ကမ္ဘာပေါ်မှာ Popular အဖြစ်ဆုံးအားကစား တစ်ခုဖြစ်သည့်အပြင် နေ့စဉ် လူနေမှုဘဝနှင့် အနီးစပ်ဆုံးသော အားကစားအဖြစ် သတ်မှတ်ထားကြတယ်။

ဘောလုံး လို့ ပြောလိုက်ရင် ရပ်ကွက်ထဲမှာ ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေ ရဲ့ ကစားပုံမြင်ကွင်းကနေ ကမ္ဘာကျော် ဘောလုံးကစားပွဲများအထိ ကို တိုက်ရိုက် တန်းမြင်နိုင်ပါတယ်။ ဒါပေမယ့် လူတွေ သတိမထားမိတာက ဘောလုံးဟာ နေ့စဉ်လူနေမှုဘ၀ နဲ့ အနီးစပ်ဆုံးထပ်တူကျနေတယ်ဆိုတဲ့အကြောင်းအရာပါပဲ ။ဘောလုံးကစားချိန်မှာ အသုံးပြုရမယ့် အားကစားသမားတစ်ယောက်ရဲ့ Teamwork ရှိမှု ၊ ဖြတ်ထိုးညာဏ်ကြွယ်ဝမှု ၊ ဘောလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းကျောင်းနိုင်မှုမှ သည် အခက်အခက် အတားအဆီး ပိတ်ဆို့မှုများအား တစ်ဆင့်ခြင်းဖြေရှင်းပြီး အနိုင်ရသည်အထိ ကြိုးစားအားထုတ်ရတဲ့ ကစားနည်းဖြစ်တဲ့ အတွက် အောင်မြင်မှုကို တစ်ဆင့်ခြင်း ဖြတ်ကျော်ဆွတ်ခူးရတဲ့ဘဝရဲ့ အနစ်သာရနဲ့ ထပ်တူကျတယ်လို့ ဆိုလိုခြင်းပါ။

ကျောင်းရှာရန်

လမ်းကြောင်း

ဘောလုံးသမား ဖြစ်ဖို့လမ်းကြောင်း

မိမိနှင့် နီးစပ်ရာ ဘောလုံး ကစားကွင်းများမှာ လေ့ကျင့် ကစားခဲ့သော်လည်း နည်းစနစ်ဟာ နေရာတကာမှာ အဓိက ကျတယ်ဆိုတဲ့ ဆိုလိုရင်းအတိုင်း နည်းစနစ် ကျကျ နဲ့ အတွေ့အကြုံရင့်ကျက် သည့် လက်ရွှေးစင်များ ၊ နိုင်ငံခြားမှ နည်းပြများနဲ့ သင်ယူရရှိနိုင်တဲ့ နေရာများကို ဆက်သွယ် တက်ရောက်နိုင်မယ်ဆိုရင်တော့ မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ပိုမို နီးစပ်လာမှာပါ။

ဘောလုံး သမားတစ်ယောက်အဖြစ်ရပ်တည်ချင်တဲ့ သူအတွက် အပညာအရည်အချင်းမြင့်မြင့်မားမားရှိဖို့ မလိုအပ်ပါဘူး။ နိုင်ငံလက်ရွှေးစင်အဖြစ် နိုင်ငံရပ်ခြားအထိ ခြေဆန့် ပျံသန်းချင်သူများအတွက် တော့ English အတင့်တင့်ကောင်းဖို့တော့ လိုအပ်မှာပါ။ လူတန်းစား မရွေး ရွေးချယ်နိုင်တဲ့ အားကစားနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

မြို့နယ် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားဖွင့်လှစ်ထားသော မြို့နယ် အားကာဌာနများ ၊မြန်မာနိုင်ငံ ဘောလုံးအသင်းအဖွဲ့ချုပ် ၊ MFS တောင်ဒဂုံ ၊ Yangon United football academy ၊ National Football academy ၊ Myanmar Football Academy (Mandalay)တို့တွင် တက်ရောက်သင်ကြားနိုင်ပါတယ်

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

မိမိရဲ့ဘဝကို အားကစား သမားတစ်ယောက်အဖြစ် ဖြတ်သန်းချင်သူများ ၊ ကိုယ်လက်ကြံ့ခိုင်မှု ရှိပြီး Teamwork စိတ်ဓါတ်ရှိသူများ ၊ ဇွဲ လုံလ နှင့် ကြိုးစားအားထုတ်မှုအပေါ် ခုံမင်နှစ်သက်သူများ ၊ မိမိရဲ့ အရည်အချင်းနဲ့ နိုင်ငံလက်ရွှေးစင်တစ်ယောက်အဖြစ်ကြိုးစားပြီး အားကစား ကြယ်ပွင့် တစ်ယောက်အဖြစ် ရပ်တည် လိုသူများနဲ့ သင့်လျော်မှာပါ။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အခမဲ့ သင်ကြားပေးတဲ့ နေရာများ ရှိသလို ၊ ဘောလုံးသင်တန်းကျောင်းများမှာ လည်း တစ်လကို ၃၀၀၀၀ ကျပ် ကနေစတင်တက်ရောက်နိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

နိုင်ငံလက်ရွှေးစင်ကစားသမားများအဖို့ တော့ မိမိရဲ့ performance အပေါ် မူတည်ပြီး တစ်နှစ်ကို သိန်း ၇၀ မှ သိန်း ၁၅၀ အထိ ရရှိနိုင်ပါတယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

၁။ မိမိရဲ့ အားကစားပညာရပ်ကို ပြန်လည် သင်ကြားပေးနိုင်မယ့် အားကစားဝန်ကြီးဌာနများ
၂။ နိုင်ငံလက်ရွှေးစင် ဘောလုံးအသင်းများနှင့် ကလပ်များ

အလုပ်ရဲ့အနာဂတ်

သင်ဟာ ဘောလုံး ကစားမယ်လို့ ဆုံးဖြတ်လိုက်ရင် သင့်ရဲ့ Professional career life’s duation ကို တော့ ၈နှစ်ခန့် အဖြစ်သတ်မှတ်နိုင်ပါတယ်။ သင်ဘောလုံးက နေ အနားယူရမယ့် အကောင်းဆုံးအချိန်ကတော့ အသက် ၃၅ နှစ်အချိန်ခန့်ဟာအသင့်တော်ဆုံးပါ။ အနားယူပြီးရင် လည်း ဆက်လက်ရှင်သန်နိုင်မယ့် New Skill set တွေကို လေ့လာထားသင့်ပါတယ်။Traditional အရတော့ ဘောလုံးအသင်းများမှာ နည်းပြ နဲ့ Senior mentor တွေအဖြစ် ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြပေမယ့် လူနည်းစုကသာ ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

တစ်ခါတစ်ရံမှာ အသင်းနဲ့ ကစားရတဲ့ အားကစားဖြစ်သည့်အတွက် Team အတွင်းမှာ လိုအပ်ချက်တစ်စုံ တစ်ရာရှိမယ်ဆိုရင် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်တာ နဲ့ Coach များရဲ့ တင်းကြပ်မှုအနည်းငယ်မှ အပ မိမိ၏ ကြိုးစားအားထုတ်မှုကို အပြည့်အ၀ စိတ်ကျေနပ်မှု ခံစားနိုင်မှာပါဖြစ်ပါတယ်။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ