Investor (ရင်းနှီးမြှပ်နှံမှု ပညာရှင်) ဆိုသည်မှာ

Investor အလုပ်ဆိုတာ

Investor တစ်ယောက်ဆိုတာ ကုမ္ပဏီတစ်ခု ကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် ငွေကြေးအရင်းအနှီးထုတ်ပေးရသလို ကိုယ်တိုင်ပါဝင်လုပ်ဆောင်ရတာမျိုးကိုလည်း လုပ်ဆောင်ရတဲ့ စီးပွားရေးပညာရှင်တွေဖြစ်ပါတယ်။ ယခုခေတ်မှာတော့ အများပိုင်ကုမ္ပဏီစနစ်က တိုးတက်လာတာနဲ့အမျှ Investor တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ကုမ္ပဏီမထောင်နိုင်ရင်တောင် အလားအလာကောင်းတဲ့ ကုမ္ပဏီမှာ ငွေကြေးရင်းနှီးမြှပ်နှံခြင်းများကို တွင်ကျယ်စွာ လုပ်ကိုင်နိုင်ပြီး ရှယ်ယာဝင်တစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူဆိုတာ လုပ်ငန်း ပေါ်မူတည်ပြီး အမျိုးအစားအမျိုးမျိုး ကွဲပြားပါတယ်။ လုပ်ငန်းကြီး ကုမ္ပဏီကြီးတွေမှာ ရှိတဲ့ Institutional investor, တိုးတက်မှု အလားအလာရှိတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေမှာ ရင်းနှီးမြှုပ်နှံတဲ့ Private Equity Investor ဆိုပြီးရှိသလို SME (Small and medium-sized enterprises) အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းေတွ စတင် လည်ပတ်ခါစ ကုမ္ပဏီ အဖွဲ့အစည်းတွေမှာ အရင်းအနှီးထည့်ဝင်တဲ့ Venture Capital Investor ဆ်ုပြီးတော့ အခြေခံအားဖြင့် ၃မျိုး ရှိပါတယ်။ Institutional investor တော်တော်များများကတော့ လုပ်ငန်းမှာ ငွေအလုံးအရင်းအလိုက် ထည့်ဝင်ရင်းနှီးပြီးတော့ လုပ်ငန်းလည်ပတ်မှုအပိုင်းမှာ ပါဝင်ခြင်းမရှိတော့တာမျိုးလည်းရှိပါတယ်။ အခြား investor တွေဖြစ်တဲ့ Private equity investor နဲ့ Venture capital investor တွေကတော့ အဖွဲ့အစည်းအပေါ် ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာ ပမာဏအပေါ်မူတည်ပြီးတော့ လုပ်ငန်းရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာ ရာထူးတစ်ခုအနေနဲ့ တာဝန်ယူတတ်ပါတယ်။ ငွေအရင်းအနှီးပဲထည့်ဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကိုတော့ passive investment လို့ခေါ်ပြီး ငွေအရင်းအနှီးအပြင် စီမံခန့်ခွဲမှူပိုင်းမှာပါ တာဝန်ယူလေ့ရှိတဲ့ investment မျိုးကိုတော့ Active investment ဖြစ်ပါတယ်။ ကျွမ်းကျင်စွာရင်နှီးမြှပ်နှံမှုဆိုတာက Investor များအနေနဲ့ Cash flow တွေအကြောင်း၊ စျေးကွက်အခြေအနေနဲ့ ဖြစ်လာနိုင်တဲ့ပြဿနာ ကို သိရှိထားပြီး ရင်းနှီးမြှပ်နှံမှုကို ဉာဏ်ပညာရှိရှိလုပ်ဆောင်ရပါတယ်။ဒါ့ကြောင့် စက္ကန့်နဲ့အမျှပြောင်းလဲနေတတ်တဲ့စျေးကွက်စီးပွားရေးကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ထိုအပြောင်းအလဲတွေရဲ့ကြားမှာ ဉာဏ်ပညာရှိရှိ ရင်းနှီးမြှပ်နှံနိုင်တဲ့ ပညာရှင်တွေလို့ ပြောရင်လည်းမမှားနိုင်ပါဘူး

ကျောင်းရှာရန်

လမ်းကြောင်း

Investor တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ကျောင်းရွေးချယ်မှုမှာဆိုရင်တော့ စီးပွားရေး သို့မဟုတ် စီးပွားရေးနဲ့စပ်ဆိုင်တဲ့ ဘာသာရပ်တွေကို ရွေးချယ်လေ့လာသင့်ပါတယ်။ အစိုးရစီးပွားရေးတက္ကသိုလ် အပြင် အခြား Private university တွေမှာလည်း Economics, Finance ဘာသာရပ်တို့ကို အထူးပြုလေ့လာမယ်ဆိုရင် Invesment အပိုင်းတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။ အစိုးရတက္ကသိုလ်အနေနနဲ့ စီးပွားရေးတက္ကသိုလ် (ရန်ကုန်၊ မုံရွာ၊ မိတ္ထီလာ) တွေမှာ တက်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ ပုဂ္ဂလိက သင်တန်းကျောင်းများအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ MIB ( Myanmar Institute of Business), Strategy First University, BIY( Business Institute Yangon) စတဲ့ သင်တန်းကျောင်းတွေမှာ တက်ရောက်သင်ကြားနိုင်ပါတယ်။ အစိုးရကျောင်းကိုတော့ လေးနှစ်တာ တက်ရောက်ရမှာဖြစ်ပြီး ပုဂ္ဂလိကကျောင်းများမှာတော့ တစ်နှစ်ကနေ သုံးနှစ်အထိကြာမြင့်မှာဖြစ်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

ရင်းနှီးမြှုပ်နှံမှုဆိုတာ ငွေကြေးရင်းနှီးရမှာ ဖြစ်တဲ့အတွက် ရင်းနှီးငွေ အလုံအလောက် ရှိသူ သို့မဟုတ် ဝင်ငွေကောင်းကောင်းရှိတဲ့သူ ဖြစ်ဖို့တော့လိုအပ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ငွေကို ဗျူဟာကျကျ တိုးပွားစေချင်သူ၊ ငွေကို တစ်သမတ်ထဲမထားဘဲ ကစားရတာ နှစ်သက်သူတွေကတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို နှစ်သက်မှာပါ။ တစ်ဖက်မှာလည်း ရေရှည်ကိုကြည့်ပြီး မမြင်ရသေးတဲ့ အကျိုးအမြတ်ကို မျှော်မှန်းပြီး ငွေေကြးရင်းနှီးရတာဖြစ်တဲ့အတွက် စွန့်စားမှုတွေကတော့အများကြီးရှိတာ အသေအချာဖြစ်သလို ဇွဲရှိရှိနဲ့လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ နည်းလမ်းကျကျ နဲ့ Finance နဲ့ဆိုင်ရာ ဗဟုသုတတွေနဲ့ လုပ်ဆောင်နိုင်ရင် အကျိုးအမြတ်တွေမှန်းထားတာထက်လည်း ပိုတိုးနိုင်သလို ဆုံးရှုံးမှုတွေကလည်း မျှော်မှန်းထားတာထက် ပိုဆိုးလာနိုင်ပါတယ်။ အကြံပေးအနေနဲ့ လုပ်ဆောင်မယ်ဆိုလည်း ကိုယ်ရဲ့ဆုံးဖြတ်ချက်တွေ အကြံဉာဏ်တွေက အရေးပါတာဖြစ်လို့ finance လောက investment လောကကို အမြဲမပြတ် လေ့လာနေရတာ ကြိုက်နှစ်သက်သူဆိုရင် သင့်တော်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းတဲ့အတွက် အသက်ငယ်ငယ်နဲ့ စွန့်စားမှုဒဏ် ခံနိုင်ရည်ရှိမှသာ အဆင်ပြေမှာပါ။ စီမံခန့်ခွဲမှုအပြင် ကုမ္ပဏီလုပ်ငန်းများကို အများနဲ့ လုပ်ကိုင်ရမှာဖြစ်လို့ Communication Skills, Management skills များလည်းအထူးကောင်းမွန်သူဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ပညာအရည်အချင်း

ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ Finance, Economics, Business Administration, Business စတဲ့ ပညာရပ်တွေ ဘွဲ့တစ်ခုခု၊ လက်မှတ်တစ်ခုခုရှိဖို့တော့လိုအပ်သလို စတဲ့ပညာရပ်တွေကိုသိနားလည်တတ်မြောက်ထားဖို့လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

မိမိရွေးချယ်တဲ့ ကျောင်းတွေအလိုက် ကုန်ကျစရိတ်ကတော့ အနည်းအများကွာခြားမှုရှိပါတယ်။ အစိုးရတက္ကသိုလ်တက်မယ့်သူများအနေနဲ့ စီးပွားရေးစီမံခန့်ခွဲမှု ပညာအတွက် စုစုပေါင်း (၄)နှစ်စာအတွက် ကျောင်းလခ အနေနဲ့များများစားစားကုန်ကျမှာ မဟုတ်ပေမဲ့ အဆောင်နေစရိတ်စားစရိတ်အပေါ်မူတည်တာကြောင့် ခန့်မှန်းရခက်ပါတယ်။ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာတော့ စီးပွားရေး စီမံခန့်ခွဲမှု၊ Finance စသည်ဖြင့်သက်ဆိုင်တဲ့ Course အလိုက် သင်တန်းကြေး ပျှမ်းမျှ (၂) သိန်းမှ (၂၀)သိန်း ကွာခြားမှုရှိနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ရင်းနှီးမြှုပ်နှံသူ တွေက လုပ်ငန်းအပေါ်မှာ ကိုယ်တိုင် ငွေကြေးရင်းနှီးရတာဖြစ်လို့ လစာ ပမာဏ အတိအကျအနေနဲ့ ရတာမျိုးတော့မရှိပါဘူး။ အဖွဲ့အစည်းနဲ့ ရင်းနှီးမြှုပ်နှံသူတို့ သတ်မှတ်ထားတဲ့ သဘောတူညီချက် ရာခိုင်နှုန်း တွေ ပေါ်မူတည်ြ့ပီး ကိုယ်ထည့်ဝင်ရင်းနှီးထားတဲ့ ပမာဏ အလိုက် ဝင်ငွေ ရရှိမှာဖြစ်ပါတယ်။ Financial Cousultant, Financial Advisor နဲ့ လုပ်ကိုင်တဲ့သူများအနေနဲ့ လစာ သိန်း(၂၀) မှ သိန်း(၅၀) အထိရရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ကိုယ့်မှာ ရင်းနှီးမြှုပ်နှံဖို့ လုံလောက်တဲ့ ငွေကြေးရှိတယ် လုပ်ငန်းကောင်းတစ်ခုလည်းရှိတယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အဖြစ် ရပ်တည်လို့ရပါတယ်။ တစ်ကယ်လို့ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ရင်တောင်မှ Financial consultant တစ်ယောက်အနေနဲ့ investor တွေကို အကြံပေးတစ်ယောက်အနေနဲ့လည်း ဘဏ်လုပ်ငန်း၊ Financial Advisory Service လုပ်ငန်းတေွမှာ လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

မြန်မာနိုင်ငံရဲ့ စီးပွားရေးလောက က ပွင့်လင်းလာပြီး အခွင့်အရေးတွေလည်း များပြားလာပြီ ဖြစ်လို့ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နံသူတွေကလည်း ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ Investment ကို သာ ကောင်းကောင်းလေ့လာထားရင် ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှု မလုပ်ကိုင်နိုင်လည်း potential investor တွေကို ဝန်ဆောင်မှုပေးတဲ့ professional financial consultant တစ်ယောက်အနေနဲ့လည်း ရပ်တည်နိုင်သလို financial Advisory Services လုပ်ငန်းတွေကလည်း အများအပြားပေါ်ပေါက်လာတဲ့အတွက် အလုပ်အကိုင်အနာဂတ်တစ်ခုအနေနဲ့ ပိုမိုကောင်းမွန်ဦးမှာဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ