စကိတ်စီးအားကစားသမားဆိုတာ

စကိတ်စီးအားကစားသမားဆိုတာ

စကိတ်စီးအားကစားက မြန်မာနိုင်ငံမှာ လူသိနည်းနေသေးတာကြောင့် ကျွန်တော်တို့အနေနဲ့ စကိတ်စီးအားကစားကို သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စကိတ်စီးအားကစားသမားတစ်ယောက်အတွက် လိုအပ်တဲ့အရည်အချင်းတွေ၊ သွားရမယ့်လမ်းကြောင်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့အနာဂတ်တွေရဲ့အကြောင်းတွေကို ဖော်ပြရေးသားပေးသွားမှာဖြစ်ပါတယ်။

စကိတ်စီးတာကို ဝါသနာပါတဲ့သူတွေရှိလား…? ဒါဆိုရင်တော့အနာခံဖို့ မကြောက်ပါနဲ့။ ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းပြီး စကေးကျကျစီးနိုင်ဖို့အတွက်က အကြိမ်ကြိမ်အနာခံရလို့ဖြစ်ပါတယ်။ Ice skate,Figure skate, Inline skates, Roller skates, Skateboard, Skate-skiing, Oakland Skates စသည်ဖြင့် စကိတ်စီးအားကစားများစွာရှိပြီး မြန်မာနိုင်ငံမှာတော့ Skate Board, Inline Skate နဲ့ Figure Skate ကပိုမိုတွင်ကျယ်ပါတယ်။ စကိတ်စီးခြင်းအားဖြင့် အဆီတွေကျမယ်၊ ဒူးအဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှု သွက်လက်ကောင်းမွန်မယ်၊ အဆုတ်တွေ၊ နှလုံးတွေအတွက် ကောင်းမယ်၊ ကြွက်သားတွေ ပိုမိုသန်မာလာမယ်၊ အာရုံစူးစိုက်မှုုအာကောင်းမယ်၊ အဖွဲ့လိုက်စီးရတာဖြစ်လို့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်မြင့်မားလာမယ် စသည်ဖြင့်ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်လို့ စကိတ်ဆိုတာက အားကစားဂုဏ်နဲ့ညီတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

စကိတ်စီးအားကစားသမား ဖြစ်လာနိုင်မယ့် လမ်းကြောင်း

စကိတ်စီးအားကစားသမားတစ်ယောက်က ရွေးချယ်စရာနှစ်ခု ရှိပါတယ်။ အပျော်စီး လား Professional လား။ အပျော်စီးအနေနဲ့ကတော့ စကိတ်စီးခြင်းကို စီးတတ်တဲ့သူတွေမှာသင်မယ်။ Youtube တွေမှာလေ့လာပြီး ကိုယ်တိုင်ကျင့်စီးမယ်။ သင်တန်းကျောင်းတွေတက်မယ် အခြေခံကို လေ့လာနိုင်တဲ့လမ်းကြောင်းများစွာရှိပါတယ်။ အခမဲ့သင်ကြားပေးတဲ့အဖွဲ့အစည်းတွေ၊ စကိတ်သမားတွေရှိသလို Skate board Classes တွေအနေနဲ့ class တစ်ခုကို ပျှမ်းမျှ (၃)သောင်းမှ (၆)သောင်းဝန်းကျင်သာရှိတဲ့အတွက် ကုန်ကျစရိတ်သက်သက်သာသာနဲ့ သင်ယူနိုင်မယ့် ပညာရပ်တစ်ခုပါ။ Professional အထိသွားချင်ရင်တော့ ကိုယ်တိုင်လေ့လာရုံတင်မက မြန်မာနိုင်ငံမှာရှိတဲ့ တစ်ခုထဲသော Myanmar Skate Board Association တွေမှာ ဆက်သွယ်ပြီး Skate အားကစားသမားတွေနဲ့ ထဲထဲဝင်ဝင်လေ့ကျင့် သင်ကြားရင်း အရည်အချင်းတွေကို ပိုမိုတိုးမြှင့်အောင် လုပ်ရမှာဖြစ်ပါတယ်။ စကိတ်စီးအားကစားသမားများ၊ အဖွဲ့အစည်းများမှာ ပူးပေါင်းပါဝင်ပြီး အရည်အချင်းကို ပိုမို မြင့်မားအောင်ကြိုးစားလေ့ကျင့်၊ ပြိုင်ပွဲများစွာဝင်ပြိုင် နံမည်ကျော်တဲ့ Professional Skate အားကစားသမားတစ်ယောက် အဖြစ်ရပ်တည်နိုင်မှာဖြစ်ပါတယ်

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Skate စီးအားကစားက အနာခံမှ အသာစံရမယ့်အားကစားတစ်ခုဖြစ်ပါတယ်။ စီးရင်းနဲ့ ပွန်းပဲ့မယ်၊ ကျိုးမယ်၊ ကွဲမယ်ဆိုတော့ ဒါတွေကို ခံနိုင်ရည်ရှိဖို့က အကြမ်းအရမ်းခံနိုင်သူသာသင့်တော်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ယောင်္ကျားလေးအများစုကစားကြပေမဲ့ စကိတ်စီးကျွမ်းကျင်တဲ့ မိန်းခလေးတွေ ကိုလည်း တွေ့ရပါတယ်။ ဒီအားကစားအတွက်အသင့်တော်ဆုံးက လူငယ် ၁၇၊ ၁၈ အရွယ်လောက်ဖြစ်ပြီး လူကြီးတွေနဲ့ကလေးတွေကတော့ ထိခိုက်မှုတွေကို ခံနိုင်ဖို့တဲ့အတွက် မသင့်တော်လှပါဘူး။ သို့ပေမဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအတွက် နဲ့ လွှင့်နေတဲ့အရသာ၊ လှိုင်းစီးရသလို အရသာကို ကြိုက်ရင်တော့ ကလေး၊ လူကြီးမရွေး ကျန်းမာရေးအထောက်အကူပြု အားကစားတစ်ရပ်အဖြစ် အပျော်တမ်းကစားသင့်ပါတယ်။ စကိတ်စီးအားကစားသမားအနေနဲ့ အာရုံစူးစိုက်မှုကောင်းပြီး ကိုယ့်ရဲ့အားကစားအပေါ်လေးစားမှုရှိရမှာဖြစ်သလို အမြဲတမ်းလေ့ကျင့်သင်ယူနိုင်ဖို့လည်းလိုအပ်ပါတယ်။

ပညာအရည်အချင်း

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

ကျွမ်းကျင်စကိတ်စီးအားကစားသမားတစ်ယောက်အနေနဲ့ သင်တန်းပြန်ပေးတာမျိုး၊ စကိတ်နဲ့ပတ်သက်တဲ့ ပစ္စည်းဆိုင်ဖွင့်တာမျိုး၊ စကိတ်ကွင်းတည်ထောင်ပြီး ငှားရမ်းတာမျိုးတွေကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်နိုင်ပါတယ်။ အရည်အချင်းပြည့်ဝပြီး နံမည်ရနေတဲ့ စကိတ်အားကစားသမားတစ်ယောက်အနေနဲ့ စကိတ်စီးပြိုင်ပွဲတွေ သာမက ခုခေတ်ရဲ့ စီးပွာရေးလုပ်ငန်းတွေမှာလည်း ကုန်ပစ္စည်းကြော်ငြာတွေအတွက် လာရောက်ချိတ်ဆက်တာမျိုး၊ ပွဲတစ်ခုခုအတွက် သရုပ်ပြ စီးပြရတာမျိုးတွေ၊ ရုပ်ရှင်နဲ့ သီချင်း MTVတွေမှာ သရုပ်ဆောင်ရတာမျိုး ကိုလည်း လုပ်ကိုင်နိုင်တဲ့အတွက် အလုပ်အကိုင်မရှားတော့တဲ့ သက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုပါ။ ဝင်ငွေအနေနဲ့ကတော့ ပုံမှန်ဝင်ငွေရှိပေမဲ့ တည်ငြိမ်တဲ့အနေအထားတော့မဟုတ်ပါဘူး။ ကိုယ့်ကို လာချိတ်တဲ့အလုပ်တွေ များရင်များသလောက်နဲ့ ကိုယ့်ရဲ့ နံမည်ရမှု၊ နေရာရမှုတွေက ကျယ်ပြန့်ရင် ကျယ်ပြန့်သလောက် ဝင်ငွေကောင်းတဲ့အလုပ်အကိုင်တစ်ခုဖြစ်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အလုပ်ရဲ့ အနာဂတ်

စကိတ်စီးအားကစားက ရှင်းရှင်းပြောရရင် ကျန်ခဲ့တဲ့ ဆယ်စုနှစ်လောက်အထိ လမ်းဘေးအားကစားတစ်ခု၊ ကိုယ်ကြိုက်လို့ကိုယ်ကစားတဲ့ အားကစား အဖြစ်သာ ရှိနေခဲ့ပါတယ်။ အခုအချိန်မှာတော့ ခေတ်တွေပြောင်းလဲလာတာနဲ့အညီ စကိတ်အားကစားကို စိတ်ဝင်စားမှုမြင့်တဲ့လာပြီး ဖိနပ်စကိတ်၊ Board စကိတ်၊ ရေခဲပြင်စီး စကိတ် စသည်ဖြင့် စကိတ်အမျိုးအစားပေါ်ပေါက်လာသလို တစ်ခြားသော ကာယအားကစားများနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ အားကစားတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ စကိတ်စီးခြင်းရဲ့ လွတ်လပ်ပေါ့ပါးပြီး လွှင့်မျောရတဲ့အရသာကို ကြိုက်နှစ်သက်သူများလာသလို အခုဆိုရင် နိုင်ငံတကာ စကိတ် ပြိုင်ပွဲတွေပြုလုပ်တဲ့အထိ စကိတ်လောက က တွင်ကျယ်လာပါပြီ။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်း စကိတ်ဘုတ်အားကစားအပေါ် အာရုံစိုက်လာကြပြီး ပြိုင်ပွဲကြီးတွေကိုလည်း ကျင်းပပေးနေတာတွေ့ရပါတယ်။

လူငယ်ဆန်တဲ့အားကစားဖြစ်တဲ့အတွက် အားကစားလောကမှာတင်မဟုတ်ပဲ ဖျော်ဖြေရေးလုပ်ငန်းတွေမှာလည်း တစ်ထောင့်တစ်နေရာပါဝင်လာပါပြီ။ ဒါ့ကြောင့် စကိတ်ဘုတ်စီးအားကစားသမားတွေ၊ ဝါသနာရှင်တွေအတွက်တော့ Professional အထိသွားပြီး အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းသစ်တွေပေါ်ပေါက်လာပြီလို့ပြောနိုင်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ