရှိသလို အောင်မြင်နေတဲက တေးရေးတွေရှိပါတယ်၊ နဂိုကအောင်မြင်ပြီးတော့ ခုမှ နံမည်ကျသွားတဲ့ တေးရေးတွေလည်းရှိနေတဲ့ အတွက် သူတို့ ရဲ့ ဝင်ငွေက သူတို့ ရဲ့ အောင်မြင်မှုနဲ့ပဲ တိုက်ရိုက်အချိုးကျနေပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

တေးရေးသူတစ်ယောက်အတွက် အလုပ်အကိုင် အခွင့်အလန်းကတော့ သူတို့ ရဲ့ဖန်တီးမှုနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အဆိုတော်တစ်ယောက်အတွက်သီချင်းတစ်ပုဒ်ရေးပေးလို့ ပေါက်မြောက်သွားတယ်ဆို နောက်ထပ် အဆိုတော်တွေဆီက ကမ်းလှမ်းမှုတွေရရှိလာမှာဖြစ်ပါတယ်။ TV ဇာတ်လမ်းတွဲအတွက် သီချင်းရေးပေးရတာမျိုး၊ ကုမ္ပဏီက ကမ်းလှမ်းလို့ ကြော်ငြာသီချင်းရေးပေးရတာမျိုး ကို လည်း ကိုယ်နံမည်ရှိရင် ရှိသလို၊ ကိုယ့်ရဲ့ ဖန်တီးမှု တွေ ကောင်းရင်ကောင်းသလို အလုပ်အများအပြားရနိုင်ပါတယ်။ သီချင်းရေးဆရာတွေကို သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လူကြီးအဖြစ် တွေ့မြင်နိုင်သလို သီချင်းဆိုပြိုင်ပွဲ အတွက် အဆိုတော်တွေကို Training ပေးရတာမျိုးလည်း လုပ်ရပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကား တွေအတွက် သီချင်းရေးပေးတာမျိုး နိုင်ငံတော် အကျိုးပြု သီချင်းတွေ ရေးပေးရတာမျိုး၊ တစ်ခြားနိုင်ငံများနဲ့ ချစ်ကြည်ရေး သီချင်းတွေရေးစပ်ရတာမျိုး၊ အားကစားသမားတွေအတွက် စိတ်ခွန်အားရှိစေဖို့ ရေးစပ်ရတာမျိုး၊ ဘာသာရေးသီချင်းများရေးစပ်ပေးရတာမျိုး၊ လူမျိုးရေးသီချင်းရေးစပ်ပေးရတာမျိုး စသည့်အားဖြင့် သီချင်းရေးစပ်တဲ့ အလုပ်က ကျယ်ပြန့် ပါတယ်။

အလုပ်ရဲ့ အနာဂတ်

သီချင်းနားဆင်ခံစားရတာ မကြိုက်တဲ့သူမရှိသလို သီချင်းဆိုတာလည်း အမြဲတမ်းတည်ရှိနေမယ့်အရာတစ်ခုပါပဲ။ ရှေးလျှောက်ကျွန်တော်တို့အားလုံးလည်း သီချင်းကို နားထောင်ကြမှာဖြစ်ပါတယ်၊ တီဗွီတွေဇာတ်လမ်းတွေ၊ ရုပ်ရှင်ကားတွေကြည့်နေကြဦးမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေကလည်း သတို့ ရဲ့ထုတ်ကုန်ကို လူအများစိတ်ဝင်စားအောင် တီဗွီတွေ၊ Social Media တွေပေါ်မှာ ကြော်ငြာသီချင်းအတိုလေးတွေနဲ့ ကြော်ငြာ ကြဦးမှာပါ။ ဒါ့အပြင် Game တစ်ခုအတွက် Theme Song ရေးပေးရတာမျိုးလည်းနိုင်ငံခြား ကုမ္ပဏီတွေက လာရောက်ကမ်းလှမ်းတာတွေရှိနေပါပြီ။ အဲ့အတွက် တေးသီချင်းရေးဖွဲ့သူတွေက လိုအပ်နေဦးမှာပါ။ ဒါ့အပြင် ကိုယ်နဲ့ဝါသနာတူသူများ၊ အဆိုဝါသနာရှင်များ၊ တီးခတ်တဲ့သူများနဲ့ ပေါင်းစည်းပြီးလည်း Band တစ်ခုအနေနဲ့လည်းရပ်တည်လို့ ရပါတယ်။ အောင်မြင်မှု တစ်ခုအထိရောက်သွားတဲ့ တေးရေးဆရာ များအနေနဲ့ အလုပ်အကိုင်အနာဂတ်တစ်ခုက ကောင်းမွန်နေမှာပါ။ မအောင်မြင်သေးပေမဲ့ ကြိုးစားနေကြတဲ့ တေးရေးဆရာတွေလည်း အလုပ်အကိုင်ရဲ့ အနာဂတ်ကကောင်းမွန်တာကြောင့် ဆက်လက်ကြိုးစားဖိုလိုအပ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

သီချင်းတစ်ပုဒ်ဖန်တီးဖို့ လိုအပ်တဲ့ ကုန်ကြမ်းကို ဈေးမှာ ရှာဝယ်လို့မရနိုင်ပါဘူး။ကိုယ်ကိုယ်တိုင်ပဲ ခံစားပြီး ဖန်တီးရတာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်မှာ ရှိတဲ့ခံစားချက်က ကိုယ့်ရဲ့ခံစားချက် ဖြစ်နေလို့ မအောင်မြင်ရင်တောင် ဒီသီချင်းအတွက် စိတ်ကျေနပ်မိမှာပါ။ ကိုယ်ရေးပေးလိုက်တဲ့ သီချင်းတစ်ပုဒ်ကြောင့် လူတစ်ယောက်အဆိုတော်ဖြစ်သွားတယ်၊ ကုန်ပစ္စည်းတစ်ခုရဲ့ ကြော်ငြာမှု အောင်မြင်သွားတယ်ဆိုရင်လည်း ဂုဏ်ယူစရာတစ်ခုဖြစ်တဲ့အပြင် နောက်ထပ်အလုပ်တွေအများကြီးလုပ်ရလို့လည်း အလုပ်အပေါ်ကျေနပ်မှု တွေရနေမှာပါ။ ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိတဲ့ အတွက် အလုပ်လုပ်ရတာအားရှိနေမှာဖြစ်သလို ထပ်ထပ်ပြီးရေးချင်စိတ်တွေလည်းဖြစ်လာမှာပါ။ အနုပညာအသိုင်းအဝိုင်းကြားမှာ တစ်ဖက်တစ်လှမ်း ပါဝင် ပံပိုးကူညီခွင့်ရလို့ လည်း တေးရေးဆရာများက အလုပ်လုပ်ရတာ အားရကျေနပ်နေမှာပါ။ ကိုယ့်ရဲ့ သီချင်းကို လူတွေ ဆိုတာပြန်ကြားရတဲ့ အခါမျိုးမှာလည်း စိတ်ချမ်းသာနေရမှာဖြစ်ပါတယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ပရိတ်သတ်တွေရဲ့ အားပေးမှုက တေးရေးဆရာတွေအတွက် အားဆေးတစ်ခွက်ပါပဲ။ ဒါမှာသာ တေးရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ အင်အားတွေရှိနေမှာပါ။ ပရိတ်သတ်အားပေးလို့ ပရိတ်သတ်တွေကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ စိတ်ကလည်း အလုပ်ကြိုးစားလုပ်ဖို့ တွန်းအားတစ်ခုပါပဲ။ အောင်မြင်မှု မရသေးတဲ့ တေးရေးဆရာတော်တော်များများက အနုပညာရှင် အသိုင်းအဝိုင်းတွေကြားမှာ မျက်နှာ မရသလို ဘယ်ပွဲပဲတက်တက် လူဝင်ဆံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ပိုပိုပြီးကြိုးစာဖို့ လိုအပ်တယ်ဆိုတဲ့ အသိက သူတို့ ကို တွန်အားပေးနေမှာပါ။ အဆိုတော်တွေ အောင်မြင်ဖို့ အတွက် ကိုယ့်ရဲ့ ဖန်တီးမှုက အထောက်အကူဖြစ်တာကို သိတဲ့အတွက်လည်း နောက်ထပ် ဆက်ဆက်ရေးဖို့ တွန်းအားတစ်ခုလိုဖြစ်နေမှာပါ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ