ကိုယ်ပိုင်ကျောင်းဖွင့်လှစ်သူ (School Owner)

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်သူတွေဆိုတာ မိမိရဲ့ အတတ်ပညာများနှင့် သင်ရိုးအသစ်များကို မိမိကိုယ်ပိုင်ကျောင်းဖွင့်လှစ်ပြီး ပြန်လည် သင်ကြားပို့ချ ဝေငှ သူများဖြစ်ပါတယ်။

ကျောင်းပိုင်ရှင်တစ်ယောက်ဆိုတာဟာ ကလေးငယ်များအပြင် ပညာလိုချင်သူ ၊ အသိပညာနည်းပါးနေသေးသူများအား ကူညီ သင်ကြားပေးသည့် သူဖြစ်ပါတယ် ။နိုင်ငံတစ်ခုရဲ့ တိုးတက်ဖွံ့ဖြိုးမှုဟာ ပညာရေးမှာ များစွာအခြေခံကျတဲ့ အတွက် ကျောင်းပိုင်ရှင်များအနေနဲ့ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ကျောင်းပိုင်ရှင်တစ်ယောက်ဖြစ်ရန် အတွက် သာမာန်အရည်ရှိုရုံတင်နဲ့ မလုံလောက်ပါဘူး။ မိမိရဲ့ ပညာသင်ကြားချင် စိတ် ၊ စိတ်အားထက်သန်မှု ၊ Passion တွေရှိမှ သာလျှင် အောင်မြင်တဲ့ ကျောင်းပိုင်ရှင်တစ်ယောက် ၊ ပညာသင်ကြားပေးသူတစ်ယောက်ဖြစ်နိုင်မှာပါ။

ကျောင်းရှာရန်

လမ်းကြောင်း

ကိုင်ပိုင်ကျောင်းဖွင့်လှစ်နိုင်သူတစ်ယောက်ဖြစ်လာစေမည့် လမ်းကြောင်း

ကျောင်းပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ဖို့ အတွက် ကိုယ်ပိုင်သင်တန်းကျောင်းများဖွင့်လှစ်နိုင်သလို နိုင်ငံခြားမှ Franchise ပေးတဲ့ ကျောင်းများကို လည်း Franchise ရယူကာ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

စာသင်ကြားမှုကို ဝါသနာပါသူများအတွက် အစိုးရမှ ဖွင့်လှစ်ထားသော ဆရာဖြစ် တက္ကသိုလ်းများရှိသည့် အပြင် မိမိသင်ကြားပေးလိုသည့် ပညာရပ်တွေအပေါ်မူတည်ပြီး မိမိ ကြိုက်နှစ်သက်သည့်ကျောင်းများတွင် တက်ရောက် သင်ကြားကာ ပြန်လည် သင်ကြားပို့ချနိုင်မှာဖြစ်ပါတယ်။ကိုယ်ပိုင်ကျောင်းဖွင့်လှစ်လိုသူများ အတွက် အစိုးရမှ တရားဝင်ခွင့်ပြုထားပြီ ဖြစ်သလို နိုင်ငံခြားမှ Franchise ပေးသည့်ကျောင်းများကို လည်း Franchise အဖြစ်ရယူဖွင့်လှစ် နိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

မိမိ နိုင်ငံရဲ့ ပညာရေးကို မြှင့်တင်လိုသူများ ၊ ကလေးများရဲ့ ပညာရေးကို စိတ်ပါဝင်စားသူများ နှင့်မိမိရဲ့ ပညာရပ်ကို ပြန်လည်အသုံးချ ဝေငှလိုသူများ ၊ စာသင်ခြင်းကို မြတ်နိုးသူများနှင့် ၊ သင်ကြားရေးကို အသုံးချကာ မိမိရဲ့ သက်မွေးဝမ်းကြောင်း အဖြစ်ရပ်တည်လိုသူများနှင့်သင့်လျော်မှာပါ။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ကျောင်းစရိတ်နှင့် ကုန်ကျစရိတ်အနေဖြင့် မိမိရွှေးချယ်လိုက်သည့် လမ်းကြောင်းအပေါ်မူတည်ပြီး ၅၀၀,၀၀၀ ကျပ် ခန့်မှ ၄,၀၀၀,၀၀၀ ခန့်အထိ ကုန်ကျနိုင်ပါတယ်။နိုင်ငံခြားမှ ကျောင်းများအား Franchise ရယူဖွင့်လှစ်လိုသူများအနေနဲ့လည်း Franchise fee အမျိုးမျိုး ရှိနိုင်ပါတယ်။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

အစိုးရကျောင်းများတွင် ဆရာ/ဆရာအဖြစ်လုပ်ကိုင်နေသူများအနေဖြင့် အခြေခံလစာ ၂ သိန်းခွဲ မှ သုံးသိန်းခွဲ နှင့် အထက် ရရှိနိုသည့်အပြင် ကိုယ်ပိုင်သင်တန်းကျောင်းဖွင့် သူများအနေဖြင့် ကျောင်းသားအရေအတွက် အပေါ် မူတည်ပြီး ဝင်ငွေများ ရရှိနိုင်မှာပါ။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အခြေခံပညာ မူလတန်းကျောင်းများ မှ တက္ကသိုလ်များအထိ အလုပ်အကိုင်များရရှိနိုင်သည့်အပြင် International School များနှင့် ကိုယ်ပိုင်သင်တန်းကျောင်းများဖွင့်လှစ်ကာ လုပ်ကိုင်နိုင်ခြင်းစသည့်အခွင့်အရေးများရှိနေပါတယ်။

အလုပ်ရဲ့ အနာဂတ်

ပညာရေးဟာ လူသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်နေတဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက် ၊ ကိုယ်ပိုင်ကျောင်းများရဲ့ အနာဂတ်ဟာ ပိုမိုတောက်ပလာဖို့ရှိပါတယ်။ ယနေ့ခေတ် မိဘများဟာလည်း သားသမီးများအတွက် ပညာရေးရဲ့ အရေးပါမှုကို တဖြည်းဖြည်း သိမြင်လာပြီ ဖြစ်တဲ့အတွက် ကိုယ်ပိုင်ကျောင်းများ ထံမှာလိုက်လံအပ်နှံလျက်ရှိပါတယ်။နိုင်ငံတော်အနေနဲ့ လည်းပညာရေးကဏ္ဍကို အရှိန်ယူမြှင့်တင်နေတဲ့ အတွက် ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခြင်းများနဲ့ Franchise ကျောင်းများ ရယူဖွင့်လှစ်ခြင်းဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာမှာပါ ဖြစ်ပါတယ်။

အလုပ်အပေါ်စိတ်ကျေနပ်မှု

ပညာသင်ကြားရေးလမ်းကြောင်းကို ရွှေးချယ်လုပ်ကိုင်သူများအနေဖြင့် သင်ရိုးများနှင့်အတူ မိမိရဲ့ ပညာကို ပြန်လည် ဝေငှ သင်ကြားပေးရသည်ဖြစ်သည့်အတွက် ကိုယ် သင်ကြားပေးလိုက်သူများရဲ့ အောင်မြင်မှုများ နှင့်အတူ မိမိကိုယ်တိုင်လည်း အောင်မြင်မှုကို တစ်ဆင့်ခြင်းတက်လှမ်း နိုင်မှာဖြစ်ပါတယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုဟာ ပညာရေးအပေါ်မှာများစွာ မူတည်နေတဲ့ အတွက် ပညာရေးစနစ်ကို တိုးမြှင့်ပြီး နိုင်ငံကို ပြောင်းလဲလိုသူများအတွက်အကြီးမားဆုံးသော တွန်းအားတစ်ခုဖြစ်နေပါတယ်။မိမိရဲ့ အတတ်အတတ်ပညာ အဆင့်အတန်းမြှင့်မားလာသည့်အလောျက် မိမိ နိုင်ငံနဲ့ မိမိရဲ့ ပတ်ဝန်းကျင်မှ ပညာသင်ကြားရန်လိုအပ်သူများအပေါ်ပြန်လည်ဝေငှလိုသည့် စိတ်ကူများဟာလည်း သူတို့တွေအတွက် တွန်းအားတစ်ခု ဖြစ်နေပါတယ်။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ