အချိန်မိနစ်ပိုင်းလေးပေးပြီး သင့်ဘဝတိုးတက်စေမယ့် အခွင့်အရေးကို သင်ကိုယ်တိုင် ဖမ်းဆုပ်လိုက်ပါ…။ လူအမျိုးမျိုး အဖြစ်အပျက် အထွေထွေကြားထဲက အောင်မြင်သူတွေကိုယ်တိုင် ပြောပြတဲ့ သူတို့ဘဝခရီးအကြောင်း ဘယ်လိုတွေ မြင်ရမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
———–
ဒီတစ်ပတ်ရဲ့ ခြေလှမ်းများနှင့်မနက်ဖြန် အစီအစဉ်မှာတော့ ကျွန်တော်တို့ Live the Dream Media အဖွဲ့သားတွေက Game Developer တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ကိုစိုးသီဟနိုင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ ခေတ်အခါ အခြေအနေအရ Game Industry ဟာ ယခုလောက် လူသိမများခဲ့သလို ပညာသင်ယူမှုအရာနဲ့ အလုပ်အကိုင် အခွင့်အလမ်းမှာပါ ရှားပါးမှုတွေ ရှိနေခဲ့ပေမယ့် ဝါသနာကို စွန့်လွှတ်ပစ်ပယ်ခြင်း မရှိဘဲ တစ်လှမ်းချင်းစီ အရောက်သွားခဲ့တဲ့ ကိုစိုးသီဟနိုင်ရဲ့ ဘဝခရီးလမ်း ကတော့ လူငယ်တွေအတွက် တကယ့်ကို အတုယူစရာပဲ ဖြစ်ပါတယ်။
———-
ဒီအင်တာဗျူးလေးကနေတစ်ဆင့် ကိုစိုးသီဟနိုင်ရဲ့ ထက်သန်ခိုင်မာလှတဲ့ ရည်ရွယ်ချက်၊ Game Development ကို ဘယ်လိုအခက်အခဲတွေကြားကနေ လေ့လာခဲ့သလဲ ဆိုတဲ့ အကြောင်းတွေနဲ့ သူ့ရည်မှန်းချက်ဆီကို ဘယ်လို အရောက် လှမ်းခဲ့သလဲ ဆိုတာတွေကို မြင်တွေ့သိရှိရမှာ ဖြစ်ပါတယ်။
Game Development ပိုင်းကို စိတ်ဝင်စားတဲ့လူငယ်များအနေနဲ့သွားရမယ့်လမ်းကြောင်းကိုတော့ အောက်က Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျာ…
https://m.facebook.com/story.php?story_fbid=611306912609474&id=272627893144046