Fitness Trainer တစ်ယောက်ဆိုတာ

Fitness Trainer အလုပ်ဆိုတာ

Gym Trainer (သို့) Fitness Trainer တစ်ယောက်ဆိုတာ လူတွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာသန်မာစေဖို့ အားကစားနည်းလမ်းတွေကို လမ်းညွှန်ပြသတဲ့သူလို့ ယေဘုယျအားဖြင့်ဆိုနိုင်ပါတယ်။ Fitness Center ကို လာရောက်ကစားကြတဲ့ customer တွေ လိုချင်တဲ့ fitness level ရရှိဖို့အတွက် က fitness trainer တွေမှာ တာဝန်များစွာရှိပါတယ်။ဝိတ်မတက်အောင်၊ ပိုမို တောင့်တင်း လှပတဲ့ ခန္ဓာကိုယ်အချိုးအစားရရှိအောင် အားကစား ပစ္စည်းတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာကအစ ဘယ်လိုကစားနည်းတွေကို ကစားသင့်လဲဆိုတာကို စနစ်တကျကြည့်ရှုလမ်းညွှန် လေ့ကျင့်ပေးရပြီး အစားအဟာရပိုင်းဆိုင်ရာကို ပါ ညွှန်ကြားရပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီကို Train ပေးရတာမျိုးရှိသလို လူအများပါဝင်တဲ့ group တစ်ခုလုံးကိုလည်း လေ့ကျင့်ပေးရတာမျိုးလည်း လုပ်ရပါတယ်။ ကစားရမယ့် Program ‌တွေ၊ ကစားချိန် လုပ်မယ့် activities တွေ၊ ဖွင့်မယ့်သီချင်း တွေက အစ စနစ်တကျစီစဉ်ထားရသလို Fitness center ကို လာရောက်ကစားတဲ့ customer တွေကို ပျော်အောင်ထားပြီး ဆက်ဆံရေးအထူးကောင်းမွန်ရပါတယ်။ အားကစားနည်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုကောင်းကျိုးရှိတယ်၊ ဘယ်လို ဆိုးကျိုးရှိတယ်ဆိုတာကို နားလည်ထားရပြီး Body Fitness အတွက် လိုအပ်ချက်မတူညီတဲ့ Customer အသီးသီးကို မတူညီတဲ့ကစားနည်းများနဲ့ Train ပေးရပါတယ်။ ဒီနေ့ကစားပြီးနောက်နေ့စိတ်ပျက်သွားပြီး မလာတော့တာမျိုးမဖြစ်ရအောင်လည်း customer တွေအတွက် Motivation ဖြစ်စေမယ့် စနစ်ကျတဲ့ exercise strategies များနဲ့ Train ပေးရပါတယ်။ ဒါ့ကြောင့်ချုံငုံပြီးပြောရရင်တော့ Gym Trainer တွေဆိုတာ Hard Skills ရော Soft Skills တွေပါပြည့်စုံပြီး လူထုကျန်းမာသန်စွမ်းမှုအတွက် လမ်းညွှန်သင်ကြားပေးနေတဲ့ Physical Mentor တွေလို့ သတ်မှတ်နိုင်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Fitness Trainer တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Gym Trainer တစ်ယောက်ဖြစ်ဖို့ဆိုတာက မိမိ ရဲ့ ဝါဿနာအပေါ် အခြေခံပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု လေ့ကျင့်ခန်းလုပ်ခြင်းမှာ စိတ်အားထက်သန်ဖို့ကတော့အရေးအကြီးဆုံးဖြစ်ပါတယ်။ သွားရမယ့်လမ်းကြောင်းအနေနဲ့ ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ခြင်းကနေစတင်ရမှာဖြစ်ပြီး တစ်ခြားသူကို လမ်းညွှန်နိုင်ဖို့ လေ့ကျင့်ခန်းနဲ့သက်ဆိုင်တဲ့ Exercise Science, Exercise Technique များကို စနစ်တကျလေ့လာဖို့လိုပါတယ်။ ဒီလို Hard Skills တွေအပြင် Soft skills တွေဖြစ်တဲ့ Health Psychology, လူတွေရဲ့ Behavior Changing, Motivation Strategies နဲ့ communication အတွက်လည်း အထူးလေ့ကျင့်သင်ကြားထားဖို့လိုအပ်ပါတယ်။ လိုအပ်တဲ့ Skills တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လေ့ကျင့်သင်ကြားပေးနေတဲ့ အစိုးရကျောင်းတွေမရှိပေမယ့် ပုဂ္ဂလိက သင်တန်းကျောင်းများမှာ တက်ရောက်သင်ကြားနိုင်သလို လုပ်ငန်းခွင်တွေကနေလည်း လက်တွေ့သင်ကြားသွားရမှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Gym Trainer တစ်ယောက်အနေနဲ့ Customer တွေရဲ့ ကျန်းမာရေး၊ ခန္ဓာကိုယ် အချိုးအစား၊ ရည်ရွယ်ချက်အလိုက် သင့်တော်သလို လမ်းညွှန်ပြသပေးရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ သင့်တော်ညီညွတ်တဲ့ နေထိုင်မှုပုံစံတွေ၊ အစားအသောက်၊ လိုအပ်တဲ့ အာဟာရ အစရှိတဲ့ အချက်အလက်တွေကိုပါ အကြံပြုဆွေးနွေးပေးရတာ ဖြစ်တဲ့အတွက် ကျန်းမာရေး၊ အလှအပနဲ့ အာဟာရဆိုင်ရာ ဗဟုသုတွေ ရှိဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ထိခိုက်ဒဏ်ရာ ရရှိထားသူတွေ၊ ကျန်းမာရေးအခံရှိသူတွေနဲ့ပါ ကြုံတွေ့နိုင်တာမို့ ဆေးပညာဆိုင်ရာ အခြေခံဗဟုသတလည်း ရှိသင့်ပါတယ်။ Customer တွေကနေ တစ်ဆင့် Complain အမျိုးမျိုး ရှိလာနိုင်တာကြောင့် ပြဿနာဖြေရှင်းနိုင်စွမ်းရှိဖို့ လိုသလို ကိုယ်ကာယ အထူးကြံ့ခိုင်ဖို့ လိုပါတယ်။ Customer တွေရဲ့ လိုအပ်ချက်၊ ဆန္ဒအပေါ် မူတည်ပြီး အကြံပေးလမ်းညွှန်ပေးရမှာ ဖြစ်တဲ့အတွက် နားထောင်မှုစွမ်းရည် ကောင်းမွန်ပြီး ပြောဆိုဆက်ဆံရေး လိမ္မာပါးနပ်သူ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် Gym Trainer တစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ Fitness ပိုင်းကို စိတ်ပါဝင်စားပြီး အမြဲမပြတ် လေ့လာနိုင်သူ၊ စိတ်ရှည်သည်းခံနိုင်သူ၊ ဦးဆောင်နိုင်စွမ်းရှိသူ၊ ဆေးပညာဗဟုသုတရှိသူ၊ ပြောဆိုဆက်ဆံရေးကောင်းမွန်သူ၊ ကိုယ်ကာယကြံ့ခိုင်မှုရှိသူ အဲလိုလူမျိုးတွေနဲ့ ပိုမိုသင့်တော်ပါတယ်။

ပညာအရည်အချင်း

Gym trainer တစ်ယောက်ဖြစ်ဖို့ အားကစားနဲ့ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှု အသိအမှတ်ပြုဘွဲ့၊ သို့မဟုတ် Fitness Trainer သင်တန်းဆင်းလက်မှတ်ရှိထားဖို့လိုအပ်ပါတယ်။ ဒီလို သင်တန်းကျောင်းတွေကို တက်ရောက်သင်ကြားတဲ့အခါ အားကစားနဲ့ပတ်သက်တဲ့ သိပ္ပံဘာသာရပ်တွေ၊ စိတ်ပညာတွေ၊ နည်းဗျူဟာတွေကို လေ့လာဖို့လိုအပ်တာကြောင့် အနည်းဆုံးတော့တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူဖြစ်ဖို့လိုအပ်သလို နိုင်ငံခြားကျောင်းတွေမှာ သွားရောက်သင်ကြားဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ English ဘာသာစကားကိုတော့အထူးကျွမ်းကျင်ဖို့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Gym Trainer တစ်ယောက်အနေနဲ့ ပုံမှန် ပျမ်းမျှဝင်ငွေ ၃ သိန်းကနေ ၁၀ သိန်းဝန်းကျင်လောက်အထိ ရှိနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ Group Workout တွေ၊ Class တွေ၊ Personal Training ပိုင်း ယူတဲ့သူတွေအတွက်ကတော့ ဝင်ငွေကွာခြားမှု ရှိနိုင်ပါတယ်။ ဒါ့အပြင် Customer အိမ်မှာ သီးသန့် သွားရောက် train ပေးတာမျိုးရှိတာမို့ ဒါကတော့ မိမိရဲ့ ကိုယ်ပိုင်ဈေးနှုန်း သတ်မှတ်မှုအပေါ် မူတည်ပါတယ်။ Fitness Center နဲ့ Gym တွေမှာတော့ Trainer တွေအနေနဲ့ Member bonus နဲ့ Class bonus ပေးတာမျိုးလည်း ရှိပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အလုပ်အကိုင်ပိုင်းမှာတော့ အဓိကအားဖြင့် ကျန်းမာရေး၊ ကိုယ်ကာယ ကြံ့ခိုင်ရေးနဲ့ အားကစား စတဲ့ နယ်ပယ်တွေ ဥပမာ – Fitness and Gym, အားကစားရုံ၊ အပန်းဖြေစခန်း၊ လေ့ကျင့်ရေးဌာနတွေမှာ လုပ်ကိုင်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ်ပိုင် Fitness လုပ်ငန်း တည်ထောင်တာမျိုး၊ Fitness Blogger or Vlogger အဖြစ်လုပ်ကိုင်တာမျိုးနဲ့ သီးသန့် Personal Trainer အဖြစ်နဲ့လည်း ရပ်တည်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

အခုလို ၂၁ရာစုခေတ်မှာတော့ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဗဟုသုတတွေ၊ အတွေးအမြင်တွေ ပိုမိုကျယ်ပြန့်လာတာကြောင့် လူတွေအနေနဲ့ Fitness ပိုင်းကို ပိုစိတ်ဝင်စားလာကြပါတယ်။ အလှအပရေးရာ တစ်ခုတည်းအတွက်တင်မဟုတ်ဘဲ ကျန်းမာရေးအရ ဆော့ကစားသူတွေ ပိုမိုများပြားလာသလို Fitness Center တွေအနေနဲ့လည်း Yoga, Zumba, Cardio စတဲ့ အတန်းပုံစံ၊ အုပ်စုလိုက် ကစားတဲ့ ပုံစံလေးတွေ ဖန်တီးလာကြတဲ့အတွက် အရင်ကထက် လူတွေကို ပိုမိုဆွဲဆောင်လာနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Fitness ဆိုင်ရာ ဗဟုသုတနဲ့ Tutorial Videos လေးတွေကို ကိုယ်ပိုင် Vlog ကနေ ဝေမျှပေးတာမျိုးလေးတွေလည်း များပြားလာတာမို့ Fitness ကဏ္ဍဟာ လူမှုကွန်ရက်မှာ ပိုမိုရေပန်းစားလာပါတယ်။ ရန်ကုန်မြို့မှာလည်း မြို့နယ်အလိုက် Fitness Center တွေတိုးများလာသလို အခြားမြို့နဲ့ ပြည်နယ်တွေမှာလည်း တဖြည်းဖြည်း တိုးချဲ့လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အလှအပ၊ ကိုယ်ကာယပိုင်းနဲ့ ကျန်းမာရေး စတဲ့အချက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အလျောက် Gym Trainer အလုပ်အကိုင်ဟာလည်း အနာဂတ်မှာ ဆက်လက်တိုးတက်လာဦးမယ့် အလားအလာရှိပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ