Hello သိပြီးပြီလား… ၂၀၁၉ SEA Games ပြိုင်ပွဲကို လာမယ့်နိုဝင်ဘာ (၃၀)၊ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ်ဆိုတာရယ်။ ပြီးတော့ မြန်မာနိုင်ငံကနေ အားကစားမျိုးစုံ သွားရောက်ယှဉ်ပြိုင်မယ့်အထဲကမှ စကိတ်စီးအားကစားကို ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာကိုရော သတိထားမိရဲ့လား…ဒီတစ်ခေါက်တော့ ကျွန်တော်တို့ Live The Dream Media ကနေ သွားရောက်တွေ့ဆုံခဲ့တဲ့ ပထမဦးဆုံးမြန်မာနိုင်ငံကိုယ်စားပြု စကိတ်စီးအားကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုပီဦးရဲ့ ဘဝဖြတ်သန်းမှုတွေကို ကြည့်ရှုပြီး ကိုပီဦးနဲ့ အားပေးမှုနည်းနေသေးတဲ့ စကိတ်စီးအားကစားအတွက် ဝန်းရံအားပေးလိုက်ရအောင်နော်…