သင့်အချိန် မိနစ်ပိုင်းလေးပေးပြီး သင့်ဘဝတိုးတက်စေမယ့် အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပါ။ အောင်မြင်သူတွေ ကိုယ်တိုင် ပြောပြတဲ့ သူတို့ဘဝဇာတ်ကြောင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းအကြောင်းကို ကြည့်ကြည့်လိုက်ရအောင်။
ဒီတစ်ပတ်ရဲ့ ခယောင်းလမ်းမှစတင်၍ အစီအစဉ်မှာတော့ ကျွန်တော်တို့ Live the Dream Media အဖွဲ့သားတွေ Human Resources Consultant နဲ့ Talent Development Specialist တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ ဆရာဦးအေးကျော် နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
၁၉၈၆ မှာ UNDP Project တစ်ခုဖြစ်တဲ့ Coorperative Management Services ထဲကို ဆရာဟာ ဝန်ထမ်းအဖြစ်ရောက်ရှိပြီး Personnel Management နဲ့ လေ့လာသင်ယူရင်း HR လောကထဲကို စတင် အခြေ ချခဲ့ပါတယ်။ အဲဒီ အချိန် မြန်မာနိုင်ငံမှာ HR ဘာသာရပ်ဟာ ခေတ်စားတဲ့ဘာသာရပ် မဟုတ်ခဲ့ပေမယ့် တစ်ချိန်မှာ အသုံးဝင်မယ့်ပညာရပ်ဖြစ်တယ်လို့ယုံကြည်ခဲ့တဲ့အတွက်ကြောင့် ဆရာဦးအေးကျော်အတွက် မျှော်လင့်ချက် လမ်းစနဲ့ အခွင့်အလမ်းတွေ ရောက်ရှိလာခဲ့ပါတယ်။ ဒီလို အခွင့်အရေးတွေကိုဆရာဦးအေးကျော်ဟာ ဘယ်လိုအသုံးပြုပြီး ဒီလိုမျိုး အောင်မြင်တဲ့ Human Resources Consultant နဲ့ Talent Development Specialist တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဒီအင်တာဗျူးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒီအင်တာဗျူးလေးကနေတစ်ဆင့် အချိန်ရဲ့ အရေးပါပုံ၊ ယခုခေတ်မှာ Human Resources ရဲ့ အကြောင်းအရာတွေ၊ဆရာဦးအေးကျော် ရဲ့ ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ သူလျှောက်လှမ်းခဲ့တဲ့ ခယောင်းလမ်း အကြောင်းတွေကို သိရှိရမှာ ဖြစ်တဲ့အတွက် လူငယ်တွေအတွက် ကြီးမားတဲ့ သင်ခန်းစာတွေ ပေးနိုင်မှာ သေချာပါတယ်။