အဆို နည်းပြ (Vocal Coach)

အသံနဲ့ပတ်သတ်တဲ့ အဆိုပိုင်းဆိုင်ရာ အပြောပိုင်းဆိုင်ရာ နည်းပညာတွေကို စနစ်တကျပို့ချသင်ကြားပေးသူ

ကမ္ဘာကျော်အဆိုတော်ကြီးတွေတောင်သူတို့ရဲ့ အသံပိုင်းဆိုင်ရာ မှန်ကန်စေဖို့ ကျန်းမာစေဖို့ personal vocal trainer တွေရှိကြပါတယ် တကယ်တော့ vocal trainer ဆိုတာ အသံကောင်းဖို့ဆိုတာထက် ပိုပါတယ် အသံကိုစနစ်တကျ မှန်မှန်ကန်ကန် နဲ့ ကိုယ့်ကိုမထိခိုက်စေတဲ့ နည်းနဲ့ ထုတ်တတ်ဖို့ ဆိုတတ်ဖို့လမ်းပြပေးတာပါ။ အသံဆရာဝန်လို့ ခေါ်လို့ရပါတယ်။ အသံပိုင်းဆိုင်ရာ ကျန်းမာစေဖို့က vocal coach တွေရဲ့ အဓိကတာဝန်ပါ

ကျောင်းရှာရန်

လမ်းကြောင်း

အဆိုနည်းပြ တစ်ယောက်ဖြစ်လာနိုင်မယ့်လမ်းကြောင်း

Vocal Coach တစ်ယောက်ဖြစ်ဖို့ဆိုတာ ပါရမီနဲ့ ပညာပေါင်းစပ်ပြီးမှရတာပါ အဆိုဘက်မှာလည်း ပိုင်နိုင်ဖို့လိုသလို အဆိုနည်းပညာတွေကိုလည်းကျွမ်းကျင်ဖို့လိုပါတယ် ကိုယ်ဟာ တကယ်ကို အဆိုပညာကို စိတ်ဝင်စားတယ် ကိုယ့်မှာပါရမီလည်း ပါလာတယ်ဆိုရင် Vocal Coach တစ်ယောက်ဖြစ်ဖို့ဆိုတာ ခက်ခဲလွန်းလှတဲ့ အရာတော့မဟုတ်ဘူး အမြဲတမ်းအဆိုလေ့ကျင့်နေပြီး အဆိုသင်တန်းတွေ တက်ဖို့လည်း အရင်လိုပါတယ် အဲ့ဒါမှ ကိုယ့်ရဲ့အသံဟာလည်း ကောင်းသလို သင်ကြားရေးနည်းစနစ်တွေနဲ့လည်း ရင်းနှီးလာမှာပါ ပြီးရင်တော့ ကိုယ်ဟာ ဘယ်လို Vocal Coach ဖြစ်ချင်တာလည်း ဥပမာ ကလေးတွေကို သင်တာမျိုးလား အဆိုတော်တွေကို လေ့ကျင့်တာမျိုးလား Studio တွေမှာ လုပ်ချင်တာလား သေချာသိအောင် လုပ်ပါ..Vocal Coach တစ်ယောက်ဟာ တကယ်တော့ ကိုယ့်ကျောင်းသာရဲ့ အသံဆရာဝန်ပါပဲ သူနဲ့လိုက်ဖက်တဲ့နည်းလမ်းကို အမြဲပြောင်းလဲသုံးနေရမှာပါ ပြီးရင်တော့ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် တခြားနိုင်ငံတွေမှာပဲဖြစ်ဖြစ် နိုင်ငံတကာအသိအမှတ်ပြု သင်တန်းကျောင်း တက္ကသိုလိတွေမှာ ထပ်ပြီး လေ့လာလိုက်စားပြီး အောင်မြင်တဲ့ Vocal Coach တစ်ယောက်ဖြစ်အောင်ကြိုးစားလို့ရပါပြီ…

ဘယ်လိုကျောင်းမျိုးကိုရွေးမလဲ

အခုဆိုရင် အဆိုသင်တန်းကျောင်းတွေ အများကြီးရှိလာပါပြီ အရင်ဆုံးကတော့ အဆိုသင်တန်းတစ်ခုခုတက်ပါ Gitameit, Grace Music Institute, Legacy Singing class, U Saw Nu vocal training စသည်ဖြင့် တက်ရောက်လို့ရပါတယ် အစပိုင်းကတော့ အဆိုကောင်းဖို့ကိုပဲ ဦးစားပေးလုပ်သင့်ပါတယ် ပြီးမှ vocal coach ဘက်ကိုပြောင်းပါ ပြောင်းတဲ့အခါမှာလည်း vocal coach အတွက် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်တွေ certificate တွေရနိုင်တဲ့ အဆင့်မြင့်ကျောင်းတွေကို တက်သင့်ပါတယ် နောက်ပိုင်းမှာ ကိုယ်က ကြီးကြီးမားမား လုပ်ဖို့ဆိုရင် အခုကတည်းက ခိုင်မာတဲ့ အရာတွေရှိထားဖို့လိုပါတယ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာလည်း BFA ( Bachelor of Fine Arts), B.A.music စသည်ဖြင့်လည်း လေးနှစ် ဘွဲ့ကြိုသင်တန်းတွေ မဟာတန်းတွေလည်းတက်လို့ရပါတယ်။ ဘွဲ့ကြိုမှာ music ကိုပဲ အဓိကယူပြီး မဟာတန်းရောက်မှ vocal coach ပြောင်းယူလို့လည်းရပါတယ်

ဘယ်လိုလူမျိုးနဲ့သင့်တော်လဲ ၊ ဘာတွေလိုလဲ

အရေးကြီးဆုံးလိုတာကတော့ အဆိုပညာပေါ်မှာ ရူးသွပ်မှုပါပဲ ပြီးရင်တော့ စိတ်ရှည်သည်းခံမှု ဆရာကောင်းပီသတဲ့ စိတ်နေသဘောထားတွေလိုပါတယ် ကလေးတွေပဲဖြစ်ဖြစ် အဆိုတော်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့လမ်းညွှန်မှုကို ယုံကြည်ကြည် လက်ခံဖို့ဆိုရင် ကိုယ်ဟာ ပညာရပ်ပိုင်းဆိုင်ရာ ပြည့်ဝပြီး စိတ်စေတနာ ဖြူစင်နေမှပဲဖြစ်မှာပါ ဘာသာစကားစွမ်းရည်လည်းလိုအပ်ပါတယ် ဂီတပညာရပ်ကိုလည်း စိတ်ပါဝင်စားပြီ အနုပညာတူရိယာပစ္စည်းများစွာကို တီးတတ်ဖို့လည်းလိုပါတယ် ဒါတွေကတော့ ပြောနေစရာမလိုပါဘူး အနုပညာအလုပ်ကို တကယ်ဝါသနာပါသူတွေက ဘယ်သူမှ သင်မယ့်သူမရှိတောင် ကိုယ့်ဘာသာ ရှာကြံတီးနေကျမှာပဲ..အရေးကြီးဆုံးကတော့ အနုပညာသမားဖြစ်နေဖို့ပါပဲ

ကျောင်းစရိတ် နှင့် ကုန်ကျစရိတ်များ

ဘွဲ့တစ်ခုရဖို့ဆိုရင်တော့ အနည်းဆုံး လေးနှစ်ကြာလေ့လာရမှာဖြစ်တဲ့အတွက် အကုန်အကျကတော့ အထိုက်အလျောက်ရှိမှာပါ Private University တွေမှာလည်း တက်လို့ရနိုင်သလို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှာလည်း တက်လို့ရနိုင်ပါတယ် ကိုယ်သာ အင်္ဂလိပ်ဘာသာစကားလည်း ကျွမ်းတယ်ဆိုရင်တော့ နိုင်ငံတကာ ပညာတော်သင်အခွင့်အရေးတွေလည်းအများကြီးရှိပါတယ် ရက်တိုသင်တန်းလေးတွေကတော့ ၁ သိန်းကနေ ၂ သိန်း ဝန်းကျင်ထိအမျိုးမျိုးရှိပါတယ်

အလုပ်အကြောင်း

လစာ နှင့် ဝင်ငွေ

Vocal Coach ဆိုတာမျိုးက စလုပ်ရင် စပြီးတော့ လစာကောင်းတာမျိုးမဟုတ်ပါဘူး အစပိုင်းမှာတော့ ကိုယ့်နာမည်ကို အရင်တည်ဆောက်ရပါမယ် တဖြည်းဖြည်းအောင်မြင်လာပြီဆိုကာမှ ကိုယ့်ရဲ့ ညဏ်ပူဇော်ခကလည်း တက်လာတာပါ လစာဘယ်လောက် ဝင်ငွေဘယ်လော်ဆိုပြီး အတိအကျကြီးပြောဖို့တော့ခက်ပါတယ် ဒါပေမယ့် ပျမ်းမျှဆိုရင်တော့ တစ်နာရီကို ဒေါ်လာ ၂၀ အနည်းဆုံးကနေ ကိုယ့်ရဲ့ အတွေ့အကြုံ ပေါ်မူတည်ပြီး တိုးလာပါတယ်

ဘယ်လိုနေရာမှာ အလုပ်ရနိုင်လဲ

သင်သာ တကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ Vocal Coach ဆိုရင်တော့ အလုပ်မရှိမှာပူစရာမလိုပါဘူး ကိုယ်ပိုင် အဆိုသင်တန်းတွေ ဖွင့်လို့ရတယ် နိုင်ငံကျော်အဆိုတော်တွေ တက်သစ်စ အဆိုတော်တွေ သီချင်းဆိုပြိုင်ပွဲဝင်ကြမယ့် သူတွေအတွက် Persoanl Trainer အနေနဲ့လည်း လုပ်လို့ရပါတယ် ပြီးရင် Studio ရုံတွေ တချို့နိုင်ငံတကာ စာသင်ကျောင်းတွေမှာလည်း အချိန်ပိုင်း အချိန်ပြည့် လုပ်လို့ရပါတယ် ကိုယ့်မှာ ဘာသာစကားစွမ်းရည်လည်းရှိတယ် နိုင်ငံတကာအသိအမှတ်ပြုကျောင်းတွေကနေလည်း ဘွဲ့တွေ ဘာတွေရထားတယ်ဆိုရင်တော့ နိုင်ငံခြားမှာလည်း အလုပ်လုပ်လို့ရပါတယ်

အလုပ်ရဲ့ အနာဂတ်

ပညာတိုးတက်လာမှုနှင့်အတူ စာရေးသားတဲ့ပုံစံတွေဟာလည်း ပြောင်းလဲလာပါပြီ ပြည်သူလူထုအနေနဲ့လည်း စာအုပ်စာပေ နဲ့ ထိတွေ့ခွင့်ဟာ အရင်ကထက်လွယ်ကူလာပါပြီ သို့ပေမယ့် နည်းပညာတိုးတက်မှုနှင့်အတူ ပြည်သူလူထုရဲ့စာဖတ်နှုန်းတွေကျလာတာကတော့ အဓိကဖြေရှင်းရမည့် ပြဿနာပါပဲ အောင်မြင်လာဖို့လည်း လွယ်သလို ကျရှုံးသွားဖို့လည်း လွယ်ပါတယ် ချုံငုံကြည့်မယ်ဆိုရင်တော့ စာရေးဆရာအလုပ်ဆိုတာ အစားထိုးစရာမရှိသလို ပျော်ကွယ်သွားမယ့်အရာလည်း မဟုတ်ပါဘူး ရေးစရာတွေလည်း ကုန်သွားမှာမဟုတ်သလို ကမ္ဘာတစ်ဝန်းဖြန့်ကျက်ဖို့သာရှိပါတယ်

အတွေ့အကြုံများ

သူတို့ကို ဘယ်အရာက တွန်းအားပေးနေလဲ

တွန်းအားပေးတဲ့ နေရာမှာ ပတ်ဝန်းကျင်ကတွန်းအားပေးတာနဲ့ မိမိရဲ့စိတ်ဝိညဉ်ကိုယ်တိုင်ကကို လုပ်ချင်တာဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖေကကြိုးစားခိုင်းလို့ ..အမေကလုပ်ခိုင်းလို့စတာတွေက ပတ်ဝန်းကျင်က တွန်းအားပေးတာတွေပါ။ တကယ်ရေရှည်အောင်မြင်ဖို့ကျ မိမိရဲ့စိတ်ဝိညဉ်ကိုယ်တိုင်က လုပ်ချင်စိတ်ရှိမှဖြစ်တာပါ။ တကယ်ရူးသွပ်တဲ့အရာကို လုပ်ရင်းနဲ့ပဲ အောင်မြင်လာတာပါ။ အနုပညာသမားတွေကို အဓိကကတွန်းအားပေးနိုင်တာကတော့ မိမိရဲ့မွေးရာပါ အထုံဝါသနာပါပဲ။ ဘယ်လောက်ပဲခက်ခဲပါစေ အနုပညာအလုပ်တွေမလုပ်ရရင်မနေနိုင်ပါဘူး။ ဘယ်သူကလုပ်ခိုင်းခိုင်း မခိုင်းခိုင်း အမြဲလုပ်နေမှာပါ။ မိမိရဲ့စိတ်ဝိညဉ်ရဲ့စေလိုရာကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ရင် တစ်နေ့အောင်မြင်မယ်ဆိုတာ အသေအချာပါပဲ။

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ