မိတ်ကပ်ပညာရှင် ( Makeup Artist )

မိတ်ကပ်ပညာရှင်

ဆံပင်နှင့် မိတ်ကပ်ဆိုင်ရာပညာရှင်တစ်ယောက် အနေနဲ့ အသစ်သစ်သော မျက်နှာခြယ်သမှု ပုံစံတွေ၊ ဆံပင်ပုံစံအမျိုးမျိုးကိုတီထွင်ပြီးပြင်ဆင်ပေးရပါတယ်။ ယခုခေတ်မှာ သာမာန်လူတွေကလဲ မိတ်ကပ်နဲ့ ဆံပင်ဒီဇိုင်းတွေကို ပိုပြီးစိတ်ဝင်စားလာကြတာကြောင့် ပညာရှင်တွေက သင်တန်းတွေဖွင့်လည်းဖွင့်ကြပါတယ်။ ခေတ်ကာလက အမြဲတိုးတတ်နေတာကြောင့် ဒီပညာရပ်ကတော့ အမြဲလေ့လာနေရတဲ့ပညာရပ်ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာလဲ ပညာရှင်တွေက ပြင်ဆင်ပေးရလေ့ရှိပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်လာနိုင်စေမည့်လမ်းကြောင်း

ဆံပင်နှင့် မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ဖို့လမ်းကြောင်းမှာအရေးကြီးဆုံူကတော့ သင်ယူလိုတဲ့စိတ်ဆန္ဒကအရေးကြီးပါတယ်။ပညာရှင်တစ်ယောက်ဖြစ်ဖို့ အလှအပရေးရာစာအုပ်တွေ၊ ကိုယ်ပိုင်ကျောင်းတွေ၊ သင်တန်းတွေ၊ အွန်လိုင်းက သင်တန်းတွေ၊ Tutorial တွေကြည့်ပြီးတော့လဲလေ့လာနိုင်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Salon တွေမှာဖြစ်ဖြစ်.. ကိုယ်ပိုင်ဖွင့်တဲ့ ဆံပင်နဲ့ မိတ်ကပ်ကျောင်းတွေမှာဖြစ်ဖြစ် သင်ယူနိုင်ပါတယ်။ အွန်လိုင်း Tutorial တွေကနေဖြစ်ဖြစ်လေ့လာနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အမျိုးသမီးရော အမျိုးသားတွေအတွက်ပါသင့်တော်ပါတယ်။ အလှအပကို စိတ်ဝင်စားပြီး Passion ရှိတဲ့သူတွေ၊ တီထွင်ရတာတွေ အသစ်သစ်တွေကို ရှာရတာသဘောကျတဲ့သူတွေအတွတ်သင့်တော်ပါတယ်။ ပညာအရည်အချင်းသတ်မှတ်ထားတာမျိုးမရှိတာကြောင့် မည်သူမဆိုလေ့လာသင်ယူလို့ရနိုင်တဲ့ပညာရပ်ပါ။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

မိတ်ကပ် ကျောင်းစရိတ်တွေ ကုန်ကျစရိတ်တွေကတော့ များတာသေချာပါတယ်။ ကျောင်းစရိတ်ကတော့ Make-up ကျောင်းတွေမှာက ၂ ရက်ပြတ် ၃ ရက်ပြတ်အနေနဲ့ အခြေခံကို တစ်သောင်းဝန်းကျင်က စပြီးတော့ သင်ယူနိုင်ပါတယ်။ အဆင့်မြင့် ပိုင်းကို ရောက်လာလေ ကျောင်းစရိတ်ကပိုများလေပါဘဲ။ မိတ်ကပ်ပညာရပ်အတွက် အတွက်ဆိုရင် make-up brush တွေရော make-up ပစ္စည်းတွေကိုပါ ဝယ်ရမှာ ဖြစ်တာကြောင့် ပစ္စည်းရွေးခြယ်မှုအပေါ်လိုက်ပြီးတော့ ကုန်ကျစရိတ်က ပြောင်းလဲနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Salon ဆိုင်တွေမှာ အလုပ်လုပ်မယ်ဆိုရင်တော့ ဆိုင်ကသတ်မှတ်ပေးထားတဲ့လခက ရှစ်သောင်းလောက်ကနေစပြီးတော့ bonus တွေကတော့ Customer ရ တဲ့အပေါ်မူတည်ပြီးတော့ တိုးတိုးလာနိုင်ပါတယ်။ Freelance လုပ်မယ်ဆိုရင်တော့ ဘွဲ့ယူ၊ ပွဲတတ်မျိုးကိုပြင်မယ်ဆိုရင် တစ်ယောက်ကို အနိမ့်ဆုံးဈေး သုံးသောင်းလာက်ကစပါတယ်။ လစာရယ်လို့တော့ အတိအကျမရှိပါဘူး။ ကိုယ်ပြင်နိုင်တဲ့ ဦးရေကိုလိုက်ပြီးတော့ ဝင်ငွေကတော့ကွာသွားပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Salon ဆိုင်တွေမှာ အလုပ်လုပ်မယ်ဆိုရင်တော့ ဆိုင်ကသတ်မှတ်ပေးထားတဲ့လခက ရှစ်သောင်းလောက်ကနေစပြီးတော့ bonus တွေကတော့ Customer ရ တဲ့အပေါ်မူတည်ပြီးတော့ တိုးတိုးလာနိုင်ပါတယ်။ Freelance လုပ်မယ်ဆိုရင်တော့ ဘွဲ့ယူ၊ ပွဲတတ်မျိုးကိုပြင်မယ်ဆိုရင် တစ်ယောက်ကို အနိမ့်ဆုံးဈေး သုံးသောင်းလာက်ကစပါတယ်။ လစာရယ်လို့တော့ အတိအကျမရှိပါဘူး။ ကိုယ်ပြင်နိုင်တဲ့ ဦးရေကိုလိုက်ပြီးတော့ ဝင်ငွေကတော့ကွာသွားပါတယ်။

အလုပ်ရဲ့ အနာဂတ်

ဆံပင်နှင့် မိတ်ကပ်ဆိုင်ရာ ဝါသနာရှင်တွေ အနေနဲ့ သေချာတာတစ်ခုကတော့ အနာဂတ်မှာ ဆံပင်နဲ့ မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ ကိုယ့်အရည်အချင်း မြင့်မားလာတာနဲ့အမျှ ကိုယ်ပိုင်သင်တန်းကျောင်းလေးတွ ဖွင့်ပြီး ကိုယ့်ပညာတွေ share ပေးလို့ ရပါတယ်။ နာမည်ကျော် Celebrities တွေရဲ့ ပင်တိုင် မိတ်ကပ်ပညာရှင်အဖြစ်ပါ ရပ်တည်နိုင်ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင် Beauty Saloon တွေပါ ဖွင့်လှစ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး မလုပ်ချင်တော့ဘူးဆိုရင်တောင် အလှအပရေးရာ အကြံပေးလိုမျိုးလည်း လုပ်ကိုင်နိုင်ပါသေးတယ်။

အလုပ်အပေါ်စိတ်ကျေနပ်မှု

ဆံပင်နဲ့ မိတ်ကပ်ပညာရဲ့ အရေးပါမှုကိုတော့ ခုခေတ်မှာ ပိုပြီး မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေတင်မက အမျိုးသားတွေ ကြားမှာပါ အထူးရေပန်းစားလာတာမို့ အလှအပအတွက်တော့ မရှိမဖြစ်ပါပဲ။ ဒီပညာက အရေးပါ အရာရောက်လှသလို သူ့ရဲ့ နက်နဲမှုကလည်း မသေးပါဘူး။ အခုချိန် အောင်မြင်နေတဲ့ ဆံပင်နဲ့မိတ်ကပ် ပညာရှင်တွေရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်လိုက်ရင် ချောမွေ့ခဲ့တာမျိုး ရှားသလို အပြင်းအထန် ရုန်းကန်ကြိုးစားခဲ့ရသူတွေချည်းပါ။ ဟိုးအောက်ခြေကနေမှ အမြင့်တစ်နေရာအထိ အရာအားလုံးပေးဆပ်ပြီး တစ်ဆင့်ချင်း တက်လာရတဲ့ သူတို့ ဘဝတွေဟာ ကြမ်းတမ်းလှပါတယ်။ ဒါပေမယ့် ဒီပညာက လူတွေကို လှပအောင် ပြုပြင်ပေးနိုင်တယ်၊ ပြောင်းလဲပေးနိုင်တယ်။ အလှပြင်ပြီးလို့ လှပသွားတဲ့ အခါ၊ ကြည့်လို့ကောင်းသွားတဲ့အခါ ဖြစ်တည်လာတဲ့ ပျော်ရွှင်မှုတွေ၊ ကျေနပ်မှုတွေကို ဘာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး။ အားနည်းချက်တွေကို အားသာချက်အဖြစ် ပြောင်းလဲပြီး ပြင်ဆင်ပေးရတဲ့ တန်ဖိုးကို နားလည်သူတိုင်း ဒီပညာရပ်ကို တတ်မြောက်ခွင့်ရလို့ ဂုဏ်ယူနေကြမှာ အသေအချာပါပဲ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ခုခေတ်မှာ မိတ်ကပ်ပညာဆိုတာ အမျိုးသမီးတွေတင်မက အမျိုးသားတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာတဲ့ အရာတစ်ခု ဖြစ်တဲ့အပြင် ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ ဆိုကြသလို ဆံပင်ဆင်ယင်ထုံးဖွဲ့ပုံကိုလည်း အတော်လေး အာရုံစိုက်လာကြပါတယ်။ ဆံပင်နဲ့ မိတ်ကပ်ပညာက လူတစ်ယောက်ကို လှပစေတယ်၊ ပြောင်းလဲစေနိုင်တယ်၊ ပျော်ရွှင်စေတယ်၊ စိတ်ကျေနပ်စေတယ်၊ ယုံကြည်မှု ရှိစေတယ်။ ဆံပင်နဲ့ မိတ်ကပ်ပညာရှင်တွေ အနေနဲ့ တခြားသူတွေကို လှပလာအောင် သူတို့ရဲ့ စွမ်းရည်တွေ၊ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြင်ဆင်ခြယ်သပေးရင်းကနေ ရရှိလာတဲ့ ပျော်ရွှင်ကျေနပ်မှုတွေဟာ သူတို့အတွက် တွန်းအားတစ်ခုပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ