Tailor တစ်ယောက် ဆိုတာ

Tailor အလုပ်ဆိုတာ

“တောင်းမှာအကွပ် လူမှာအဝတ်” ဆိုတာ ရှေးလူကြီး တွေပြော ခဲ့ တဲ့ မြန်မာစကားပုံလေးပေါ့…..။ အဝတ်အစား က လူတစ်ယောက် ရဲ့ First impression ဆိုရင်လည်း မမှားပါဘူး။ နေရာ ဒေသ အချိန်အခါနဲ့ ကိုက်ညီတဲ့ အဝတ်အစားမျိုးကို ဝတ်စားတတ်ဖို့ဆိုတာလည်း လူတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ skill တစ်ခုပါပဲ။ လူတစ်ယောက် ရှင်သန်နေထိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စား ဝတ် နေရေး မှာ “ဝတ်” ဆိုတဲ့ “အဝတ်အစား” တွေကို ချုပ်လုပ် ဖန်တီးပေးရတာကို နှစ်သက်သူများ ရှိပါသလား? ဒါဆိုရင်တော့ ဒီတစ်ခေါက်မှာ ကျွန်တော်တို့ တင်ဆက်ပေးမဲ့ Tailor တစ်ယောက် ဖြစ်ဖို့ အလုပ်အကိုင် လမ်းကြောင်း၊ လစာ ဝင်ငွေ တွေနဲ့ အလုပ်ရဲ့ အနာဂတ် အကြောင်း ကို လေ့လာကြည့်လိုက်ပါအုန်း နော်…..။

ကျောင်းရှာရန်

လမ်းကြောင်း

Tailor  တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

Tailor ဆိုတာ customer တွေရဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို အတိအကျ တိုင်းတာ ပြီးတော့ အရောင်အသွေး စုံလင်တဲ့ ပိတ်စတွေ အထည်အလိပ်တွေကို အသုံးပြုပြီး customer တွေ စိတ်တိုင်းကျ ဝတ်ဆင်နိုင်တဲ့ အထိ ကောင်းမွန်တဲ့ အဝတ်တစ်ထည် ဖြစ်လာအောင် ဖန်တီးပေးရကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။Tailor တွေဟာ အမျိုးသားဝတ် အမျိုးသမီးဝတ် ကလေးဝတ် စသဖြင့် မတူညီတဲ့ အဝတ်အစား မျိုးစုံ ကို အဝတ်ချုပ်လုပ်တဲ့ စက်တွေနဲ့ အပြင် တစ်ခါတစ်ရံ အသေးစိတ် ပြင်ဆင်မှုတွေအတွက် လက်နဲ့ ကိုယ်တိုင် ချုပ်လုပ်ရတာမျိုးလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ Tailor အများစုက တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်လုပ်ငန်းတွေ ဦးဆောင်ပြီး လည်ပတ်တာမျိုးလည်း ရှိသလို တချို့ Tailor တွေကလည်း Professional designer တွေနဲ့ တွဲဖက်လုပ်ကိုင် တာမျိုးလည်း ရှိကြပါတယ်။

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

နိုင်ငံခြား မှာဆိုရင်တော့ အဝတ်အစား ချုပ်လုပ်ခြင်းနဲ့ ပတ်သက်လို့ Fine Arts in Fashion Design ဘာသာရပ်ကို တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ ကျောင်းတွေရှိပြီး မြန်မာနိုင်ငံမှာတော့ အစိုးရတက္ကသိုလ်တွေမှာ သင်ကြားခြင်း မရှိသေးပါဘူး။ Fashion Designer နဲ့ Tailor ကလည်း တူသယောင် ထင်ရပေမဲ့ အနည်းငယ်ကွဲပြားမှုတွေ ရှိပါတယ်။ Tailor အလုပ်ကို စိတ်ဝင်စားပြီး လေ့လာ ချင်သူတွေအတွက်တော့ ရန်ကုန်မြို့မှာ Tailoring school အချို့ လည်း ရှိနေပါသေးတယ်။ Art Tailoring School, Talent Fashion Design Tailoring School စတဲ့ သင်တန်းကျောင်းတွေမှာလည်း အခြေခံ ကနေစလို့ Professional tailor တစ်ယောက်အဖြစ် ရပ်တည်နိုင်တဲ့အထိ သင်ကြားပေးလျက်ရှိပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

Tailor တစ်ယောက်ဖြစ်ဖို့ ဆိုတာ အဝတ်အစား ချုပ်လုပ်ခြင်း ကျွမ်းကျင်ဖို့လိုအပ်သလို အဝတ်အစားဖန်တီးမှုကို ဝါဿနာပါတဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ ဒီဇိုင်းကျကျချုပ်လုပ်ခြင်းမှာ အနုပညာလက်ရာမြောက်စွာဖန်တီးနိုင်တဲ့ တီထွင်ကြံဆမှု စွမ်းရည်ရှိတဲ့သူနဲ့သင့်တော်လှပါတယ်။ Customer ရဲ့ စိတ်ကြိုက်ပုံစံအတိုင်းချုပ်လုပ်နိုင်ပြီး ခန္ဓာကိုယ်အတိုင်းအတာအလိုက် ချုပ်လုပ်ရမှာဖြစ်လို့ စိတ်ရှည်မှု၊ တိကျမှု ရှိတဲ့သူဖြစ်ဖို့လိုအပ်ပါတယ်။ suit အမျိုးအစားများအလိုက် ဒီဇိုင်းကွဲပြားမှုတွေကို လေ့လာလိုက်စားဖို့ လိုတဲ့အတွက် သင်ယူမှုအားကြီးတဲ့သူနဲ့ ဆိုရင် Tailor အလုပ်က သင့်တော်ပါတယ်..။ Customer များနဲ့ တိုက်ရိုက်ဆက်ဆံရတဲ့အတွက် Communication ကောင်းမွန်မှုကလည်း Tailor တစ်ယောက်မှာ မရှိမဖြစ် ပါပဲ…

ပညာအရည်အချင်း

Tailor တစ်ယောက်အဖြစ် Professional လုပ်ကိုင်သူတွေအတွက် တခြား ဘွဲ့လက်မှတ်တွေ ပညာရေး သတ်မှတ်ချက်တွေ ထက်စာရင် tailoring နဲ့ ပတ်သက်ပြီး ပညာရပ်ဆိုင်ရာလေ့လာတတ်မြောက်မှု ကတော့ အဓိက ပါပဲ။ အနု အစိတ် ဖန်တီးရတာကို စိတ်ပါဝင်စားပြီး အဝတ်အစား ချုပ်လုပ်ရမှာကို နှစ်သက်တယ်ဆိုရင်တော့ Tailor သင်တန်း မတက်ရောက်နိုင်ရင်တောင် နီးစပ်ရာ professional tailor တွေဆီမှာ ပညာသင် အဖြစ် ဝင်ရောက် လုပ်ကိုင်ရင်း လေ့လာနိုင်ပါတယ်။

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

သင်တန်းဈေးနှုန်းတွေကတော့ ကျောင်းအလိုက် ၇သောင်းကနေ ၅သိန်းလောက် ဝန်းကျင်ထိရှိပြီးတော့ အဆင့်မြင့် အတန်းတွေမှာတော့ ၆သိန်းလောက်ထိ ကုန်ကျတာမျိုး ရှိပါတယ်။ စက်ချုပ် ပညာရပ်တစ်ခုကို တတ်မြောက်ချင်သူတွေ အနေနဲ့ ကတော့ အချိန်ကာလ အနည်းဆုံး ၂လလောက်ကနေ ၄လ လောက်ထိ ပေးရမှာပဲ ဖြစ်ပါတယ်။ Art Tailoring School မှာတော့ နယ်ကနေ ရန်ကုန်ကို လာရောက်ပြီး သင်တန်း တက်ရောက်ကြမဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် နေစရာ စီစဉ်ပေးတာမျိုးလည်း ရှိပါတယ်။ စက်ချုပ်လုပ်ငန်း (Tailoring) ဆိုတာ ရေရှည် တည်တံ့နိုင်မဲ့အသက်မွေးဝမ်းကျောင်း တစ်ရပ်ဖြစ်တာမို့ ဝါသနာ ပါလို့ ကတော့ ရင်းနှီးမြှုပ်နှံထားသင့်တဲ့ ပညာရပ်တစ်ခုပါပဲ။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Tailor အများစုက ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးရပ်တည်နေကြသော်လည်း ကိုယ့်အနေနဲ့ Professional မဖြစ်ခင် ကျွမ်းကျင်သူတွေ ဆီမှာ ချဉ်းကပ်သင်ယူရမှာဖြစ်ပါတယ်။ ဒီအတွက် တစ်ချို့သော အဝတ်အစား ထုတ်လုပ်ခြင်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်သလို ကျွမ်းကျင် ချုပ်လုပ်သူများရဲ့ လက်ထောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ Tailor တစ်ယောက်ရဲ့ အလုပ်ကိုင်က ချုပ်လုပ်ခြင်းလုပ်ငန်းနဲ့အညီ အထည်အလိပ်လုပ်ငန်းများ၊ အဝတ်အစားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စက်ချုပ်ဆိုင်ကြီးများ၊ ကိုယ်တိုင်ချုပ်စတိုးဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

ကိုယ်ပိုင်ရပ်တည်နေတဲ့ Professional Tailor တစ်ယောက်အနေနဲ့ ရရှိတဲ့ဝင်ငွေကတော့ မိမိရဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ လက်ရာကောင်းမွန်မှု၊ communication ကောင်းမှု နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ Suit တစ်စုံစာကို လက်ရာကောင်းရင်ကောင်းသလို သိန်းဆယ်ဂဏန်းနဲ့ချီရတာဖြစ်လို့ ဝင်ငွေကောင်းတဲ့အလုပ်အကိုင်လို့ဆိုရမှာပါ။ အဝတ်အစား ချုပ်လုပ်ခြင်းလုပ်ငန်းမှာတော့ Senior Tailor တစ်ယောက်အနေနဲ့ ပျှမ်းမျှ တစ်းသိန်းမှဆယ်သိန်းအထိရရှိနိုင်ပြီးJunior တစ်ယောက်အနေနဲ့တော့ ပျှမ်းမျှသုံးသိန်မှဆယ်သိန်းအထိရရှိနိုင်ပါတယ်။

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

Tailor အများစုက ကိုယ်ပိုင်ဆိုင်ဖွင့်ပြီးရပ်တည်နေကြသော်လည်း ကိုယ့်အနေနဲ့ Professional မဖြစ်ခင် ကျွမ်းကျင်သူတွေ ဆီမှာ ချဉ်းကပ်သင်ယူရမှာဖြစ်ပါတယ်။ ဒီအတွက် တစ်ချို့သော အဝတ်အစား ထုတ်လုပ်ခြင်းလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်သလို ကျွမ်းကျင် ချုပ်လုပ်သူများရဲ့ လက်ထောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်ပါတယ်။ Tailor တစ်ယောက်ရဲ့ အလုပ်ကိုင်က ချုပ်လုပ်ခြင်းလုပ်ငန်းနဲ့အညီ အထည်အလိပ်လုပ်ငန်းများ၊ အဝတ်အစားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စက်ချုပ်ဆိုင်ကြီးများ၊ ကိုယ်တိုင်ချုပ်စတိုးဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

အလုပ်ရဲ့ အနာဂတ်

လူတွေရဲ့လူနေမှုပုံစံတွေ တိုးတက်လာတာနဲ့အညီ လူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေက သပ်ရပ်သန့်ရှင်းပြီး ပိုမို ကြည့်ကောင်းလာခဲ့ပါတယ်။ အဝတ်အစား ဆိုတာက လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုဖော်ပြပေးတဲ့အရာတစ်ခုဆိုလည်းမမှားပါဘူး ဒီအတွက် အဝတ်အစားကို အရေးတစ်ယူထည့်တွက်ခြင်းမျိုးက ဆက်လက်ရှင်သန်နေဦးမှာဖြစ်သလို တိုးတက်လာတဲ့ခေတ်နဲ့အညီ လူတွေရဲ့အဝတ်အစားအပေါ် သဘောထားကို ပိုမိုဂရုစိုက်လာကြမှာဖြစ်ပါတယ်။

လူတွေရဲ့လူနေမှုပုံစံတွေ တိုးတက်လာတာနဲ့အညီ လူတွေရဲ့ ဝတ်စားဆင်ယင်မှုတွေက သပ်ရပ်သန့်ရှင်းပြီး ပိုမို ကြည့်ကောင်းလာခဲ့ပါတယ်။ အဝတ်အစား ဆိုတာက လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုဖော်ပြပေးတဲ့အရာတစ်ခုဆိုလည်းမမှားပါဘူး ဒီအတွက် အဝတ်အစားကို အရေးတစ်ယူထည့်တွက်ခြင်းမျိုးက ဆက်လက်ရှင်သန်နေဦးမှာဖြစ်သလို တိုးတက်လာတဲ့ခေတ်နဲ့အညီ လူတွေရဲ့အဝတ်အစားအပေါ် သဘောထားကို ပိုမိုဂရုစိုက်လာကြမှာဖြစ်ပါတယ်။

အလုပ်အပေါ် စိတ်ကျေနပ်မှု

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ