အကပညာ

အကပညာဆိုတာ သံစဉ်အလိုက် ခန္ဓာကိုယ် လှုပ်ရှားမှုမှ ကကွက်များ ထီတွင်ဖန်တီးခြင်း ပညာရပ်ကို ဆိုလိုပါတယ်။

 

အကပညာသည် ခန္ဓာကိုယ် လှုပ်ရှားမှု ကကွက်များနှင့် သီချင်းသံစဉ်တို့ ပေါင်းစပ်မှုမှ ဖြစ်တည်လာသော အနုပညာတစ်ရပ် ဖြစ်ပါသည်။ အကပညာ သင်ယူတတ်မြောက်ရန် ကြိမ်ဖန်များစွာ လေ့ကျင့်မှု၊ ကြိုးစားအားထုတ်မှု၊ ဆန်းသစ်တီထွင်မှု၊ ဂီတအပေါ် စီးမျောခံစားနိုင်မှုတို့ လိုအပ်ပါသည်။ အကပညာဆိုရာတွင် မိမိသင်ယူလိုသော အကအလိုက် အမျိုးအစားများစွာ ရှိပါသည်။ ဥပမာ
– ဘဲလေးအက
– Jazz အက
– ခေတ်ပေါ်အက
– Hip Hop အက
– လက်တင်အက စသည်ဖြင့် အမျိုးအစား စုံလင်စွာပါဝင်ပါသည်။

ဘာတွေသင်ရမလဲ

အကပညာသည် ခက်ခဲနက်နဲ့သည့် အနုပညာတစ်ရပ် ဖြစ်သကဲ့သို့ အကပညာမှ သင်ယူနိုင်သည့်အရာလည်း များစွာရှိပါသည်။ အကပညာ သင်ယူခြင်းဖြင့် Creative Thinking၊ ဂီတ သံစဉ် အနုပညာကို ခံစားတတ်ခြင်း၊ Teamwork ၊ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့် ကျန်းမာကြံခိုင်မှုတို့ အရေးကြီးပုံကို သိရှိနားလည်နိုင်ခြင်း စသည်တို့ကို သင်ယူနိုင်ပါသည်။ ထို့အပြင် မိမိကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးများလာမည့်အပြင် စိန်ခေါ်မှု အသစ်များ လက်ခံနိုင်စွမ်းမှာလည်း ပိုမိုတိုးတက်လာနိုင်မည် ဖြစ်ပါသည်။

အကပညာရပ်ကနေ

– ကကွက်နည်းစနစ်
– ကကွက်ဖန်တီးခြင်းများ
– ဂီတကို စီးမျောခံစားနိုင်ခြင်း
– ဇွဲလုံ့လ
– အသင်းအဖွဲ့ စိတ်ဓာတ်
– စိတ်ရှည်သည်းခံတတ်မှု
– စိတ်ဓာတ်ကြံ့ခိုင်မှု
– မိမိကိုယ်ကိုယ် ယုံကြည်မှု
– ကြိုးစားမှုရဲ့ ရလဒ်
– အမှားများမှ သင်ခန်းစာယူတတ်ခြင်း စတာတွေကို သင်ယူရရှိနိုင်ပါတယ်…။

ပညာရပ် နဲ့ လက်တွေ့ဘ၀ ဆက်စပ်မှု

Entertainment ဆိုတဲ့ ဖျော်ဖြေမှုကဏ္ဍဟာ ၂၁ရာစုခေတ်နဲ့ မစိမ်းလှတဲ့ အရာတစ်ခုဖြစ်သလို တစ်ခုအပါအဝင်ဖြစ်တဲ့ အကပညာရပ်ဟာလည်း အထူးသဖြင့် ခေတ်လူငယ်တွေအကြား ရေပန်းစားလှတဲ့ အနုပညာတစ်ရပ် ဖြစ်ပါတယ်။ အကပညာဟာဆိုရင် အနုပညာတစ်ခု ဖြစ်တဲ့အပြင် ကျန်းမာရေးအတွက် အားကစားတစ်ခု ဆိုရင်လည်း မမှားပါဘူး။ အကကခြင်းကနေ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတင်မကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာလာစေတဲ့အတွက် အသက်အရွယ်မရွေး လေ့လာလိုက်စားသင့်တဲ့ အနုပညာတစ်ရပ်ဖြစ်ပါတယ်။

အတွေ့အကြုံများ

ဆက်စပ်သော အလုပ်များ