သင့်အချိန် မိနစ်ပိုင်းလေးပေးပြီး သင့်ဘဝတိုးတက်စေမယ့် အခွင့်အရေးကို သင်ကိုယ်တိုင် ဖမ်းဆုပ်လိုက်ပါ။ အောင်မြင်သူတွေကိုယ်တိုင် ပြောပြတဲ့ သူတို့ဘဝအကြောင်းနဲ့ ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ခရီးတွေ အကြောင်း ကြည့်ကြည့်လိုက်ရအောင်။
__________
ဒီတစ်ပတ်ရဲ့ ခယောင်းလမ်းမှစတင်၍ အစီအစဉ်မှာတော့ ကျွန်တော်တို့ Live the Dream အဖွဲ့သားတွေက Event Planner တစ်ယောက်ဖြစ်တဲ့ ဆရာမောင်မောင်အေးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ပွဲအခမ်းအနားတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်သွားနိုင်ဖို့၊ ပါဝင်တက်ရောက်သူအားလုံး အမှတ်တရများစွာနဲ့ ပျော်ရွှင်မှုတွေ လွှမ်းခြုံနိုင်ဖို့၊ အားလုံး စိတ်ကျေနပ် စေမယ့် အပြည့်စုံဆုံးသော အခမ်းအနားတစ်ခု ဖြစ်တည်လာဖို့အတွက် Event Planner တစ်ယောက်ရဲ့ တာဝန်တွေက ကြီးမားများပြားလွန်းပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ ပျော်ပျော်နေတတ်ပြီး ငယ်ငယ်ကတည်းကနေ ဂိမ်းအစီအစဉ်တွေ TV Channels တွေ ကြည့်ရတာကို နှစ်သက်ခဲ့တဲ့ ဆရာမောင်မောင်အေးတစ်ယောက် ဒီနေ့လို အောင်မြင်မှုမျိုးရအောင် ဘယ်လိုခယောင်းလမ်းခရီးမျိုး ဖြတ်ကျော်ခဲ့ရသလဲ ဆိုတာတွေ ပါဝင်မှာဖြစ်ပါတယ်။
__________
ဒီအင်တာဗျူးလေးကနေတစ်ဆင့် Event Planner တစ်ယောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လွဲချော်တတ်တဲ့ အမှားတွေ၊ ကြုံကြိုက်ရတဲ့ ပြဿနာတွေအကြောင်းနဲ့ ဘယ်လို ရင်ဆိုင်ဖြေရှင်းရတယ် ဆိုတဲ့အချက်တွေ မြင်တွေ့ရမှာဖြစ်လို့ Event Planning ပိုင်း စိတ်ဝင်စားတဲ့ သူတွေအတွက်တော့ ကြီးမားတဲ့ ဗဟုသုတတွေ ပေးနိုင်မှာ အသေအချာပါပဲ။