မြန်မာ့လေကြောင်းအကယ်ဒမီမှကြိုဆိုပါတယ်။
မြန်မာ့လေကြောင်းအကယ်ဒမီသည် လေယာဉ်မောင်းသင်တန်းနှင့် လေကြောင်းလိုင်းဆိုင်ရာပညာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အသိအမှတ်ပြု မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကသင်တန်းကျောင်း ဖြစ်ပါသည်။ မြန်မာ့လေကြောင်းအကယ်ဒမီကို 2012 ခုနှစ်ဒီဇင်ဘာလတွင်စတင်တည်ထောင်ခဲ့ပြီးနိုင်ငံတကာက ပေါင်းစည်းလေကြောင်းလေ့ကျင့်ရေးစင်တာအဖြစ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လေကြောင်းကျွမ်းကျင်သူများနှင့် လေကြောင်းနှင့်ပက်သက်ပြီးစိတ်ဝင်စားသူများအတွက် အမျိုးသားရေးနှင့်နိုင်ငံဖွံံဖြိုးတိုးတက်ဖို့လိုအပ်ချက်များကိုဖြည့်ဆည်းရန် စံချိန်စံညွှန်းများနှင့်အညီ လေ့ကျင့်ရေးအစီအစဉ်များကို ထောက်ပံ့ပေးနေသည်။ မြန်မာနိုင်ငံ၊ ပုသိမ်-မုံရွာအဝေးပြေးလေယာဉ်ကွင်း လေယာဉ် ၅ စင်းဖြင့် မြင့်မားသောအတွေ့အကြုံနှင့်အရည်အချင်းပြည့်ဝသော ပညာရှင်များက့ သင်ကြားပို့ချပေးနေပါသည်။ မြန်မာနိုင်ငံရှိ ထူးချွန်ပြီး ပါရမီပြည့်ဝသော လေကြောင်းလုပ်သားအင်အားနှင့်အတူ မြန်မာနိုင်ငံ၏လေကြောင်းပို့ဆောင်ရေးကဏ္ဍရေရှည်တည်တံ့စေရန်လည်းရည်ရွယ်ပါသည်။