Digital Marketer တစ်ယောက်ဆိုတာ

Digital Marketer အလုပ်ဆိုတာ

Digital Marketer ဆိုတာက ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန်တွေကို အများပြည်သူတွေ နားလည်သဘောပေါက်လက်ခံပြီး သုံးစွဲချင်လာအောင် အွန်လိုင်းပေါ်မှာရှိတဲ့ Multiple Platform တွေကနေတစ်ဆင့် ပရိုမိုးရှင်းကြော်ငြာ စတာတွေကို လုပ်ကိုင်ပေးရတဲ့သူတွေ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုအတွက် သူတို့ရဲ့ Brand ကို ကြီးမားကျယ်ပြန့်စွာ လူတွေသိနိုင်ဖို့က အရေးအကြီးအဆုံးအရာတစ်ခုပါ။ ဒီအတွက် လူအများသိအောင် ကြော်ငြာတွေကို သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေကနေတစ်ဆင့် ထည့်သွင်းနေရာကနေ အခုဆိုရင် Internet ကို လူတွေပိုပြီး အသုံးပြုလာကြတဲ့အတွက် အင်တာနက် ပလက်ဖောင်းပေါ်မှာ ကြော်ငြာခြင်းက ပိုပြီး ထိရောက်လာပါတယ်။ Digital Marketer တွေက ကုမ္ပဏီမှာရှိတဲ့ တခြားသော Marketing Team တွေနဲ့ တွဲဖက်လုပ်ကိုင်ရပြီး ကုမ္ပဏီရဲ့ Brand တည်ဆောက်ခြင်း၊ ကိုယ့်ရဲ့ Brand ကို လူတွေ သိမြင် ချစ်ခင်လာအောင်ပြုလုပ်ခြင်း၊ ကိုယ့်ကုမ္ပဏီရဲ့ Brand ကို ဆက်လက်ထိန်းသိမ်းထားခြင်း စတဲ့ အချက်တွေကို ပူးပေါင်းလုပ်ကိုင်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် မတူတဲ့အရာတစ်ခုက Digital Marketer တွေအနေနဲ့ နည်းပညာကို အသုံးပြုပြီး လူတွေနေ့စဉ်အသုံးပြုနေတဲ့ Facebook, Website, App, Mobile တွေကနေတစ်ဆင့် promotion လုပ်ကြော်ငြာပေးခြင်းပဲဖြစ်ပါတယ်။ Digital Marketer တွေ ရှိနေလို့လည်း ကုမ္ပဏီတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်တွေအကြောင်းကို လူတွေဆီ အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံး၊ အလွယ်ကူဆုံးနဲ့ အမှန်ကန်ဆုံး ပေးပို့နိုင်ကြတာပဲ ဖြစ်ပါတယ်။ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် Digital Marketing မရှိတဲ့ ကုမ္ပဏီအနေနဲ့ တခြားသော ကုမ္ပဏီတွေထက် လူသိနည်းနေဦးမှာဖြစ်ပါတယ်၊ နောက်ကျနေဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုခေတ်အနေအထားအရတော့ Digital Marketer ဆိုတာက အဖွဲ့အစည်းလုပ်ငန်းအသီးသီးမှာ မရှိမဖြစ်အရေးပါတဲ့သူတွေ အနေနဲ့ ပါဝင်လျက်ရှိနေတာ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Digital Marketer တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Digital Marketer တစ်ယောက်ဖြစ်ဖို့ ကျောင်းရွေးချယ်မှု အပိုင်းမှာတော့ စီးပွားရေးစီမံခန့်ခွဲမှုအြေကာင်းကို သင်ကြားပေးနေတဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ သင်ယူလေ့လာရင်း Digital Marketer တစ်ယောက် ဖြစ်လာ နိုင်ပါတယ်။ အစိုးရစီးပွားရေးကျောင်း တက်ရောက်သင်ကြားတဲ့သူအနေနဲ့ Digital Marketing ပညာအတွက် အပြင်သင်တန်းမှာ ထပ်မံလေ့လာဖို့လိုအပ်ပေမယ့် ပုဂ္ဂလိကစီးပွားရေး သင်တန်းကျောင်းတွေမှာတော့ Digital Marketing ပိုင်းကို ဆက်လက်သင်ကြားနိုင်ပါတယ်။ ရန်ကုန်မြို့မှာ တော့ MIB ( Myanmar Institute of Business), Strategy First University, BIY( Business Institute Yangon) စတဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ စီးပွားရေးစီမံခန့်ခွဲမှုအပြင် Digital Marketing နဲ့ပတ်သက်တဲ့ course တွေကို လေ့လာသင်ယူနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Digital Marketer တစ်ယောက်အနေနဲ့ စီးပွားရေးကို ကောင်းမွန်စွာနားလည်ပြီး ပြောင်းလဲနေတဲ့စီးပွားရေး စီးကြောင်းကို အမြဲတမ်းလေ့လာဖို့ စိတ်အားထက်သန်သူတွေနဲ့တော့ အထူးသင့်တော်တဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန် brand ကို လူတွေသိအောင်၊ ကုမ္ပဏီကနေ လူတွေဆီပေးနေတဲ့ ဝန်ဆောင်မှုတွေ၊ ကုမ္ပဏီရဲ့ products ရဲ့ အကျိုးသက်ရောက်မှုတွေကို လူတွေသိနားလည်လာအောင် လုပ်ရမှာဖြစ်တဲ့အတွက် Digital Marketing Strategy ကိုတော့ ကိုယ်တိုင်ရေးဆွဲနိုင်လောက်တဲ့အထိ လေ့လာမှုကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ စားသုံးသူတွေရဲ့ လိုအပ်ချက်တွေ၊ စားသုံးသူတွေကြား trends ဖြစ်နေတဲ့အရာတွေကို သေချာ သဘောပေါက် နားလည်ဖို့လိုအပ်ပါတယ်။ နည်းပညာတွေနဲ့ လုပ်ကိုင်ရမှာဖြစ်တဲ့အလျောက် အင်တာနက် Platform ပေါ်မှာဖြစ်လာတဲ့ အခြေအနေကြောင့် Brand Message မထိရောက်တာမျိုးတွေကို ဖြေရှင်းနိုင်အောင် Multiple Platform တွေဖြစ်တဲ့ Facebook, website, app တွေရဲ့ နည်းပညာလုပ်ဆောင်ချက်ကို သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။
စားသုံးသူတွေရဲ့ စိတ်ပါဝင်စားမှု အပြည့်အဝရရှိမှသာ မိမိတို့ ကုမ္ပဏီရဲ့ Marketing အောင်မြင်မှာဖြစ်လို့ Marketing ပြုလုပ်တဲ့ အခါမှာလည်း ထိရောက်တဲ့ နည်းဗျူဟာ ဆုံးဖြတ်ချက်နဲ့ တီထွင်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။ Marketing အခြေခံကို ကောင်းကောင်းသဘောပေါက်နားလည်ပြီး Presentation skills ရှိဖို့လိုအပ်ပါတယ်။ Marketing ဆိုတာက အဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး Marketer တစ်ယောက် အနေနဲ့ အများနဲ့ တိုင်ပင်လုပ်ဆောင်ရတာဖြစ်လို့ ညှိနှိုင်းခြင်းအတတ်ပညာကလည်းအထူးလိုအပ်ပါတယ်။ ( SEO, Social Media, Content Marketing, email Marketing, PPC, SEM) စတဲ့ Marketing ရဲ့ အဓိက အရေးပါဆုံး Area တွေမှာ ဗဟုသုတရှိဖို့လိုအပ်ပါတယ်။ Marketing နဲ့ ပတ်သက်တဲ့ သတင်းတွေအပြင် trend ဖြစ်နေတဲ့ အရာတွေကို အမြဲတစေလေ့လာဖို့ကလည်း အဓိကအချက်တစ်ခု ဖြစ်ပါတယ်။

ပညာအရည်အချင်း

Digital Marketer တစ်ယောက်အနေနဲ့ ဘွဲ့တွေ၊ ပညာအရည်အချင်းလက်မှတ်တွေ ဆိုတာထက် ရှိသင့်တဲ့အရည်အချင်းတွေကတော့ Communication, Marketing , Business Administration စတဲ့ အရည်အချင်းတွေရှိဖို့လိုအပ်ပါတယ်။ Marketing အသိပညာပဲရှိပြီး Communication ကောင်းကောင်းမလုပ်နိုင်ရင် စီးပွားရေးလုပ်ငန်းတိုးတက်ဖို့ အလားအလား ကောင်းမွန်မှာ မဟုတ်ပါဘူး။ စီးပွားရေးစီမံခန့်ခွဲမှုကို နားမလည်ပဲ Marketing လုပ်မယ်ဆိုလည်း ပရမ်းပတာဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့် Communication, Marketing, Business Administration စတဲ့အဓိက အရည်အချင်းတွေရှိဖို့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

Digital Marketing ပညာသင်ကြားမှုမှာတော့ မိမိရွေးချယ်တဲ့ ကျောင်းတွေအလိုက် ကုန်ကျစရိတ်ကတော့ အနည်းအများကွာခြားမှုရှိပါတယ်။ အစိုးရတက္ကသိုလ်တက်မယ့်သူများအနေနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ပညာအတွက် စုစုပေါင်း (၄)နှစ်စာ ကျောင်းလခ အနေနဲ့ အများကြီး မကုန်ကျနိုင်ပေမယ့် အဆောင်နေစရိတ်၊ စားစရိတ်တွေကတော့ ကိုယ့်အပေါ် မူတည်ပါတယ်။ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာတော့ စီးပွားရေးစီမံခန့်ခွဲမှုသာမက Digital Marketing နဲ့ သက်ဆိုင်တဲ့ Course အလိုက် သင်တန်းကြေး ပျှမ်းမျှ (၂) သိန်းမှ သိန်း (၂၀) လောက်အထိ ရှိနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာနဲ့ဝင်ငွေပိုင်းမှာတော့ Digital Marketer တစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်သလို ကိုယ့်ရဲ့ ပညာရပ်ကျွမ်းကျင်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ ယေဘုယျသဘောနဲ့ ပြောရမယ် ဆိုရင်တော့ ပျမ်းမျှ (၂) သိန်း ကနေ (၁၀) သိန်းလောက်အထိ ရရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Digital Marketing ဆိုတာက ပုဂ္ဂလိက စီးပွားရေးလောကရဲ့ ပြိုင်ဆိုင်မှုကြား အရေးပါတဲ့အရာတစ်ခုဖြစ်လို့ စီးပွားရေးလုပ်ငန်းတိုင်း၊ ကုမ္ပဏီတိုင်းမှာ အရေးပါပါတယ်။ စာအုပ်ဘောပင်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကအစ ကား၊ လေယာဉ်ပျံ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအထိ Digital Marketer ရဲ့ အရေးပါမှုတွေက အဓိက ကျနေတုန်းဖြစ်ပါတယ်။ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ နည်းပညာထုတ်ကုန်များရဲ့ Marketing ကြော်ငြာတွေကို သူ့ထက်ငါ အပြိုင်တွေ့မြင်နိုင်သလိုပဲ Digital Marketing မှာ Specialist ဖြစ်နေတဲ့သူ တစ်ယောက်အနေနဲ့ တော့ အလုပ်အကိုင်ရှားပါးမှုဆိုတာမရွိပါဘူး။

အလုပ်ရဲ့ အနာဂတ်

နည်းပညာ တိုးတက်လာတာနဲ့အမျှ Digital Marketer အလုပ်က ရှင်သန်နေဦးမယ် ဆိုတာ သက်သေပြစရာတောင် မလိုလောက်အောင် မှန်ကန်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့ ကုန်ပစ္စည်းအောင်မြင်မှုကို အထိရောက်ဆုံး Marketing နည်းပညာတွေ ဖြစ်တဲ့ online marketing, Digital Marketing တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ပြုလုပ်နေကြဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Digital Marketing အလုပ်ရဲ့ အနာဂတ်အနေနဲ့တော့ စီးပွားရေး လုပ်ငန်းတွေကို နည်းပညာနဲ့ တွဲဖက်လုပ်ကိုင်နေရသ၍တော့ အစဉ်အမြဲ လိုအပ်နေမှာ ဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ