ကမ္ဘာတစ်‌ဝှမ်းမှအစားအစာများ နှင့်ပတ်‌သတ်‌တဲ့ စစ်‌တမ်း‌ကောက်‌ယူမှူ‌တွေ လက်‌‌တွေ့လုပ်‌‌ဆောင်‌မှူ‌တွေ training ‌တွေ စသည်‌ဖြင့်သု‌တေသနပြုလုပ်‌တတ်‌‌တတ်‌ရန်‌ – အစာအာဟာရနှင့်ပတ်‌သတ်‌တဲ့အလုပ်‌ဆိုတာ ချက်‌ပြုတ်‌နည်းတွေ အာဟာရရှိ‌အောင်‌လုပ်‌နည်းတွေ သိပ္ပံနည်း‌ကျတဲ့အစားအစာပညာ‌တွေ..စသည်‌ဖြင့် အစားအစာနှင့်ပတ်‌သတ်‌တဲ့အရာအာလုံးနီးပါးကို လက်‌‌တွေ့‌လေ့ကျင့်သင်‌ယူရန်‌

ဘာတွေသင်ရမလဲ

အာဟာရပညာ၊ အစားအသောက်သိပ္ပံပညာရပ်၊ ကျန်းမာရေးအသိပညာ၊ အစားအစာသန့်ရှင်ရေးပညာ အစရှိသည်များသင်ယူရပါတယ်။ အချက်အပြုတ်သမားတစ်ယောက်ထက်ပိုတဲ့ အရည်အချင်းတွေ စားဖိုမှူးတစ်ယောက်မှာရှိဖို့လိုအပ်ပါတယ်။ အခြေခံမှစတင်ကာ တစ်ဆင့်ခြင်း စနစ်တကျသင်ကြားဖို့လို ပါတယ်။ ချက်ပြုတ်သော နည်းပညာများသာမက အစားအသောက်သန့်ရှင်းရေး၊ စားသုံးသူကျန်းမာရေး၊ အာဟာရနှင့်ပက်သက်သောနည်းပညာများ၊ ပါဝင်ပစ္စည်းများရောစပ်ပုံ၊ အစားအသောက်သိုလှောင်မှု ဆိုင်ရာလေ့လာခြင်း၊ စားသောက်ကုန်ပစ္စည်းသိပ္ပံပညာရပ် အစရှိသည့်အကြောင်းအရာများကို အခြေခံ မှစစနစ်တကျလေ့လာရပါတယ်။

ပညာရပ် ရဲ့ ကောင်းကျိုး နဲ့ အားသာချက်

အစားအသောက်ပညာရပ်ဟာ အသက်မွေးဝမ်းကြောင်းပညာရပ်အဖြစ် အသုံးမပြုသည့်တိုင် လူတိုင်း တတ်ထားသင့်သော ပညာရပ်ဖြစ်ပါတယ်။ စားဖိုမှူးတစ်ယောက်ဖြစ်ရန် ပညာအရည်အချင်းများစွာ မလိုအပ်သော်ငြား အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများသန့်ရှင်းရေးနှင့် အစားအသောက် ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သော ဗဟုသုတနှင့် Skills များရှိထားခြင်းက လုပ်ငန်း လုပ်ကိုင်ရာမှာ ပိုမိုထိရောက်မှုရှိစေပါတယ်။ ယခုခေတ်တွင် bakery, restaurant အစရှိသော စားသောက် ဖွယ်ရာများရောင်းချသောဆိုင်များဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြားပြားလာပြီး၊ hotels များ၊ Restaurant များ၊ Bakery များရဲ့စာဖိုမှူးလိုအပ်မှုနှုန်းမှာလည်း ပိုမိုမြင့်တက်လျက်ရှိပါတယ်။ အချက်အပြုတ်ပညာရပ် တတ်ထားသူတစ်ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်း ပေါများမှုမှာ ပညာရပ်ရဲ့ ကောင်းကျိုးဖြစ် ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ စာမေးပွဲများဖြေဆိုကာ နိုင်ငံတကာတွင် စားဖိုမှူးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းအလုပ်လုပ်ကိုင်နိုင်ပါတယ်။ ယခုအခါ စားဖိုမှူးအလုပ်ဟာ နိုင်ငံတစ်ကာတွင် ဝင်ငွေ ကောင်းသောအလုပ်အကိုင်တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါတယ်။

အတွေ့အကြုံများ

ဆောင်းပါးများ

ဆက်စပ်သော ဘာသာရပ်များ

ဆက်စပ်သော အလုပ်များ