
ဆံပင်နဲ့ မိတ်ကပ်ပညာဆိုတာ ကိုယ်ပိုင်ဖန်တီးမှုနဲ့ စိတ်ကူးစိတ်သန်းတွေအပေါ် အဓိက မူတည်နေတဲ့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ ဆံပင်လေး ထုံးတတ်ရုံ၊ မိတ်ကပ်လေး လိမ်းတတ်ရုံနဲ့ ဆံပင်မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဆံပင်မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်ဖို့ ကြိုးစားအားထုတ်မှု၊ လေ့လာမှု၊ ဖန်တီးမှုတွေ အများကြီး လိုအပ်ပါတယ်။ ဆံပင်ပညာရပ်မှာလည်း လူတစ်ယောက်ရဲ့ ရုပ်ရည်၊ သူ့ပုံစံအလိုက်၊ နေရာထိုင်ခင်းအလိုက် လိုက်ဖက်တင့်တယ်အောင် ပြင်ဆင်ထုံးဖွဲ့ ပေးရသလို မိတ်ကပ်ပညာမှာလည်း ပွဲတက်မိတ်ကပ်၊ ထသွားထလာမိတ်ကပ်၊ နေ့စဉ်အသုံးပြုနိုင်တဲ့ မိတ်ကပ် ဆိုပြီး အမျိုးအစား အများကြီး ကွဲပြားပါတယ်။ Professional ဆံပင်နှင့် မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာဖို့အတွက် ရှုပ်ထွေးကျယ်ပြန့်လှတဲ့ ဆံပင်နှင့် မိတ်ကပ်ပညာရပ်အကြောင်းတွေ စေ့စေ့စုံစုံ သိထားဖို့ လိုအပ်သလို ကိုယ်ပိုင် ဖန်တီးမှုနဲ့လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ပေါင်းစပ်တတ်ဖို့ လိုအပ်ပါတယ်။ အရောင်ပေါင်းစပ်ခြင်း၊ မိတ်ကပ် ဖန်တီးမှုများအကြောင်း၊ ဆံပင် ဆင်ယင်ထုံးဖွဲမှု အဆင့်ဆင့်ကို DK Hair&Makeup School မှာ အသေးစိတ် နည်းစနစ်တကျ သင်ယူနိုင်မှာ ဖြစ်ပါတယ်။