
အကပညာရပ်ရဲ့ လွှမ်းမိုးမှုဟာ နေရာတိုင်းလိုလိုမှာ တဖြည်းဖြည်း ကြီးမား ကျယ်ပြန့်လာတာ အားလုံးရဲ့ မျက်မြင်ပါပဲ။ အထူးသဖြင့် ခေတ်လူငယ်လေးတွေအကြား မတူကွဲပြားတဲ့ အကအမျိုးအစား အစုံစုံ ရေပန်းစားလျက် ရှိနေသလို အကသင်တန်း များစွာကိုလည်း တိုးချဲ့ဖွင့်လှစ် လာနေကြပြီ ဖြစ်ပါတယ်။ အကသင်တန်း အရေအတွက် တိုးတက်လာပေမယ့်လည်း နည်းစနစ်ကျပြီး အမှန်တကယ် ကောင်းမွန်တဲ့ သင်တန်းတွေကတော့ ရှားပါးနေဆဲပါပဲ။ အကဝါသနာပါပြီး အကပညာရပ်ကို ချစ်မြတ်နိုးသူတွေ၊ အနာဂတ်မှာ အကပညာရှင် တစ်ယောက်အဖြစ် ရပ်တည် လိုသူတွေအတွက် RealArt Entertain-Dance သင်တန်းကျောင်းဟာ အကပညာရှင်ပေါင်း မြေက်မြားစွာကို အောင်အောင်မြင်မြင် မွေးထုတ်ပေးနေတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ “ဝါသနာရှင်တိုင်းအတွက် စစ်မှန်တဲ့ ခြေလှမ်းဖြစ်ဖို့ အစဉ်အမြဲ ကြိုးစားလျက်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး စေတနာအရင်းခံနဲ့ အကပညာရပ် အကြောင်းကို စေ့စေ့စုံစုံ နည်းစနစ်ကျကျ သင်ကြားပေးလျက်ရှိပါတယ်။