ကိုယ်ပိုင်အရည်အသွေးမြှင့်တင်မှု နည်းပြ (Personal Grooming Coach)

ဖက်ရှင်နှင့်ဝတ်စားဆင်ယင်မှု၊ နိုင်ငံကြီးသားပီသသော အခြေခံနေထိုင်မှုစနစ်များ၊ ကိုယ်နေဟန်ထားများနှင့် လူမှုဆက်ဆံရေးနည်းစနစ်များကို သင်ကြားပေးသူ

ခေတ်နဲ့အညီစမတ်ကျကျဝတ်စားဆင်ယင်တွေးခေါ်နိုင်ပြီး မိမိကိုယ်ပိုင်အရည်အချင်းကိုမြှင့်တင်ကာ ပတ်ဝန်းကျင်မှာယုံကြည်ချက်ရှိရှိလျှောက်လှမ်းနိုင်ဖို့ဆိုတာ မော်ဒယ်အဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူတွေသာမက လုပ်ငန်းခွင်အတွင်းလူအများနဲ့ပြောဆိုဆက်ဆံနေသူတွေအတွက်ပါ အလွန်ပဲအရေးကြီးလှပါတယ်။ ကိုယ်ပိုင်အရည်အသွေးမြှင့်တင်ရေးနည်းပြတွေဟာ အသက်အရွယ်၊ ကျား/မ၊ခန္ဓာကိုယ်အချိုးအစား၊ပညာရေးမရွေးကို စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ တိုးမြှင့်ပေးမယ့် သင်ခန်းစာတွေသင်ကြားပေးရမှာပဲဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

ကိုယ်ပိုင်အရည်အသွေးမြှင့်တင်မှု နည်းပြတစ်ယောက် ဖြစ်လာနိုင်စေမည့် လမ်းကြောင်း

ကိုယ်ပိုင်အရည်အသွေးမြှင့်တင်ရေးနည်းပြဖြစ်ဖို့ဆိုရင် ခေတ်နဲ့အညီ အသစ်အသစ်သောအရာတွေကို အမြဲကြိုးစားလေ့လာနေရမှာဖြစ်တဲ့အတွက်စာတွေများများဖတ်ဖို့လိုပါတယ်။ မိမိသိထားတဲ့အရာတွေကိုလည်း ရဲရဲရင့်ရင့်နဲ့ပြန်လည်အသုံးချနိုင်ဖို့လိုအပ်ပါတယ်။ Fashion နဲ့ လူမှုဆက်ဆံရေးနည်းစနစ်တွေကိုတော့ စာအုပ်တွေကနေပဲဖြစ်ဖြစ် Online ပေါ်မှာရှာဖွေသင်ယူတာပဲဖြစ်ဖြစ် စတင်လေ့လာနိုင်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

များသောအားဖြင့် ကိုယ်ပိုင်အရည်အသွေးမြှင့်တင်ရေးနည်းပြသင်တန်းပုံစံမျိုး ကန့်သတ်ထားခြင်းမရှိပေမယ့် Online ကနေသော်လည်းကောင်း ကိုယ်ပိုင်အရည်အသွေးမြှင့်သင်တန်းတွေကိုလည်းကောင်း တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် အသုံးချစိတ်ပညာ၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုနှဲ့ ခေါင်းဆောင်မှုသင်တန်း၊ နည်းပြသင်တန်းတွေဟာလည်း အရေးပါတဲ့အတွက် တက်ရောက်ထားသင့်ပါတယ်။များသောအားဖြင့် ကိုယ်ပိုင်အရည်အသွေးမြှင့်တင်ရေးနည်းပြသင်တန်းပုံစံမျိုး ကန့်သတ်ထားခြင်းမရှိပေမယ့် Online ကနေသော်လည်းကောင်း ကိုယ်ပိုင်အရည်အသွေးမြှင့်သင်တန်းတွေကိုလည်းကောင်း တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် အသုံးချစိတ်ပညာ၊ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုနှဲ့ ခေါင်းဆောင်မှုသင်တန်း၊ နည်းပြသင်တန်းတွေဟာလည်း အရေးပါတဲ့အတွက် တက်ရောက်ထားသင့်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

လူအများနဲ့ပေါင်းသင်းဆက်ဆံရမယ့် အလုပ်ဖြစ်တဲ့အတွက် အထွေထွေဗဟုသုတ ကြွယ်ဝဖို့ကအရေးပါပြီး ဟာသအမြင်ရှေးရှုကာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ခြင်းကများစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါ့အပြင်အသစ်အသစ်သောသင်ရိုးတွေနဲ့ အစီအစဉ်တွေရေးဆွဲနိုင်ဖို့ တီထွင်ဆန်းသစ်နိုင်စွမ်းတွေကလည်း အရေးကြီးပါသေးတယ်။ ပညာအရည်အချင်းမကန့်သတ်ထားတာကြောင့် မည်သူမဆိုကြိုးစားလေ့လာသင်ယူနိုင်တဲ့ ပညာရပ်မျိုးပဲဖြစ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

Fashion လုပ်ငန်းနဲ့ဆက်နွှယ်နေတဲ့အလုပ်ဖြစ်တဲ့အတွက် ခေတ်ဆန်ပြီးလိုက်လျောညီထွေဖြစ်မယ့် အဝတ်အစားအသုံးအဆောင်နဲ့ မိတ်ကပ်ပစ္စည်းတွေကို ဝယ်ယူရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ဟာ မိမိပေါ်မှာမူတည်ပြီး တစ်လကိုအနည်းဆုံး(၃)သောင်း (၄)သောင်းခန့်အသုံးပြုရမှာဖြစ်ပါတယ်။ သင်တန်းကြေးတွေကတော့ ရက်တိုသင်တန်းကို (၃)သောင်းခန့်ကစပြီး အစားစားရှိနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာအနေနဲ့ ကတော့ အတည်တကျ မရှိပါဘူး မိမိရဲ့ သင်တန်းကျောင်း နှင့် သင်တန်းသားဦးရေ များအပေါ် မူတည်ပြီး ကွဲ ပြားနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အတွေ့အကြုံနည်းပါးစဉ်ကာလမှာ ကိုယ်ပိုင်အရည်အသွေးမြှင့်တင်ရေးသင်တန်းကျောင်းတွေမှာ လက်ထောက်နည်းပြ ဒါမှမဟုတ် နည်းပြအဆင့်ကနေဝင်ရောက်လုပ်ကိုင်ပြီး ကျွမ်းကျင်လာတဲ့အခါမှာတော့ ကိုယ်ပိုင်သင်တန်းကျောင်းဖွင့်လှစ်သင်ကြားနိုင်မှာပါ။

အလုပ်ရဲ့ အနာဂတ်

လူတွေရဲ့ဘဝနေထိုင်မှုနည်းစနစ်၊ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာတွေကို အမြဲဖြည့်ဆည်းပေးနေရတဲ့အလုပ်ဖြစ်တဲ့အတွက် ဒီနည်းပြအလုပ်ဟာစိတ်ချမ်းသာမှုနဲ့ မိမိကိုယ်ကိုကျေနပ်မှုတွေကို ပေးစွမ်းနေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြဟာသင်တန်းသားတွေရဲ့ စံပြဖြစ်နေတဲ့အတွက် မိမိခန္ဓာကိုယ်ကို အမြဲကျစ်လစ်လှပကျန်းမာနေအောင် ထိန်းသိမ်းရတာဖြစ်တဲ့ မိမိကျန်းမာရေးအတွက်လည်း ပိုမိုဂရုစိုက်ထိန်းသိမ်းဖြစ်စေမှာလည်းဖြစ်ပါတယ်။ လူတွေနဲ့အမြဲတစေပြောဆိုဆက်ဆံနေရတဲ့အလုပ်ဖြစ်တဲ့အလျောက် Fashion ကျပြီး Smart ဖြစ်တဲ့ မိတ်ဆွေအသစ်တွေကိုလည်းရရှိမှာဖြစ်ပါတယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ကိုယ်ပိုင်အရည်အသွေးမြှင့်တင်မှုနည်းပြအလုပ်ဟာ လစာငွေကြေးအပြင် မိမိသင်ကြားပေးတဲ့သင်တန်းသားတွေရဲ့ ဘဝနေထိုင်မှုစနစ်တွေကိုမြှင့်တင်ပေးရတာဖြစ်ပါတယ်။ စိတ်ကျေနပ်စေနိုင်တဲ့ service တွေပေးနိုင်လေလေ သင်တန်းသားအရေအတွက်များများကို ပိုပြီးအကျိုးပြုပေးနိုင်လေဖြစ်တဲ့အတွက် မိမိဝင်ငွေအတွက်ရော အခြားသူတွေရဲ့ဘဝတိုးတက်ကောင်းမွန်ရေးအတွက်ပါ အမြဲကြိုးပမ်းမြှင့်တင်နေရမှာဖြစ်ပါတယ်။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ