
မျက်လှည့်ပညာရပ်ဆိုတာ အများကြီးကျယ်ပြန့် ပါတယ်။ မျက်လှည့်ရဲ့ လျှို့ဝှက်ချက် သိရုံ၊ ပြတတ်ရုံဖြင့် မျက်လှည့်ဆရာကောင်း ဖြစ်မလာနိုင်ပါ။ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ဖို့လိုအပ်တာက မျက်လှည့်အားလုံးကို သိနေခြင်းမျိုးမဟုတ်ဘဲ သေသပ်လှပြစွာပြတတ်ခြင်း၊ပြကွက်တစ်ကွက်နှင့်တစ်ကွက် အချိတ်အဆက်ရှိခြင်း၊တီထွင်ဆန်းသစ်နိုင်ခြင်း၊Tempo အတတ်အကျ ပိုင်နိုင်ခြင်း၊Stage awareness ,Audience awareness တို့ကိုသိခြင်း၊နောက်ခံ Background music ကိုက်ညီခြင်းနှင့် အခြားခြားသော ပညာရပ်များကို လိုက်ဖက်ညီစွာ စုပေါင်းတင်ဆက်နိုင်မှသာ မျက်လှည့်ဆရာကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် လုပ်ငန်းဆိုင်ရာPersonality,
Networking Skill, Communication Skill,
Presentation Skill စတဲ့အတတ်ပညာတွေကိုပါ ပူးတွဲလေ့လာနိုင်မှသာ မျက်လှည့်ဆရာတစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
မျက်လှည့်ပစ္စည်းများကိုလည်း တစ်ခုချင်းစီအသုံးပြုပုံနှင့် မှာယူချင်သောပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူမှာယူနိုင်အောင် စီစဉ်ထားပေးမှာ ဖြစ်ပါတယ်။