Vlogger အလုပ်ဆိုတာ

 Vlogger အလုပ်ဆိုတာ

လူတော်တော်များများက Blogger နဲ့ Vlogger ဆိုတာကို သိပ်မကွဲပြားကြပါဘူး။ Blogger ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ ကျွမ်းကျင်တဲ့ လုပ်ငန်း၊ ကိုယ့်ရဲ့အတွေးအမြင်၊ ဗဟုသုတတွေနဲ့ ကိုယ့်လှုပ်ရှားမှုတွေကို လူမှုကွန်ယက်ပေါ်မှာ ရေးသားဖော်ပြကြသူတွေ ဖြစ်ပါတယ်။ Vlogger ဆိုတာကတော့ Video Blogger ကို ဆိုလိုတာဖြစ်ပြီး သူတို့ကတော့ Video contents တွေကို ကိုယ့်ရဲ့ ဆန်းသစ်တဲ့ စိတ်ကူးအကြံဉာဏ်တွေနဲ့ ပေါင်းစပ် ဖန်တီးသူတွေ ဖြစ်ပါတယ်။

ကျောင်းရှာရန်

လမ်းကြောင်း

Vlogger တစ်ယောက်ဖြစ်လာနိုင်မယ့် လမ်းကြောင်း

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

Vlogger အတွက်ကတော့ သီးသန့်တက်ရတဲ့ ကျောင်းမျိုး၊ သင်တန်းမျိုးတွေ မရှိသေးပါဘူး။ အဓိက ကိုယ့်ဝါသနာအလိုက် ဖြစ်တဲ့အတွက်ကြောင့် စိတ်ပါဝင်စားဖို့နဲ့ အကောင်းဆုံးသော ကြိုးစားမှုတွေသာ လိုအပ်တာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ချင်တယ် ဆိုရင်တော့ Video ပိုင်းနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ၊ ဓါတ်ပုံပညာနဲ့ ပက်သက်တဲ့ သင်တန်းတွေကို တက်ရောက်သင်ယူနိုင်ပါတယ်။

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

– ပေါင်းသင်းဆက်ဆံရေး အထူးကောင်းမွန်သူ ဖြစ်ရမယ်။
– တက်တက်ကြွကြွနဲ့ နေရာအစုံ သွားလာနိုင်သူ ဖြစ်ရမယ်။
– မတူညီတဲ့ ရှုထောင့်တွေကနေ စဉ်းစားတတ်ပြီး စူးစမ်းလေ့လာလိုစိတ် ပြင်းထန်သူ ဖြစ်ရမယ်။
– Social media အကြောင်းကို ၤနှံ့စပ်ကျွမ်းကျင်ပြီး အထူးသဖြင့် videos နဲ့ ပက်သက်ပြီး နားလည်သူ ဖြစ်ရမယ်။
– Video editing အကြောင်းကိုလည်း စိတ်ပါဝင်စားသူ ဖြစ်ရမယ်။
– Audience တွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး video တွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးတတ်သူ ဖြစ်ရမယ်။

 

ဒီအလုပ်ကို ဘာလို့လုပ်သင့်လဲ

– ကိုယ့်အတွေ့အကြုံတွေ၊ အတွေးအမြင်တွေကို လူအများဆီ sharing လုပ်ပေးချင်တယ်။
– Video ပိုင်းကို စိတ်ဝင်စားပြီး presenting လုပ်ရတာကို သဘောကျနှစ်သက်တယ်။
– စူးစမ်းလေ့လာလိုစိတ် ပြင်းပြပြီး သွက်လက်တက်ကြွတယ်။
– အသစ်အဆန်းတွေကို စမ်းသပ်ရင်း ဝေမျှပေးချင်တယ်။
– ရုံးအလုပ်တွေ မဟုတ်ဘဲ ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်ရတာကို သဘောကျတယ်။

ပညာအရည်အချင်း

– အတန်းပညာအရည်အချင်းကတော့ ကြီးကြီးမားမား လိုအပ်တာမျိုး မရှိပါဘူး။
– Website, Facebook, Youtube စတဲ့ Social media platform တွေကိုတော့ ကောင်းမွန်စွာ တတ်ကျွမ်းနားလည်ထားဖို့ လိုအပ်ပါတယ်။
– ဓါတ်ပုံပညာရပ်နဲ့ ပက်သက်ပြီးတော့ အနည်းအကျဉ်း သိထားဖို့ လိုအပ်ပါတယ်။
ကျောင်းဘယ်လို ရွေးရမလဲ

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

Vlogger အတွက် သီးသန့်သင်တန်းကျောင်းမျိုး မရှိပါဘူး။

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

လစာ (2 star က လစာ ၁သိန်း – မြန်မာပျမ်းမျှလစာ)

4 out of 5 stars (လစာကတော့ ကိုယ့်ရဲ့ အရည်အချင်း၊ ဖန်တီးနိုင်မှု၊ ဆန်းသစ်တီထွင်မှု၊ လုပ်နိုင်စွမ်းတွေ အပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိပါတယ်)

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

အလုပ်ရဲ့ အနာဂတ်

အလုပ်အပေါ် စိတ်ကျေနပ်မှု

– Laptop ဒါမှမဟုတ် ဖုန်းလေးတစ်လုံး ရှိရုံနဲ့ ကိုယ့်အတွေ့အကြုံ ဗဟုသုတတွေ၊ ကိုယ် share လုပ်ပေးချင်တဲ့ အရာတွေကို social media ကတဆင့် လွယ်လွယ်ကူကူ share နိုင်တယ်။
– ကိုယ့်ရဲ့ Sharing တွေကြောင့် society မှာ ကောင်းတဲ့ သက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်
– ကိုယ်ဝါသနာပါတာကို လုပ်ရင်းနဲ့ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာနိုင်တယ်။
– ကိုယ့်အရည်အချင်းအလိုက် တော်ရင်တော်သလို အောင်မြင် ကျော်ကြားသူတစ်ယောက် ဖြစ်လာနိုင်တယ်။

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ