ရှေ့နေ အလုပ်ဆိုတာ

ရှေ့နေ အလုပ်ဆိုတာ

ဥပဒေနဲ့သက်ဆိုင်တဲ့ ကိစ္စတွေအားလုံးကိုကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လုပ်ဆောင်ပေးရတာကတော့ ရှေ့နေတွေပါပဲ သင်လုပ်သမျှကိစ္စတွေအားလုံး တကယ်တရားဝင်ဖြစ်ချင်ရင် ရှေ့နေတစ်ယောက်ကတော့ ပါကိုပါရမှာပဲ မင်္ဂလာဆောင်ရင်လည်း ရှေ့နေနဲ့ အိမ်ခြံမြေဝယ်လည်း ရှေ့နေနဲ့ အမှုကိစ္စတစ်ခုကြုံရင်လည်း ရှေ့နေနဲ့…စသည်ဖြင့် ပြည်သူလူထု တစ်ယောက်ချင်းဆီရဲ့ ပြဿနာရေးရာအဖြာဖြာကနေ နိုင်ငံတော်တစ်ခုလုံးရေး ဥပဒေပြုရေး ဖွဲ့စည်းပုံအြခေခံဥပဒေတည်ဆောက်ရေးထိ ရှေ့နေတေစ်ယောက်ဟာ အရေးပါတဲ့ နေရာမှာ ပါဝင်နေရပါတယ် တကယ်လေးစားရတဲ့ အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်

ကျောင်းရှာရန်

လမ်းကြောင်း

ရှေ့နေ တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ရှေ့နေအလုပ်ဆိုတာ လူတိုင်းကောက်ပြီးလုပ်လို့ရတာတော့ မဟုတ်ပါဘူး သက်ဆိုင်ရာဘွဲ့လက်မှတ်များ အသိအမှတ်ပြုလက်မှတ်များ ရှိမှသာ လုပ်ခွင့်ရှိပါတယ် ရှေ့နေဖြစ်ဖိုဆိုတာ အနည်းဆုံး ဥပဒေပညာအထူးပြုနဲ့ ဘွဲ့ရထားဖို့လိုပါတယ် ဒါမှမဟုတ်ရင်လည်း ဥပဒေပညာနဲ့သက်ဆိုင်တဲ့ diploma တစ်ခုတော့လိုပါတယ် ဘွဲ့ကြိုအတွက် ငါးနှစ်တက်ရပြီး ဘွဲ့လွန်ကတော့ နှစ် နှစ်ပါ တချို့လည်း အသက်ကြီးမှ ဥပဒေပညာကို စိတ်ဝင်စားလာလို့ အချိန်ပိုင်း diploma တက်ပြီး လေ့လာကြပါတယ် နိုင်ငံတကာကပေးတဲ့ online course တွေနဲ့ ကိုယ့်ဘာသာလေ့လာလို့ရသော်လည်း ပြည်တွင်းကသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်တွေကတော့ မရှိမဖြစ်လိုပါတယ်

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

သူများကိုကာကွယ်စောင့်ရှောက်ချင်တဲ့သူ၊အမှန်တရားကိုမြတ်နိုးတဲ့သူတွေမျိုးနောက် ကြိုးစားအားထုတ်မယ့်သူတွေပေါ့ အရပ်ထဲမှာ အပြောကောင်းတဲ့ သူဆို ရှေ့နေလုပ်ဖို့ပြောကြတယ် အမှန်ပါပဲ ရှေ့နေလုပ်မယ့်သူတစ်ယောက်ဟာ စကားပြောစွမ်းရည် အကောင်းဆုံးဖြစ်နေဖို့လိုပါတယ် တစ်ပါးသူ နားလည်အောင်ပြောနိုင်တာ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်တတ်တာ အချက်အလက်ကျကျ ငြင်းခုံတတ်တာ ဘယ်လောက်ဒေါသထွက်ထွက် တည်တည်ငြိမ်ငြိမ်ပြောဆိုတတ်တာ စသည်ဖြင့် အပြောစွမ်းရည်တွေလိုပါတယ် နောက်ထပ်အဓိကလိုအပ်တာတွေလည်း အများကြီးကျန်ပါသေးတယ် နားထောင်တတ်တဲ့စွမ်းရည် တစ်ဖက်လူပြောနေတာကို စိတ်ပါဝင်စားစွာ နားထောင်တတ်ပြီး အရေးကြီးတဲ့အချက်အလက်တွေကို ဖော်ထုတ်နိုင်တတ်ဖို့လည်းလိုပါတယ် ရှေ့နေဖြစ်ချင်တဲ့သူက တစ်ခုတည်းမှာပဲ တော်နေလို့မရပါဘူး နယ်ပယ်စုံကို သိနေဖို့လည်း လိုသလို လူတွေရဲ့ အပြုအမူအတွေအပြောအဆိုတွေကို စိတ်ဝင်စားဖို့လည်းလိုပါတယ် အတွေးအခေါ်ပိုင်းဆုံးဖြတ်မှုပိုင်းနဲ့ဆိုင်တဲ့ ဘာသာရပ်တွေမှာ ထူးချွန်နေဖို့လည်း လိုပါတယ် အထူးသဖြင့်တော့ ပြဿနာတွေ ဖြေရှင်းရတဲ့ သချာင်္လို ဘာသာရပ်မှာ တော်နေတယ်ဆိုတာက ကိုယ်ရဲ့ပြဿနာ ဖြေရှင်းနိုင်စွမ်း စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်တယ်ဆိုတာ ပြနေတာမျိုးပါ

ပညာအရည်အချင်း

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းတက်ဖို့ကတော့ bachelor ဘွဲ့အတွက် ၅ နှစ်တက်ရပြီး master ဘွဲ့အတွက်လည်း ၂ နှစ်တက်ရပါတယ် ကျောင်းစရိတ်ကတော့ မြန်မာနိုင်ငံမှာဖြစ်တဲ့အတွက် အဲ့လောက်ကြီး ပြောလောက်အောင် မကုန်ပါဘူး ကိုယ့်ရဲ့နေဖို့ထိုင်ဖို့ အသုံးစရိတ်ကပဲ အဓိကကုန်ကျတာပါ ရန်ကုန်မှာတက်ရင် ပိုကုန်ပါတယ် field ဆင်းရတာ ဘာညာတွေကလည်း ပုံမှန်တက္ကသိုလ်တွေလိုပါပဲ ရန်ကုန်မှာဆိုရင်တော့ အစိုးရဆောင်တွေမှာ နေရင် နေစရိတ်အဲ့လောက် မများပါဘူး တစ်လကို ၅သောင်း ၇သောင်း ဝန်းကျင်လောက် ကုန်ကျပါတယ် ကျန်တာကတော့ ကိုယ့်အသုံးစရိတ်ပေါ်သာ မူတည်နေပါတယ်

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာကတော့ ကိုယ်လုပ်နေတဲ့ ရှေ့နေအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားသွားပါတယ် ကိုယ်က အမှုလိုက်ရှေ့နေလား အစိုးရရှေ့နေလား ကုမ္ပဏီဆိုင်ရာ ငွေရေးကြေးရေး စာချုပ်ကိစ္စဘာညာ အကြံပေးရတဲ့ရှေ့နေလား စသည်ဖြင့် အများကြီးကွဲပြားပါတယ် အနည်းဆုံးကတော့ မြန်မာငွေ ၃ သိန်းဝန်းကျင်ရတဲ့ ရှေ့နေအလုပ်တွေကကနေ နိုင်ငံတကာလစာတွေနှင့်အညီ လစာအများအပြားခံစားရတဲ့ ရှေ့နေတွေအထိရှိပါတယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

ရှေ့မှာ ပြောခဲ့သလိုပဲ ရှေ့နေတစ်ယောက်လုပ်နိုင်တာတွေက အများကြီးပါ နိုင်ငံရေးမှာပါဝင်ပြီး နိုင်ငံ့ခေါင်းဆောင်တစ်ယော်ကဖြစ်အောင်လုပ်မလား အမှုကိစ္စတွေ ဖြေရှင်းရတဲ့ ရှေ့နေပဲလုပ်မလား အစိုးရဆီမှာလုပ်မလား ကုမ္ပဏီကြီးတွေမှာ လုပ်မလား ကိုယ့်ဘာသာကိုယ်လုပ်မလား အလုပ်ရနိုင်တဲ့နေရာတွေကတော့ တကယ်အများကြီးရှိပါတယ် ကိုယ်တိုင်ကိုယ်က ရှေ့နေတစ်ယောက်ရဲ့ အရည်အချင်းတွေအကုန်ရှိနေရင် ဘယ်မှာအလုပ်ရမယ်ဆိုတာက ပူစရာမလိုတဲ့ကိစ္စပါ ကိုယ်ကသင်ကြားရေးပိုင်းကိုပါ စိတ်ဝင်စားတယ်ဆိုရင်တော့ တက္ကသိုလ်တွေမှာ ဥပဒေပညာကို သင်ကြားပေးလို့လည်းရပါသေးတယ်

အလုပ်ရဲ့ အနာဂတ်

အနာဂါတ်အတွက်စိတ်ပူစရာ မလိုတဲ့အလုပ်တွေထဲမှာ ရှေ့နေအလုပ်က ထိပ်ဆုံးကပါဝင်ပါတယ် ရွေးချယ်စရာအလုပ်လမ်းကြောင်းတွေ များပြားတဲ့အပြင် ကိုယ်တော်ရင် တော်သလို နေရာရတဲ့အလုပ်အကိုင်ပဲဖြစ်ပါတယ် ကိုယ်သာတော်မယ်ဆိုရင် အလုပ်မရမှာတို့ လစာနည်းနေမှာတို့ဆိုတာ ပူစရာမလိုပါဘူး ဘာလို့လည်းဆိုတော့ လူသားတွေရှိနေသမျှကာလပတ်လုံး လူသားတွေနဲ့သက်ဆိုင်တဲ့ အမှုကိစ္စတွေက ရှိနေအုန်းမှာပါ..အမှုကိစ္စတိုင်းကို တရားဝင်ပြုလုပ်နိုင်တာဆိုလို့ ရှေ့နေတွေပဲရှိပါတယ်

အလုပ်အပေါ် စိတ်ကျေနပ်မှု

ကိုယ်တကယ်လုပ်ချင်တာသာ လုပ်ရရင် စိတ်မကျေနပ်စရာမရှိပါဘူး ဒါပေမယ့် ရှေ့နေအလုပ်မှာကျ ကိုယ်မျှော်လင့်မထားတာတွေပါ ကြုံရတတ်ပါတယ် ရိုးသားချင်ယောင်ဆောင်တတ်တဲ့အမှုသည်တွေနဲ့တွေ့ရင် စိတ်ညစ်ရပါတယ် အမှုလိုက်တိုင်းအနိုင်အရှုံးဆိုတာ အမြဲရှိတာမလို့ စိတ်ဓာတ်အတက်အကျ အမြဲခံနိုင်ရည်ရှိဖို့လည်းလိုပါတယ် ယေဘုယျချုံပြောရမယ်ဆိုရင်တော့ ကိုယ်ဟာတကယ်ကို ရှေ့နေဖြစ်ဖို့မွေးလာတယ်လို့ ခံစားရတဲ့သူတွေအတွက်တော့ ဘယ်လောက်အခက်အခဲတွေကြုံကြုံ ကျေနပ်ပျော်ရွှင်နေရမှာပါ

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

အသက်ရှင်ရပ်တည်နေထိုင်ဖို့အတွက် ဝင်ငွေတစ်ခုကတော့ လူတိုင်းလိုကြပါတယ် ဝင်ငွေတစ်ခုရဖို့အတွက်အလုပ်လုပ်တယ် ( ပိုက်ဆံကိုပဲကြည့်ပြီးလုပ်တယ်) ဆိုတာက ရေတိုမှာပဲ အလုပ်ကို ပျော်ရပြီး တစ်ဘဝလုံးအတွက်ဆိုရင်တော့ ကိုယ်တိုင်က ကိုယ်လုပ်နေတဲ့အလုပ်ကို ရူးသွပ်ဖို့ ချစ်မြတ်နိုးဖို့လိုပါတယ် ရှေ့နေအလုပ်မှာတော့ အမှန်တရားကို မြတ်နိုးတဲ့ချစ်မြတ်နိုးတဲ့စိတ် အမှန်တရားကို ရှာဖွေချင်တဲ့စိတ်ကသာ အဓိက ရေရှည်မှာ တွန်းအားပေးနိုင်ပါတယ်…

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ