ရုပ်ရှင် ဒါရိုက်တာ (Film Director)

ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လာစေရန် သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများကို ဦးဆောင်ညွှန်ကြားရသူ

ရုပ်ရှင် ဒါရိုက်တာ ဆိုတာ ရုပ်ရှင်ကားတွေကို ဖန်တီးတဲ့ အဓိကသူတစ်ယောက်ပါ။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဟာ ရုပ်ရှင်တစ်ကားရဲ့ အနုပညာပိုင်း နှင့် ဇာတ်လမ်းပိုင်းကို တာဝန်ယူသူဖြစ်သည်။ ထို့ပြင် ဇာတ်လမ်း၊ ဇာတ်ညွှန်း ကိုလည်း အမြင်အာရုံဖြင့် ပုံဖော်ပြီး သရုပ်ဆောင်တွေနှင့် အတတ်ပညာရှင်တွေကို ဦးဆောင်ရသူဖြစ်သည်။

ကျောင်းရှာရန်

လမ်းကြောင်း

ရုပ်ရှင် ဒါရိုက်တာ ဖြစ်ဖို့လမ်းကြောင်း

Create opportunities by yourself. လမ်းကြောင်းကတော့ ကိုယ့်ဘာသာ ဖောက်ရမှာပဲ ဘာလို့လည်းဆိုတော့ဖြတ်သန်းရတဲ့ဘဝတွေကမှ မတူတော့လမ်းကြောင်းကလည်းမတူနိုင်ဘူး ယေဘုယျအားဖြင့်တော အနုပညာကျောင်းတက် ကိုယ့်ဘာသာ project တွေရှာ နာမည်တစ်ခုမရခင် လေ့လာသင်ယူ ကိုယ့်ရဲ့ဖန်တီးမှူကို ချပြ မအောင်မြင်ခင် အရှူံးတွေကနေ သင်ခန်းစာယူ တစ်နေ့ကိုယ့်အလှည့်ရောက်လာမှာပါ

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြန်မာနိုင်ငံမှာ ရုပ်ရှင်ပညာပိုင်းနှင့်ပတ်သတ်ရင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ၊ Yangon Film School , Reflexion Creative Studio , MMDC တို့တွင်သင်ယူနိုင်ပါသည်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ သတ်မှတ်ထားတဲ့ ဘွဲ့တွေ ပညာအရည်အချင်းတွေ ရှိရမယ်လို့ တော့မရှိပါဘူး။သို့ပေမယ့်လည်း ရုပ်ရှင်ပညာနဲ့သက်ဆိုင်တဲ့ ဘာသာရပ်တွေမှာ ဘွဲ့ဖြစ်ဖြစ်၊ ဒီပလိုမာ ဖြစ်ဖြစ် တစ်ခုခုရှိရင်တော့ ပိုပြီးကောင်းပါတယ်။

ရုပ်ရှင် ဒါရိုက်တာ ဆိုတာ ရုပ်ရှင်ကားတွေကို ဖန်တီးတဲ့ အဓိကသူတစ်ယောက်ပါ။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဟာ ရုပ်ရှင်တစ်ကားရဲ့ အနုပညာပိုင်း နှင့် ဇာတ်လမ်းပိုင်းကို တာဝန်ယူသူဖြစ်သည်။ ထို့ပြင် ဇာတ်လမ်း၊ ဇာတ်ညွှန်း ကိုလအမြင်အာရုံဖြင့် ပုံဖော်ပြီး သရုပ်ဆောင်တွေနှင့် အတတ်ပညာရှင်တွေကို ဦးဆောင်ရသူဖြစ်သည်။
ဒါရိုက်တာတစ်ယောက်ဟာ ရုပ်ရှင်ကားတစ်ကားရဲ့ အစမှအဆုံး အဆင့်တိုင်း ပါဝင်နေသူဖြစ်တယ်။ ဒါကြောင့်သူတို့ဟာ နည်းပညာပိုင်းဆိုင်ရာ နှင့် အုပ်ချုပ်မှုဆိုင်ရာ တွေမှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချရန် အရေးကြီးပါတယ်။
ဒါရိုက်တာ တစ်ယောက်ဟာ စိတ်ကူးနိုင်စွမ်းဟာအင်မတန်အရေးပါ ပါတယ်။ ဇာတ်ညွန်းမှ ပိတ်ကားပေါ် ထိရောက်အောင် စိတ်ကူးပုံဖော်ရသူဖြစ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

Course တစ်ခုကို ၂၅၀၀၀၀ နီးပါးရှိပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာကတော့ကိုယ့်ရဲ့ကျော်ကြားမှူနဲ့အရည်အချင်းဆိုင်နဲ့ဆိုင်ပါတယ် ကိုယ်ဘယ်လောက်ကောင်းလည်း ကောင်းသလောက်နာမည်ကြီးမယ် နာမည်ကြီးသလောက် ဝင်ငွေကောင်းမယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ရိုက်ကူးရေးနဲ့ ပတ်သတ်တာတွေအားလုံးဟာ သူ့အလုပ်ပါပဲ ကြော်ငြာကအစ သီချင်းအလယ် ရုပ်ရှင်ကားကြီးအဆုံး အကုန်သူနဲ့ဆိုင်ပါတယ်

အလုပ်ရဲ့ အနာဂတ်

ရုပ်ရှင်ဆိုတာ လူထုစိတ်အဝင်စားဆုံး အားပေးမှူအများဆုံး အနုပညာတစ်ခုပါ ရိုက်လို့မကုန် ပြလို့မဆုံး တကယ့် သမုဒ္ဒရာလိုပါပဲ နောက်ပိုင်းတွေမှာ အရည်အသွေးမြင့်မြင့် ပညာသားပါပါ ကုန်ကျစရိတ် အတော်အတန်ရှိတဲ့ ရုပ်ရှင်ကားတွေ ဦးစားပေးလာမှာပါ ရုပ်ရှင်ဆိုတာ တစ်ဦးတစ်ယောက်တည်းလုပ်ပြီး တစ်ဦးတစ်ယောက်တည်း အကျိုးခံစားရတာ မဟုတ်ပါဘူး ဝင်ငွေဖြန့်ကျက်မှူကလည်း အားကောင်းတော့ ရုပ်ရှင်လုပ်ငန်းဟာ အနာဂါတ်မှာ ပိုတွင်ကျယ်လာဖို့ရှိပါတယ်

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ရုပ်ရှင်ဒါရိုက်တာတွေဟာ ရုပ်ရှင်တွေကိုချစ်တဲ့လူတွေဖြစ်ပြီး ရုပ်ရှင်ဖန်တီးရတာကို ချစ်မြတ်နိုးသူတွေဖြစ်တဲ့အတွက် သူတို့ဟာ အလုပ်နဲ့ ဝါသနာဟာတစ်ထပ်ထည်းကျသူတွေဖြစ်ပါတယ်။
ရုပ်ရှင်ဖန်တီးသူတွေဟာ လူတွေရဲ့နေ့စဉ်ဘဝတွင် ဖျော်ဖြေမှုပေးနိုင်သူတွေဖြစ်ပါတယ်။
ဒါရိုက်တာတွေက လူမှုအသိုင်းအဝန်းကို မိမိရဲ့ ရုပ်ရှင်များနဲ့ အပြောင်းအလဲတွေဖော်ဆောင်လာနိုင်ပါတယ်။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ