အရင်ကစာအုပ်အဟောင်းတွေကို ပြန်ဖွရင်း ကျောင်းသားဘဝက ဒိုင်ယာရီ စာအုပ်တွေ၊ သူငယ်ချင်းတွေ ကိုယ့်ကို ဘယ်လောက်ခင်ကြောင်းရေးထားတဲ့ Note စာအုပ်တွေ ပြန်တွေ့တော့…😁 လတ်ဆတ်နေဆဲ အတိတ်အမှတ်တရတွေကို ပြန်ပုံဖော်မိတယ်။ ဒိုင်ယာရီ စာရွက်ဟောင်းတွေကို တစ်ရွက်ချင်းထိုင်ဖတ်ရင်း လွမ်းစရာကောင်းလိုက်တာ..🙂 အများကြီးသင်ယူတိုးတက်လာခဲ့လို ပီတိဖြစ်ရသလို ဆုတ်ယုတ်သွားတဲ့ ဖြူစင်မှုတွေအတွက်လည်း ဝမ်းနည်းလိုက်ရတာ.. 😥ရုပ်ရှင်တစ်ကားလို ရသအဖုံဖုံပါပဲ။
Diary စာအုပ်တွေဆိုတာ ကျွန်တော်တို့အကြောင်းကို ပြောပြရုံတင်မဟုတ်ပဲ လူတွေရဲ့နေစဉ်ဘဝ နေထိုင်ခြင်းကို တိုးတက်ပြောင်းလဲစေဖို့ ကူညီနိုင်တယ်လို့မှတ်သားခဲ့ဖူးပါတယ်။ ဘာကြောင့်ပါလဲ?🤔
တစ်နေ့တာဖြစ်ပျက်သမျှတွေကို စကားလုံးတွေအဖြစ် ပုံဖော်ရေးသားရခြင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ကူးဉာဏ်တွေက ပိုမိုကောင်းမွန်လာပြီး စာအရေးအသားစွမ်းရည်ကို လေ့ကျင့်သလိုဖြစ်ရပါတယ်။ ဒိုင်ယာရီစာအုပ်ထဲရေးသားထားတဲ့ အမှတ်တရတွေက အလွယ်တကူအတွေးထဲပုံဖော်နိုင်ပေမယ့် အမှုမဲအမှတ်မဲ့နေလိုက်ရင် အမှတ်တရတွေကို ကာလအပိုင်းအခြားတစ်ခုအထိပဲ မှတ်မိနိုင်မယ်မဟုတ်လား?🤭ဒါ့ကြောင့် ဦးနှောက်အာရုံကြောနဲ့ မှတ်ဉာဏ်ထိန်းသိမ်းနိုင်စွမ်းကိုလည်း တစ်နည်းအားဖြင့် တိုးတက်စေမှာပါ။ ကိုယ်ရည်ကိုယ်သွေးမှတ်တမ်း တစ်ဖြစ်လည်း ကိုယ့်မှာဘာတွေဖြည့်ဆည်းဖို့လိုအပ်လဲဆိုတဲ့အသိတွေ၊ ဘာတွေတိုးတက်လာခဲ့သလဲဆိုတဲ့ပီတိတွေဖြစ်ရပါတယ်။ ဒီမှတ်တမ်းကနေတစ်ဆင့် နေ့စဉ်ဘဝနေထိုင်ခြင်းမှာလည်း အသိ၊ သတိရှိစွာ နေထိုင်တတ်လာမှာဖြစ်ပြီး အမြဲတမ်းကြိုးစားကြဖို့ တွန်းအားတစ်ရပ်လည်းဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့..🙄
ဒိုင်ယာရီရေးပြီး Crush ကို ချွေလို့ရနိုင်ပါတယ်.. (နေ့စဉ်ဘဝမှာ မင်းရှိနေတယ်ပေါ့)😉
ချစ်သူတွေဆိုလည်း စာတွေ၊ ကဗျာတွေရေးပြီး Ro လိုက်.. Surprise လိုက်လို့ရတာပေါ့ (ရှိတဲ့သူတွေအတွက်ပါနော်) 😄
မင်မင်လို Crush မရှိ၊ ချစ်သူမရှိ လူပျိုကြီးအလောင်းအလျာတွေအတွက်တော့ ကိုယ့်အကြောင်းပဲ Diary ရေးကြတာပေါ့(ရယ်စရာပြောတာပါ)🤣
ကျွန်တော်တို့ လူငယ်တော်တော်များများနဲ့ Diary ဆိုတာ ဆက်စပ်မှုတွေ၊ အကျိုးကျေးဇူးတွေအများကြီးရှိသလိုပဲ အမှတ်တရတွေကို စာစီရေးသားပြီး တစ်ချိန်ကျ ပြန်လွမ်းကြစေဖို့ပါ။ ဒါ့ကြောင့် ဒိုင်ယာရီရေးကြဖို့ တိုက်တွန်းရင်း.. ဒိုင်ယာရီစာရွက်တစ်ရွက်စီတိုင်းလှပနိုင်ကြပါစေနော်။🙂