
ရန်ကုန်ရုပ်ရှင်ကျောင်း မှ ကြိုဆိုပါတယ်။
ရုပ်ရှင်ကျောင်းဟူ၍ သီးသန့်မရှိသေးသည့်မြန်မာနိုင်ငံတွင် ရုပ်ရှင်မှတ်တမ်းနှင့်ပက်သက်သည့်ပညာများ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများလည်း နည်းပါးနေပြီး အခြားကန့်သတ်ချက်များလည်းရှိနေသည့် အတွက်ဖန်တီးမှု အစွမ်းထက်သည့်မြန်မာလူငယ်များစွာသည် ၎င်းတို့၏ အနုပညာစွမ်းရည် တိုးတက်ဖွံ့ဖြိုးစေမည့် လှုံ့ဆော်အားပေးမှုများကို အလွန်အမင်းတောင့်တလျက်ရှိနေကြပေသည်။ ဥရောပအခြေစိုက် ကိုယ်ကျိုးမဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ရန်ကုန်ရုပ်ရှင်ကျောင်း (YFS) သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရုပ် ၊ အသံဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်မည့် ဖန်တီးစွမ်းဆောင်မှုအားကောင်းသော လူငယ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အမျိုးအမည် စုံလင်ကြွယ်ဝသည့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ဖန်တီးပေးရန် ရည်ရွယ်ထားပါသည်။ ရန်ကုန်ရုပ်ရှင်ကျောင်းသည် တက်သစ်စမြန်မာရုပ်ရှင်ပညာရှင်များအတွက် အရုပ် ၊ အသံဆိုင်ရာ သင်တန်းအမျိုးအစားများစွာကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ၎င်းသင်တန်းများတွင် စာတွေ့ရော လက်တွေ့ပါသည့် သင်ရိုးများဖြင့် သင်ကြားပေးလျက်ရှိပါသည်။