အကသမားဆိုတာ မိမိတို့ရဲ့ စိတ်ကူးစိတ်သန်း၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ကကွက်အသစ်တွေ ဖန်တီးပြီး သီချင်းတစ်ပုဒ်ကို ပိုမိုလှပအောင်၊ ပိုမိုရသမြောက်အောင်၊ ပိုမိုပြည့်စုံတဲ့ အနုပညာတစ်ခု ဖြစ်လာအောင် ဖော်ဆောင်ပေးသူတွေ ဖြစ်ပါတယ်

အကလို့ ဆိုတဲ့နေရာမှာ ဘဲလေးအက၊ hip-hop အက၊ kpop အက၊ jazz အက အဲလိုမျိုးနဲ့ အကအမျိုးအစား အများကြီးရှိပါတယ်။ ခုခေတ်မှာ လူတွေက ဖျော်ဖြေမှုအပိုင်းကို ပိုမို နှစ်သက်လာကြတဲ့အတွက်ကြောင့် အကပညာဟာဆိုရင် မရှိမဖြစ်လို ဖြစ်လာပါပြီ။ အကသမားတွေဟာ ဆန်းသစ်တဲ့ ကကွက်တွေ၊ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ၊ လေ့လာသင်ယူမှုတွေ စုပေါင်းပြီး အနုပညာမြောက်တဲ့ ရလဒ်တွေ ရရှိလာတာ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

အကသမားတစ်ယောက် ဖြစ်လာနိုင်မယ့် လမ်းကြောင်း

အကပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက်ကတော့ ခုခေတ်မှာ အကသင်တန်းကျောင်းတွေလည်း မာျးပြားလာတဲ့အတွက် သင်တန်းကျောင်းတွေမှာ မိမိနှစ်သက်တဲ့ ဘာသာရပ်ကို အခြေခံကနေ ကျွမ်းကျင်တဲ့အထိ သင်ယူနိုင်ပါတယ်။ ဒါ့အပြင် YouTube ကနေ Dance Videosတွေ၊ Dance Tutorials တွေ ကြည့်ပြီးတော့လည်း လေ့လာနိုင်ပါတယ်။ အကလေ့ကျင့်ဖို့ studio ခန်းတွေကိုပါ ငှားရမ်းလို့ရတာမို့ မိမိဘာသာဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ အကကို လေ့ကျင့်လို့ရပါတယ်။ မြန်မာနိုင်ငံမှာတင်မက နိုင်ငံတကာမှာပါ အကပြိုင်ပွဲတွေ ရှိတာကြောင့် ပြိုင်ပွဲတွေကနေ တစ်ဆင့် Professional Dancer တစ်ယောက်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

အကသင်တန်းကျောင်း များပြားတဲ့အတွက် အဓိက သင်တန်းကျောင်း ရလဒ်၊ အကသင်ကြားပေးတဲ့ နည်းစနစ်တွေ၊ သင်ကြားပေးတဲ့ ဆရာတွေ စတာတွေကို လေ့လာပြီးတော့ မိမိတက်ရောက်လိုတဲ့ ဘာသာရပ်ကို ရွေးချယ်သင်ယူနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အကကို ရူးရူးမူးမူး ဖြစ်နေတဲ့သူတွေ၊ ခန္ဓာကိုယ် ကြံခိုင်သန်စွမ်းမှု ရှိတဲ့သူတွေ၊ အပင်ပန်းခံနိုင်တဲ့သူတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်မှု လုပ်နိုင်တဲ့သူတွေ၊ တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့သူတွေ၊ စိတ်ရှည်တဲ့သူတွေ၊ ဂီတကို စီးမျောခံစားနိုင်သူတွေနဲ့ အထူးသင့်တော်ပါတယ်။ အကပညာဆိုတာ အပေါ်ယံကြည့်ရင် လွယ်သယောင်ဆိုပေမယ့် တကယ်လုပ်ကြည့်တဲ့အခါ ပေးဆပ်မှုတွေလည်း များသလို အရမ်းကြိုးစားရတာမို့လို့ ဝီရိယရှိဖို့လည်း လိုအပ်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အကသင်တန်းတွေက ခုခေတ်မှာ အရမ်းများလာတဲ့အတွက် သင်တန်းကြေးတွေက သိပ်တော့ မများပါဘူး။ ဒါပေမယ့် သင်ပေးတဲ့ ဆရာရဲ့ အရည်အချင်းပြည့်မီမှု၊ ကျွမ်းကျင်မှု၊ သင်တန်းရဲ့ နည်းစနစ်တကျ သင်ကြားပြသပေးမှုတွေအပေါ် မူတည်ပြီးတော့ တစ်ကျောင်းနဲ့ တစ်ကျောင်း ဈေးနှုန်းကွာခြားချက် ရှိပါတယ်။ ဒါပေမယ့် ပုံမှန်ကတော့ ၄၀၀၀၀ ဒါမှမဟုတ် ၅၀၀၀၀ ဝန်းကျင်လောက် ရှိပါတယ်။ တကယ်ကျွမ်းကျင်တဲ့အထိ တက်ချင်ရင်တော့ level မြင့်လာတာနဲ့အမျှ ဈေးနှုန်းတွေလည်း မြင့်လာမှာ ဖြစ်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

မိမိရဲ့ အကအရည်အချင်းအပေါ် မူတည်ပြီး ကပွဲ တစ်ပွဲလျှင် ၂၅၀၀၀ မှ စတင်ကာ အမြင့် ဆုံး သိန်းဂဏန်းများအထိ ရရှိနိုင်မှာပါ။ အက ဆရာ အဖြစ်ပြန်လည် သင်ကြားသူများအနေဖြင့် လည်း ယနေ့ ခေတ်မှာ ဝင်ငွေကောင်းတဲ့ သက်မွေးဝမ်းကြောင်းအလုပ်တစ်ခုအဖြစ် ဝါသနာနှင့် ထပ်တူကျ မားမားမတ်မတ် ရပ်တည်နိုင်မှာပါ

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အကပညာကို ကျွမ်းကျင်လာတာနဲ့အမျှ ပြိုင်ပွဲတွေ ဝင်ပြိုင်ပြီး အကပညာရှင်တစ်ယောက် အနေနဲ့ ရပ်တည်နိုင်ပါတယ်။ ဒါ့အပြင် အကသင်တန်းကျောင်းတွေမှာလည်း သင်ပြပေးတဲ့ ဆရာတစ်ယောက်အနေနဲ့ လုပ်ကိုင်နိုင်ပါသေးတယ်။ တကယ်လို့ ကိုယ်ပိုင် အကသင်တန်းကျောင်း ဖွင့်လို့လည်း ရနိုင်ပါသေးတယ်။

အလုပ်ရဲ့အနာဂတ်

အကပညာရှင်တစ်ယောက်ရဲ့ အနာဂတ်က တောက်ပမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုနိုင်ပါတယ်။ အခုခေတ်မှာ ဖျော်ဖြေရေးကဏ္ဍတွေက ပိုတွင်ကျယ်လာသလို အကပညာဟာလည်း ပိုပြီး နေရာယူလာနေတာ အားလုံးရဲ့ အမြင်ပါပဲ။ နိုင်ငံတစ်နိုင်ငံအတွက် ဖျော်ဖြေရေးဆိုတာလည်း အရေးပါတာမို့ အကပညာ မှေးမှိန်သွားဖို့ ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် အကပညာ ကျွမ်းကျင်တဲ့သူတွေ အနေနဲ့ နိုင်ငံတကာမှာ ကိုယ်စွမ်းကိုယ်စနဲ့ ကောင်းကောင်း ရပ်တည်နိုင်ပါတယ်။ အရည်အချင်း မြင့်မားလာတာနဲ့အမျှ ပြည်တွင်းတင်မက ပြည်ပအထိပါ ထိုးဖောက်နိုင်တဲ့ အခွင့်အရေး ရှိနေသေးတာပါ။ ဒီအသက်မွေးဝမ်းကျောင်းကနေ အနားယူချင်တယ်ဆိုရင်လည်း တခြား အကနဲ့ပက်သက်တဲ့ သင်တန်းကျောင်းဖွင့်တာမျိုးပါ လုပ်လို့ရသေးတာမို့ လှပတဲ့ အနာဂတ်တစ်ခုပါပဲ။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ကကွက်တစ်ခု ကတတ်သွားတာနဲ့ နောက်ထပ်ပိုပိုပြီး တတ်လာချင်တာ၊ ပိုကလာချင်တာဟာ အကပညာရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ အကဆိုတာက စိတ်ကို ပိုမိုတက်ကြွလာစေတယ်၊ ပိုလန်းဆန်းလာစေတယ်၊ ပိုပြီး စိတ်အားထက်သန်လာစေတယ် လေ့ကျင့်မှုနဲ့ ဒီအရာတွေ အရင်းခံပြီး ဖြစ်ပေါ်လာတဲ့ ကကွက်တွေက အောင်မြင်မှုတစ်ခုရဲ့ှု အသီးအပွင့်တွေ ဖြစ်သလို စိတ်ခွန်အားတွေ ပေးနေတဲ့ တွန်းအားတစ်ခုပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ